မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခေတ်ဆိုးခေတ်ကျပ်ကြီးထဲမှာ ဘယ်လို ရှေ့ဆက်ရပ်တည်နိုင်မလဲ

ခေတ်ဆိုးခေတ်ကျပ်ကြီးထဲမှာ ဘယ်လို ရှေ့ဆက်ရပ်တည်နိုင်မလဲ

ဒုက္ခပြဿနာတွေ ပိုများလာတဲ့အတွက် အရင်ကထက် ဘေးကျပ်နံကျပ် ဖြစ်လာတယ်​လို့ ခံစားနေရသလား။ သင့်ဒေသမှာ အောက်ပါ ဒုက္ခတစ်မျိုးမျိုး ကြုံနေရပါသလား။

  • စစ်ပွဲ

  • ကပ်ရောဂါ

  • သဘာဝဘေးအန္တရာယ်

  • ဆင်းရဲ​မွဲတေမှု

  • ခွဲခြား​ဆက်ဆံမှု

  • အကြမ်းဖက် ရာဇဝတ်မှု

ဘေးဆိုး​ကြုံရ​သူတွေဟာ အထိတ်တလန့်ဖြစ်ပြီး မျှော်လင့်ချက် မဲ့သွား​ကြတယ်။ အဖြစ်ဆိုး ကြုံခဲ့ရသူတချို့ ခံစားချက် ကင်းမဲ့သွားကြတယ်။ ရေရှည် ထိတ်လန့်မှု၊ ခံစားချက် ကင်းမဲ့မှု​က အခြေအနေကို ပိုဆိုးရွားစေတယ်။

ခေတ်ဆိုးခေတ်ကျပ်ကြီးထဲမှာ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်း၊ ချစ်မြတ်နိုးရသူတွေ၊ ပျော်ရွှင်မှုစတာတွေကို ကာကွယ်စောင့်ရှောက်ဖို့ ပြတ်ပြတ်သားသား လုပ်ဆောင်ရမယ်။

စိတ်ထိခိုက်စရာတွေ နည်းနိုင်သမျှ နည်းအောင် ဘာတွေ လုပ်နိုင်သလဲ။