မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရှေးမှတ်တမ်းတွေက အစ္စရေးအနွယ်တစ်နွယ်ရဲ့ နေရပ်ကို အတည်ပြု

ရှေးမှတ်တမ်းတွေက အစ္စရေးအနွယ်တစ်နွယ်ရဲ့ နေရပ်ကို အတည်ပြု

 အစ္စရေးတွေ ကတိထားရာပြည်ကို သိမ်းပိုက်ပြီး မျိုးနွယ်အလိုက် နယ်မြေခွဲဝေချိန်မှာ မနာရှေကနေ ဆင်းသက်တဲ့ မျိုးနွယ်စုဆယ်စုက အမွေရနယ်မြေနဲ့ သီးခြားဖြစ်တဲ့ ဂျော်ဒန်မြစ် အနောက်ဘက်ခြမ်းမှာလည်း နယ်မြေအမွေရကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ (ယောရှု ၁၇:၁-၆) ရှေးဟောင်းသုတေသန အထောက်အထားက ဒါကို ထောက်ခံပါသလား။

 ၁၉၁၀ ပြည့်နှစ်မှာ စာတွေ ရေးထွင်းထားတဲ့ အိုးခြမ်းကွဲ အပိုင်းအစများစွာကို ရှမာရိနယ်ကနေ တူးဖော်ရရှိခဲ့တယ်။ အဲဒီအိုးခြမ်းကွဲတွေပေါ်က စာတွေကို ဟီဘရူးဘာသာနဲ့ ရေးသားထားတယ်။ မြို့တော်မှာ တည်ရှိတဲ့ နန်းတော်သို့ ပို့ရန် ဝိုင်နဲ့ အမွှေးနံ့သာဆီတွေ အပါအဝင် ဇိမ်ခံပစ္စည်းများလို့ ရေးထိုးထားတယ်။ အိုးခြမ်းကွဲ စုစုပေါင်း ၁၀၂ ခု တွေ့ရှိခဲ့ပြီး ဘီစီ ရှစ်ရာစုလို့ ရက်စွဲတပ်ထားတယ်။ အိုးခြမ်းကွဲ ၆၃ ခုကိုပဲ ရှင်းရှင်းလင်းလင်း ဖတ်နိုင်တယ်။ အိုးခြမ်းကွဲ ၆၃ ခုမှာ ရေးထားတဲ့ အချက်အလက်တွေကို စုပေါင်းလိုက်တဲ့အခါ ကုန်စည် ပေးပို့သူ၊ လက်ခံသူ ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း ဖော်ပြချက်အပါအဝင် မျိုးနွယ်စု အမည်တွေ၊ ရက်စွဲတွေကို တွေ့ရတယ်။

 ရှမာရိအိုးခြမ်းကွဲတွေမှာ ဖော်ပြထားတဲ့ မျိုးနွယ်စုအားလုံးက မနာရှေအမျိုး ဖြစ်ကြောင်း ထင်ရှားတယ်။ NIV Archaeological Study Bible စာအုပ်အဆိုအရ အဲဒီအချက်အလက်ဟာ “မနာရှေမျိုးနွယ်စုတွေရဲ့ နေရပ်အကြောင်း ကျမ်းစာဖော်ပြချက်အပြင် ထပ်ဆင့်အထောက်အထား ဖြစ်တယ်။”

မနာရှေကနေ ဆင်းသက်တဲ့ နောဧဆိုတဲ့ အမျိုးသမီးအကြောင်း ရေးထားတဲ့ အိုးခြမ်းပဲ့ကို တွေ့ရစဉ်

 အဲဒီခေတ်က လူချမ်းသာတွေအကြောင်း ကျမ်းရေးသူ အာမုတ် ရေးခဲ့တဲ့ အချက်တွေ တိကျမှန်ကန်ကြောင်းကိုလည်း ရှမာရိ အိုးခြမ်းကွဲတွေက ထောက်ခံတယ်။ သူဒီလို ရေးခဲ့တယ်– “စပျစ်ဝိုင်ကို ဖလားလိုက် မော့သောက်ကြတယ်။ အကောင်းဆုံးဆီကို လိမ်းကျံကြတယ်။” (အာမုတ် ၆:၁၊) အဲဒီပစ္စည်းတွေကို မနာရှေမျိုးနွယ်စု ဆယ်စုနေတဲ့ ဒေသကို တင်ပို့ကြောင်း ရှမာရိအိုးခြမ်းကွဲတွေက အတည်ပြုတယ်။