ဆာလံ ၈၉:၁-၅၂

  • ယေဟောဝါ​ရဲ့ ခိုင်​မြဲတဲ့​မေတ္တာ​အကြောင်း သီချင်း​ဆို

    • ဒါဝိဒ်​နဲ့​ဖွဲ​တဲ့ ပဋိ​ညာဉ် ()

    • ဒါဝိဒ်​မျိုး​နွယ် ထာ​ဝ​စဉ်​တည်​တံ့ ()

    • ဘိ​သိက်​ပေး​ခံ​ရ​သူ​က​ဘုရား​ကို​ “ဖခင်” ​လို့ခေါ် (၂၆)

    • ဒါဝိဒ်​နဲ့​ဖွဲ​တဲ့ ပဋိ​ညာဉ် တည်​မြဲ (၃၄-၃၇)

    • သင်္ချိုင်း​လက်​က မလွတ်​မြောက်​နိုင်​ကြ (၄၈)

ဧ​ဇ​ရ​ဟိတ်​အမျိုး​သား ဧ​သန်​စပ်​ဆို​တဲ့ မက်​စ​ကီး။*+ ၈၉  ယေဟောဝါ​ပြတဲ့ ခိုင်​မြဲတဲ့​မေတ္တာ​အကြောင်း ထာ​ဝ​စဉ်​သီချင်း​ဆို​မယ်။ ကိုယ်​တော်ရဲ့ သစ္စာ​တ​ရား​အကြောင်း လူမျိုး​အဆက်​ဆက် ကြား​သိ​စေ​မယ်။ ၂  “ခိုင်​မြဲတဲ့​မေတ္တာ​ဟာ ထာ​ဝ​စဉ် တည်​မြဲတယ်။+ ကိုယ်​တော်​က သစ္စာ​တ​ရား​ကို ကောင်း​ကင်​မှာ ခိုင်​ခံ့​မြဲမြံ​စေ​ပြီ” လို့ ကျွန်​တော်​ပြော​တယ်။ ၃  ကိုယ်​တော်​က “ရွေး​ချယ်ထား​တဲ့သူနဲ့ ငါ​ပဋိ​ညာဉ်​ဖွဲ့​ထား​တယ်။+ ငါ့​ကျွန်​ဒါဝိဒ်​ကို ၄  ‘မင်း​ရဲ့​မျိုး​နွယ်​ကို+ ထာ​ဝ​စဉ်​တည်​တံ့​စေ​မယ်။ မင်း​ရဲ့ရာ​ဇ​ပလ္လင်​ကို လူမျိုး​အဆက်​ဆက် တည်​စေ​မယ်’+ ဆို​ပြီး ငါ​ကျိန်​ဆို​ကတိ​ပေး​တယ်”+ လို့​ပြော​တယ်။ (စဲ​လာ) ၅  အို ယေဟောဝါ၊ ကောင်း​ကင်​က ကိုယ်​တော်ရဲ့ အံ့​ဖွယ်​လုပ်​ဆောင်​မှု​တွေ​ကို ချီး​မွမ်း​နေ​တယ်။ သန့်​ရှင်း​သူ​အစု​အဝေး​က ကိုယ်​တော်ရဲ့ သစ္စာ​တ​ရား​ကို ချီး​မွမ်း​နေ​တယ်။ ၆  ကောင်း​ကင်​မှာ ယေဟောဝါ​နဲ့ ယှဉ်​နိုင်​တဲ့​သူ ဘယ်​သူ​ရှိ​သလဲ။+ ဘု​ရား​သခင်​ရဲ့ သား​တွေ​ထဲ​မှာ+ ယေဟောဝါ​နဲ့​တူ​တဲ့​သူ ဘယ်​သူ​ရှိ​သလဲ။ ၇  ဘု​ရား​သခင်​က သန့်​ရှင်း​သူ​တွေရဲ့ အစည်း​အဝေး​မှာ ကြည်​ညို​ဖွယ်​ကောင်း​လှ​တယ်။+ ခစား​နေ​သူ​တွေ​အလယ်​မှာ ခမ်း​နား​ထည်​ဝါ​ပြီး