မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဒါဟာ သူ့အလိုလို ဖြစ်လာနိုင်ပါ့မလား

ပင်လယ်​ခရုခွံ​တွေရဲ့​ပုံစံ

ပင်လယ်​ခရုခွံ​တွေရဲ့​ပုံစံ

ခရုခွံ​တွေဟာ အထဲ​က​ခရု​ကိုယ်ထည်​ကို ပင်လယ်​ကြမ်းပြင်​ရဲ့ ပြင်းထန်တဲ့​ဖိအား​ဒဏ် ခံနိုင်​စေပြီး ခက်ခဲကြမ်းတမ်း​တဲ့ အခြေအနေ​မှာ ဆက်​အသက်ရှင်​စေတယ်။ ဒီလို​ကာကွယ်နိုင်စွမ်း​က ခရုခွံ​ရဲ့ ပုံစံ​နဲ့ တည်ဆောက်ပုံ​ကို လေ့လာဖို့ အင်ဂျင်နီယာ​တွေကို လှုံ့ဆော်​ပေးတယ်။ မောင်းနှင်​သူတွေ၊ အိမ်သားတွေကို ကာကွယ်​ပေးမယ့် ယာဉ်​တွေ၊ အဆောက်အအုံ​တွေကို ဒီဇိုင်းဆွဲ​ဖို့​ဆိုတဲ့ ရည်ရွယ်ချက်​နဲ့​ပဲ။

စဉ်းစားကြည့်ပါ– က​မာ​ခွံ​နဲ့ ဝ​က်​အူ​ရစ်​ပုံ​ခရုခွံ ပုံစံ​နှစ်မျိုး​ကို အင်ဂျင်နီယာ​တွေ လေ့လာ​ကြည့်​တ​ယ်။

က​မာ​ခွံ​ပေါ်​က အ​မြောင်း​တွေဟာ အဖျားပိုင်း​က​နေ ပတ္တာ​ပုံ​အရင်း​ပိုင်း​ဆီ ဖိအား​သက်ရောက်​တ​ယ်။ ဒါပေမဲ့ ဝက်​အူ​ရစ်​ပုံ ခရုခွံ​ပေါ်​က အရ​စ်​တွေကျတော့ အူ​တိုင်​နဲ့ အဝကျယ်​တဲ့​အပိုင်း​ဘက် ဖိအား​သက်ရောက်​တ​ယ်။ ခရုခွံ​ပုံစံ​နှစ်ခုစလုံး​က သက်ရောက်​လာတဲ့ ဖိအား​တွေကို အခွံရဲ့ အမာ​ဆုံး​အပိုင်း​ဆီ ဦးတည်​စေတယ်။ ဒီနည်းနဲ့ အထဲ​က​ခရု​ကိုယ်ထည် မထိခိုက်​အောင် တတ်နိုင်သရွေ့ ကာကွယ်​ပေးတယ်။

သုတေသီ​တွေ​က ခရုခွံ​ပုံစံ​နဲ့ ဖွဲ့စည်းပုံ​အတိုင်း သ​ရီး​ဒီ​စက်​ပေါ် ပုံဖော်​ထားတဲ့ စက်​ဝိုင်း​ခြမ်း​ပုံ၊ က​တော့​ချွ​န်​ပုံ ခရုခွံ​အတုကို ခရုခွံ​အစစ်​နဲ့ နှိုင်းယှဉ်​လေ့လာ​ကြည့်​တ​ယ်။ ခရုခွံ​ရဲ့ ဖိအား​ဒဏ်​ခံနိုင်စွမ်း​ကို သိချင်​လို့ပဲ။ ခရုခွံ​အစစ်​ရဲ့ ရှုပ်ထွေး​လှတဲ့​မျက်နှာပြင်​ဟာ ခရုခွံ​အတု​ထက် ဖိအား​ဒဏ်​ခံနိုင်စွမ်း နှစ်ဆ​နီးပါး​ရှိမှန်း သိရတယ်။

ဒီ​လေ့လာချက်​နဲ့ပတ်သက်ပြီး သိပ္ပံ​မဂ္ဂဇင်း​တစ်စောင်​က “တစ်နေ့​နေ့​မှာ ခရုခွံ​ပုံစံ ကား​ကို မောင်း​ခွင့်​ရလို့​က​တော့ စတိုင်​လည်း​ကျ​မယ်၊ ကား​ထဲ​လိုက်ပါ​သူတွေ အကာအကွယ်​လည်း​ရမယ်” လို့​ဖော်ပြတယ်။

သင် ဘယ်လို​ထင်​ပါသလဲ။ ပင်လယ်​ခရုခွံ​တွေရဲ့​ပုံစံ​ဟာ အလိုလို​ဖြစ်လာ​တာလား။ ဒါမှမဟုတ် တစ်စုံ​တစ်ဦးက ပုံစံပြု​ဖန်ဆင်း​ထားတာ​လား။