မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၁၄၆

ငါ့ကို မင်းတို့ ​ကူညီပေးနေတာ

ငါ့ကို မင်းတို့ ​ကူညီပေးနေတာ

ကူးယူပါ–

(မဿဲ ၂၅:၃၄-၄၀)

  1. ၁။ ခရစ်တော်သတို့သမီး၊ ဘိသိက်ခံညီတို့နဲ့

    ခရစ်တော်ရဲ့ အခြားသိုး တွဲအမှုဆောင်နေ။

    သူတို့ကို ​ကူညီဖို့

    အခြားသိုး လုပ်သမျှ၊

    ပြန်ကျေးဇူးဆပ်ပေးရမယ် ယေရှု မှတ်ယူ။

    (ထပ်ကျော့ပိုဒ်)

    “​သူတို့အား နှစ်သိမ့်ပေး၊ ဝေမျှပေးတာက၊

    မင်းတို့ ငါ့အား နှစ်သိမ့် ဝေမျှပေးတာပါ။

    ​သူတို့အတွက် လုပ်ပေးတာ ငါ့အတွက် လုပ်တာဖြစ်။

    ​သူတို့ကို​ကူညီ၊ ဝေမျှပေးတာက၊

    မင်းတို့ ငါ့အား ​ကူညီ ဝေမျှပေးတာပါ။”

  2. ၂။ “ဗိုက်ဆာငတ်မွတ်ချိန်မှာ၊ မင်းတို့ ငါ့ကို မစ။

    ငါလိုအပ်တိုင်း အရင်ဆုံး မင်းတို့ရောက်လာမြဲ။”

    “ဘယ်တုန်းက လုပ်ပေးဖူးလဲ”

    ​သူတို့ မေးကြတော့။

    အကြောင်းရင်းကို မင်းကြီး ခုလို ပြန်ပြောမှာ–

    (ထပ်ကျော့ပိုဒ်)

    “​သူတို့အား နှစ်သိမ့်ပေး၊ ဝေမျှပေးတာက၊

    မင်းတို့ ငါ့အား နှစ်သိမ့် ဝေမျှပေးတာပါ။

    ​သူတို့အတွက် လုပ်ပေးတာ ငါ့အတွက် လုပ်တာဖြစ်။

    ​သူတို့ကို​ကူညီ၊ ဝေမျှပေးတာက၊

    မင်းတို့ ငါ့အား ​ကူညီ ဝေမျှပေးတာပါ။”

  3. ၃။ “ငါ့ညီတို့နဲ့ လက်တွဲ၊ ဟောပြော ကောင်းမှုပြုရင်း၊

    ငါ့ပေါ် သစ္စာစောင့်ကြောင်း၊ မင်းတို့ပြနေကြ။”

    ဒါကြောင့် လက်ယာဘက်က

    သိုးတို့ကို မင်းကြီးပြော–

    “မြေကြီးနဲ့ အသက်ကို လာအမွေခံကြ။”

    (ထပ်ကျော့ပိုဒ်)

    “​သူတို့အား နှစ်သိမ့်ပေး၊ ဝေမျှပေးတာက၊

    မင်းတို့ ငါ့အား နှစ်သိမ့် ဝေမျှပေးတာပါ။

    ​သူတို့အတွက် လုပ်ပေးတာ ငါ့အတွက် လုပ်တာဖြစ်။

    ​သူတို့ကို​ကူညီ၊ ဝေမျှပေးတာက၊

    မင်းတို့ ငါ့အား ​ကူညီ ဝေမျှပေးတာပါ။”

(သု. ၁၉:၁၇; မ. ၁၀:၄၀-၄၂; ၂ တိ. ၁:၁၆၊ ၁၇ တို့ကိုလည်းကြည့်ပါ။)