ရို​သေခန့်​ညား​ဖွယ် ကောင်း​လှ​တယ်။+ ၈  ဗိုလ်​ခြေ​တို့​ရဲ့​ဘု​ရား ယေဟောဝါ၊ယေဟောဝါ​ဘု​ရား၊ ကိုယ်တော့်​လို ဘယ်​သူ ခွန်​အား​ကြီး​မား​သလဲ။+ ကိုယ်​တော့်​ကို သစ္စာ​တ​ရား​က ခြံ​ရံ​ထား​တယ်။+ ၉  ကိုယ်​တော်​က လှိုင်း​ထန်​တဲ့​ပင်လယ်​ကို ထိန်း​ချုပ်​တယ်။+ လှိုင်း​ထန်​တဲ့​အခါ ငြိမ်သက်​စေ​တယ်။+ ၁၀  ရာ​ခပ်​ကို*+ လူ​သေလို နင်း​ခြေ​ပစ်​တယ်။+ ရန်​သူ​တွေ​ကို သန်​မာ​တဲ့​လက်​ရုံး​နဲ့ က​စဉ့်​က​လျား ဖြစ်​စေ​တယ်။+ ၁၁  ကောင်း​ကင်​ဟာ ကိုယ်​တော့်​ဥစ္စာ၊ ကမ္ဘာ​မြေက​လည်း ကိုယ်​တော့်​ဥစ္စာ​ပဲ။+ သီး​နှံ​ဖြစ်​ထွန်း​တဲ့ ကမ္ဘာ​မြေနဲ့ အဲဒီ​မြေပေါ်​ရှိ​သမျှ​ကို+ ကိုယ်​တော် တည်​စေ​တယ်။ ၁၂  မြောက်​အရပ်​နဲ့ တောင်​အရပ်​ကို ဖန်​ဆင်း​တယ်။ တာ​ဗော်​တောင်​နဲ့+ ဟေ​ရ​မုန်​တောင်​က+ နာ​မတော်​ကို ရွှင်​လန်း​စွာ​ချီး​မွမ်း​နေ​တယ်။ ၁၃  လက်​ရုံး​တော်​ဟာ ခွန်​အား​ကြီး​လှ​တယ်။+ လက်​တော်​ဟာ သန်​မာ​လှ​တယ်။+ ညာ​လက်​တော်​ကို မြှောက်​ထား​တယ်။+ ၁၄  ဖြောင့်​မတ်​ခြင်း​နဲ့ တ​ရား​မျှ​တ​ခြင်း​ဟာ ပလ္လင်​တော်ရဲ့ အုတ်​မြစ်​ပဲ။+ ခိုင်​မြဲတဲ့​မေတ္တာ​နဲ့ သစ္စာ​တ​ရား​က​လည်း ရှေ့​တော်​မှာ ရပ်​နေ​တယ်။+ ၁၅  ကိုယ်​တော့်​ကို ရွှင်​လန်း​စွာ ချီး​မွမ်း​သူ​တွေ ပျော်​ရွှင်​ချမ်း​မြေ့တယ်။+ အို ယေဟောဝါ၊ မျက်​နှာ​တော်​ အလင်း​အောက်​မှာ သူတို့​လျှောက်​လှမ်း​ကြ​တယ်။ ၁၆  သူတို့​က နာ​မတော်​ကြောင့် တစ်​နေ့​လုံး ဝမ်း​မြောက်​နေ​ကြ​တယ်။ ကိုယ်​တော်ရဲ့ ဖြောင့်​မတ်​ခြင်း​ကြောင့် ချီး​မြှောက်​ခံ​ရ​တယ်။ ၁၇  ကိုယ်​တော်​ဟာ သူတို့​အစွမ်း​ခွန်​အား​ရဲ့ ဂုဏ်​ကျက်​သရေ​ပါ။+ မျက်​နှာ​သာ​တော်​ကြောင့် ကျွန်​တော်​တို့​ရဲ့ အစွမ်း​ခွန်​အား* တိုး​ပွား​နေ​တာ​ပါ။+ ၁၈  ကျွန်​တော်​တို့​ရဲ့ ဒိုင်း​လွှား​ဟာ ယေဟောဝါ ပေး​သနား​ထား​တာ​ပါ။ ကျွန်​တော်​တို့​ရဲ့​ဘု​ရင်​ဟာ အစ္စရေး​တို့​ရဲ့ သန့်​ရှင်း​တဲ့​အရှင် ပေး​သနား​ထား​တာ​ပါ။+ ၁၉  အဲဒီ​တုန်း​က သစ္စာ​စောင့်​သိ​သူ​တွေ​ကို စိတ်​အာ​ရုံ​က​တစ်ဆင့် ကိုယ်​တော်​ပြော​ခဲ့​တယ်– “ခွန်​အား​ကြီး​သူ​ကို အစွမ်း​ခွန်​အား ငါ​ပေး​သနား​ပြီ။+ လူ​တွေ​ထဲ​က ရွေး​ချယ်​ထား​သူ​ကို ချီး​မြှောက်​ပြီ။+ ၂၀  ငါ့​ကျွန်​ဒါဝိဒ်​ကို ငါ​တွေ့​ပြီ။+ သူ့​ကို သန့်​ရှင်း​တဲ့​ဆီ​နဲ့ ဘိ​သိက်​ပေးပြီ။+ ၂၁  သူ့​ကို ငါ့​လက်​နဲ့ ထောက်မ​မယ်။+ ငါ့​လက်​ရုံး​နဲ့ အစွမ်း​ခွန်​အား​ရှိ​စေ​မယ်။ ၂၂  ရန်​သူ​က သူ့​ကို ဆက်​ကြေး​ကောက်​မှာ မဟုတ်​ဘူး။ မဖြောင့်​မတ်​သူ​က သူ့​ကို​ဖိ​နှိပ်​မှာ မဟုတ်​ဘူး။+ ၂၃  ရန်​သူ​တွေ​ကို သူ့​ရှေ့​မှာ ညက်​ညက်​ခြေ​ပစ်​မယ်။+ သူ့​ကို​မုန်း​တဲ့​သူ​တွေ​ကို ဒဏ်​ခတ်​မယ်။+ ၂၄  ငါ့​ရဲ့​သစ္စာ​တ​ရား​နဲ့ ခိုင်​မြဲတဲ့​မေတ္တာ​ဟာ သူ​နဲ့​အတူ​ရှိ​တယ်။+ ငါ့​နာ​မည်​ကြောင့် သူ့​အစွမ်း​ခွန်​အား တိုး​ပွား​လိမ့်​မယ်။ ၂၅  ပင်လယ်​ကို သူ့​လက်​အောက် ကျ​ရောက်​စေ​မယ်။ မြစ်​ချောင်း​တွေ​ကို သူ့​ညာ​လက်​ရုံး​အောက် ရောက်​စေ​မယ်။+ ၂၆  သူ​က ‘ကိုယ်​တော်​ဟာ ကျွန်​တော့်​ဖခင်၊ကျွန်​တော့်​ဘု​ရား​သခင်၊ ကျွန်​တော့်​ကို ကယ်​တင်​တဲ့ ကျောက်​ဆောင်​ပါ’+ ဆို​ပြီး ပြော​လိမ့်​မယ်။ ၂၇  သူ့​ကို သား​ဦး​နေ​ရာ ငါ​ပေး​မယ်။+ ကမ္ဘာ​ပေါ်​ရှိ​သမျှ ဘု​ရင်တွေ​ထဲ​မှာ အမြင့်မြတ်​ဆုံး​ဘု​ရင် ဖြစ်​စေ​မယ်။+ ၂၈  သူ့​ကို ခိုင်​မြဲတဲ့​မေတ္တာ ထာ​ဝ​စဉ်​ပြမယ်။+ သူ​နဲ့​ဖွဲ့​ထား​တဲ့ ပဋိ​ညာဉ်​လည်း ဘယ်​တော့​မှ မပျက်​စေ​ရ​ဘူး။+ ၂၉  သူ့​ရဲ့​မျိုး​နွယ်​ကို ထာ​ဝ​စဉ်​တည်​တံ့​စေ​မယ်။ ရာ​ဇ​ပလ္လင်​ကို​လည်း ကောင်း​ကင်​လို တည်​မြဲစေ​မယ်။+ ၃၀  သူ့​သား​မြေး​တွေ ငါ့​ပညတ်​တ​ရား​ကို စွန့်​ပစ်​ပြီးငါ့​မိန့်မှာ​ချက်​တွေ​အတိုင်း မလိုက်​လျှောက်​ရင်၊ ၃၁  ငါ့​ဥ​ပဒေ​တွေ​ကို ချိုး​ဖောက်​ပြီးငါ့​ပညတ်​ချက်​တွေ​ကို မစောင့်​ထိန်း​ရင်၊ ၃၂  သူတို့​ရဲ့ မနာ​ခံ​မှု​အတွက် ကြိမ်​လုံး​နဲ့ ဆုံးမ​မယ်။+ အမှား​တွေ​အတွက် ရိုက်​နှက်​ဆုံးမ​မယ်။ ၃၃  ဒါ​ပေမဲ့ သူ့​အပေါ် ငါ့​ရဲ့​ခိုင်​မြဲတဲ့​မေတ္တာ​ကို ဘယ်​တော့​မှ မရုပ်​သိမ်း​ဘူး။+ ငါ့​ကတိ​ကို​လည်း ဘယ်​တော့​မှ မဖျက်​ဘူး။ ၃၄  ပဋိ​ညာဉ်​ကို ငါ​မချိုး​ဖောက်​ဘူး။+ နှုတ်​ထွက်​စကား​ကို ငါ​မပြောင်း​လဲ​ဘူး။+ ၃၅  ငါ့​ရဲ့ သန့်​ရှင်း​မြင့်မြတ်​မှု​ကို တိုင်​တည်​ပြီး အပြီး​သတ် ကျိန်​ဆို​ခဲ့​တယ်။ ဒါဝိဒ်​ကို ငါ​လိမ်​မပြော​ဘူး။+ ၃၆  သူ့​မျိုး​နွယ်​ဟာ ထာ​ဝ​စဉ်​တည်​တံ့​လိမ့်​မယ်။+ သူ့​ရာ​ဇ​ပလ္လင်​လည်း ငါ့​ရှေ့​မှာ​ရှိ​တဲ့ နေ​မင်း​ကြီး​လို တည်​မြဲလိမ့်​မယ်။+ ၃၇  လ​မင်း​လို၊ ကောင်း​ကင်​ပေါ်​က သစ္စာ​ရှိ​တဲ့​သက်​သေလိုထာ​ဝ​စဉ် ခိုင်​ခံ့​မြဲမြံ​နေ​လိမ့်​မယ်။” (စဲ​လာ) ၃၈  ဒါ​ပေမဲ့ ကိုယ်​တော်​က သူ့​ကို​စွန့်​ပစ်​ပြီး ငြင်း​ပယ်​လိုက်​တယ်။+ ဘိ​သိက်​ပေး​ထား​သူ​ကို အမျက်​ထွက်​နေ​တယ်။ ၃၉  ကိုယ်​တော့်​ကျွန်​နဲ့ ဖွဲ့​ခဲ့​တဲ့ ပဋိ​ညာဉ်​ကို ပစ်​ပယ်​တယ်။ သူ့​သရ​ဖူ​ကို မြေပေါ်​ပစ်​ချ​ပြီး ညစ်​ညူး​စေ​တယ်။ ၄၀  သူ့​ကျောက်​တံတိုင်း​တွေ​ကို ဖြို​ချ​တယ်။ သူ့​ခံ​တပ်​တွေ​ကို ဖျက်​ဆီး​တယ်။ ၄၁  လမ်း​သွား​လမ်း​လာတွေ သူ့​ကို လုယက်​ကြ​တယ်။ သူ​ဟာ အိမ်​နီး​ချင်း​တွေ ကဲ့​ရဲ့​ရှုတ်ချ​စ​ရာ ဖြစ်​နေ​တယ်။+ ၄၂  ကိုယ်​တော်​က သူ့​ရန်​သူ​တွေ​ကို အောင်​ပွဲ​ခံ​စေ​တယ်။+ သူ့​ရန်​သူ​အားလုံး​ကို ဝမ်း​မြောက်​စေ​တယ်။ ၄၃  သူ့​ဓား​ကို​လည်း တုံး​စေ​တယ်။ စစ်​မြေပြင်​မှာ ရှုံး​နိမ့်​စေ​တယ်။ ၄၄  သူ့​ဘုန်း​တန်ခိုး​ကို အဆုံး​တိုင်​စေ​တယ်။ သူ့​ရာ​ဇ​ပလ္လင်​ကို မြေပေါ်​ပစ်​ချ​တယ်။ ၄၅  သူ့​လူငယ်​ဘဝ​ကို တို​တောင်း​စေ​တယ်။ သူ့​ကို အရှက်​တ​ရား​နဲ့ ခြုံ​လွှမ်း​တယ်။ (စဲ​လာ) ၄၆  အို ယေဟောဝါ၊ ဘယ်​အချိန်​အထိ ပုန်း​နေ​မှာ​လဲ။ ထာ​ဝ​စဉ်​ပဲ​လား။+ ဒေါသ​မီး အမြဲတောက်​လောင်​နေ​မှာ​လား။ ၄၇  ကျွန်​တော့်​သက်​တမ်း ဘယ်​လောက် တို​တောင်း​တယ်​ဆို​တာ သတိ​ရ​ပေး​ပါ။+ လူ​သား​အားလုံး​ကို ရည်​ရွယ်​ချက်​မရှိ​ဘဲ ကိုယ်​တော် ဖန်​ဆင်း​ခဲ့​တာ​လား။ ၄၈  ဘယ်​တော့​မှ မသေဘဲ အသက်​ရှင်​နိုင်​တဲ့​သူ ဘယ်​သူ​ရှိ​လို့​လဲ။+ လူ​ဟာ သင်္ချိုင်း​ရဲ့ လက်​က​နေ ကိုယ့်​ကိုယ်​ကိုယ် ကယ်​တင်​နိုင်​လို့​လား။ (စဲ​လာ) ၄၉  အို ယေဟောဝါ၊ ခိုင်​မြဲတဲ့​မေတ္တာ​နဲ့​ပြခဲ့​တဲ့ အတိတ်​က​လုပ်​ရပ်တွေ ဘယ်​ရောက်​ကုန်​ပြီလဲ။ သစ္စာ​တ​ရား​ကို တိုင်​တည်​ပြီး ဒါဝိဒ်​ကို ကိုယ်​တော်​ကျိန်​ဆို​ခဲ့​တာ​ပဲ။+ ၅၀  ယေဟောဝါ​ဘု​ရား၊ ကိုယ်​တော့်​ကျွန်​တွေ ကဲ့​ရဲ့​ခံ​နေ​ရ​တာ၊ကျွန်​တော် ကဲ့​ရဲ့​ခံ​နေ​ရ​တာ​ကို သတိ​ရ​ပေး​လှည့်​ပါ။ ၅၁  အို ယေဟောဝါ၊ ရန်​သူ​တွေ စော်​ကား​နေ​တာ၊ကိုယ်​တော် ဘိ​သိက်​ပေး​ထား​သူ​ရဲ့ လုပ်​ရပ်​တိုင်း​ကို စော်​ကား​နေ​တာ သတိ​ရ​ပေး​လှည့်​ပါ။ ၅၂  ယေဟောဝါ​ကို ထာ​ဝ​စဉ် ချီး​မွမ်း​ကြ​ပါ​စေ။ အာ​မင်။ အာ​မင်။*+

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။
မူ​ရင်း၊ “ဦး​ချို။”
ဒါ​မှ​မဟုတ်၊ “ပြော​တဲ့​အတိုင်း ဖြစ်​ပါ​စေ။”