တမန်တော် ၁၇:၁-၃၄

  • သက်သာ​လောနိတ်​မြို့​မှာ ပေါလု​နဲ့ သိ​လ (၁-၉)

  • ဗေ​ရိ​မြို့​မှာ ပေါလု​နဲ့ သိ​လ (၁၀-၁၅)

  • အေသင်​မြို့​မှာ ပေါလု (၁၆-၂၂က)

  • အာ​ရေ​တောင်​မှာ ပေါလု​ရဲ့ ဟော​ပြော​ချက် (၂၂ခ-၃၄)

၁၇  အဲဒီ​နောက် သူတို့​က အံ​ဖိ​ပေါ​လိ​မြို့၊ အာ​ပေါ​လော​နိ​မြို့​ကို ဖြတ်​ကျော်​ပြီး သက်သာ​လောနိတ်​မြို့​ကို+ ရောက်​လာ​တယ်။ အဲဒီ​မြို့​မှာ ဂျူး​တ​ရား​ဇ​ရပ် ရှိ​တယ်။ ၂  ပေါလု​က ခါတိုင်း​လို​ပဲ+ တ​ရား​ဇ​ရပ်​ထဲ​ဝင်​ပြီး ဥ​ပုသ်​နေ့​သုံး​နေ့​တိုင်​တိုင် ကျမ်း​စာ​သုံး​ပြီး သူတို့​နဲ့ ကျိုး​ကြောင်း​ဆင်​ခြင်​တယ်။+ ၃  ခ​ရစ်​တော်​ဟာ  ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​မယ်၊+ သေရာ​က​နေ   အသက်​ပြန်​ရှင်​ရ​မယ်​ဆို​တဲ့+ အကိုး​အကား​တွေ​ကို သူ​ထောက်​ပြပြီး “ကျွန်​တော်​ပြော​နေ​တဲ့ ယေရှု​ဟာ​ ခရစ်​တော်​ပဲ”  လို့  ရှင်း​ပြတယ်။ ၄  ဒါ​ကြောင့် လူ​တ​ချို့ ယုံ​ကြည်​သူ​တွေ ဖြစ်​လာ​ပြီး ပေါလု၊ သိ​လ​တို့​နဲ့+ ပူး​ပေါင်း​လာ​ကြ​တယ်။ ဘု​ရား​သခင်​ကို ကိုးကွယ်​တဲ့ ဂရိ​လူ​အတော်​များ​များ​နဲ့ အထင်​က​ရ အမျိုး​သမီး​တ​ချို့​လည်း ယုံ​ကြည်​သူ​တွေ ဖြစ်​လာ​ကြ​တယ်။ ၅  မနာ​လို​ဖြစ်​နေ​တဲ့  ဂျူး​တ​ချို့​က​တော့+ ဈေး​ထဲ​မှာ ယောင်​လည်​လည်​လုပ်​နေ​တဲ့ လူ​ဆိုး​တ​ချို့​နဲ့ အုပ်​စု​ဖွဲ့​ပြီး တစ်​မြို့​လုံး ရုတ်​ရုတ်​သဲ​သဲ​ဖြစ်​အောင် လုပ်​ကြ​တယ်။ အဲဒီ​နောက် ပေါလု​နဲ့ သိ​လ​ကို လူ​တွေ​ရှေ့ ဆွဲ​ထုတ်​ဖို့ ယာ​သုန်​ရဲ့​အိမ်​ထဲ ဝင်​သွား​ကြ​တယ်။ ၆  သူတို့​နှစ်​ယောက်​ကို ရှာ​မတွေ့​တဲ့​အခါ ယာ​သုန်​နဲ့ ညီ​အစ်​ကို​တ​ချို့​ကို မြို့​အရာ​ရှိ​တွေ​ဆီ ဆွဲ​ခေါ်​သွား​ပြီး “အရပ်​တ​ကာ​မှာ ပြဿ​နာ​ဖြစ်​အောင်​လုပ်​တဲ့​လူ​တွေ ဒီ​အထိ​တောင် ရောက်​လာ​ကြ​ပြီ။+ ၇  ယာ​သုန်​က​လည်း သူတို့​ကို အိမ်​မှာ လက်ခံ​ထား​တယ်။ အဲဒီ​လူ​တွေ​က ယေရှု​ဆို​တဲ့ ဘု​ရင်​တစ်ပါး​ရှိ​သေး​တယ်​လို့ ပြော​ပြီး ဆီ​ဇာ​ရဲ့* အမိန့်​ကို အာ​ခံ​နေ​တယ်” လို့ အော်​ကြ​တယ်။+ ၈  ဒါ​ကို​ကြား​တဲ့​အခါ မြို့​အရာ​ရှိ​တွေ၊ လူ​တွေ ထိတ်​လန့်​ကုန်​တယ်။ ၉  ဒါ​နဲ့ ယာ​သုန်​နဲ့ တ​ခြား​လူ​တွေ​ဆီ​က အာ​မခံ​ငွေ ယူ​ပြီး သူတို့​ကို လွှတ်​လိုက်​တယ်။ ၁၀  မိုး​လည်း​ချုပ်​ရော ညီ​အစ်​ကို​တွေ​က ပေါလု​နဲ့​သိ​လ​ကို ဗေ​ရိ​မြို့​ဆီ ထွက်​သွား​ခိုင်း​တယ်။  အဲဒီ​မြို့​ကို သူတို့​ရောက်​တော့ ဂျူး​တ​ရား​ဇ​ရပ်​ထဲ ဝင်​ကြ​တယ်။ ၁၁  ဗေ​ရိ​မြို့​သား​တွေ​ဟာ သက်သာ​လောနိတ်​မြို့​သား​တွေ​ထက် သဘော​ထား​ကြီး​တဲ့​အတွက် တ​ရား​စကား​တော်​ကို  အား​တက်​သရော   ခံ​ယူ​တယ်။ ကြား​ခဲ့​တာ​တွေ မှန်​မမှန် သိ​နိုင်​ဖို့ ကျမ်း​စာ​ကို နေ့​တိုင်း အသေအချာ ဆန်း​စစ်​ကြ​တယ်။ ၁၂  ဒါ​ကြောင့် လူ​အတော်​များ​များ ယုံ​ကြည်​သူ​တွေ ဖြစ်​လာ​တယ်။ ဂုဏ်​အသရေ​ရှိ ဂရိ​အမျိုး​သမီး​တ​ချို့​နဲ့  အမျိုး​သား​တ​ချို့​လည်း  ယုံ​ကြည်​လာ​ကြ​တယ်။ ၁၃  တ​ရား​စကား​တော်​ကို ဗေ​ရိ​မြို့​မှာ ပေါလု​ဟော​ပြော​နေ​မှန်း သက်သာ​လောနိတ်​မြို့​က ဂျူး​တွေ​သိ​သွား​တဲ့​အခါ ဗေ​ရိ​မြို့​ကို လာ​ပြီး လူ​အုပ်​ဆူ​ပူ​အောင် သွေး​ထိုး​လှုံ့​ဆော်​ကြ​တယ်။+ ၁၄  အဲဒီ​အခါ ညီ​အစ်​ကို​တွေ​က ပေါလု​ကို ပင်လယ်​ဆိပ်​ကမ်း​ဆီ ချက်​ချင်း ထွက်​သွား​ခိုင်း​တယ်။+ သိလ​နဲ့ တိမောသေက​တော့  နေ​ရစ်ခဲ့​တယ်။ ၁၅  အေသင်​မြို့​အထိ ပေါလု​ကို လိုက်​ပို့​တဲ့​သူ​တွေ​လည်း ရှိ​တယ်။ သူတို့​ပြန်​တဲ့​အခါ ပေါလု​က သိ​လ​နဲ့ တိမောသေကို+ ဖြစ်​နိုင်​ရင် အမြန်​ဆုံး​လိုက်​ခဲ့​ဖို့ မှာ​ကြား​လိုက်​တယ်။ ၁၆  ပေါလု​က သိ​လ​နဲ့ တိမောသေကို စောင့်​နေ​တုန်း အေသင်​တစ်​မြို့​လုံး​မှာ ရုပ်​တု​တွေ​ပြည့်​နေ​တာ​ကို မြင်​တော့ စိတ်​အနှောင့်​အယှက် ဖြစ်​လာ​တယ်။ ၁၇  ဒါ​နဲ့ သူ​က တ​ရား​ဇ​ရပ်​မှာ​ရှိ​တဲ့ ဂျူး​တွေ၊ ဘု​ရား​သခင်​ကို ကိုးကွယ်​တဲ့​သူ​တွေ၊ စျေး​မှာ နေ့​တိုင်း​တွေ့​ရ​တဲ့​သူ​တွေ​နဲ့  ကျိုး​ကြောင်း​ဆင်​ခြင်​တယ်။ ၁၈  ဧ​ပိ​ကု​ရု​နဲ့* သတော​အိတ်* အတွေး​အခေါ်​သမား​တွေ​က ပေါလု​နဲ့ အငြင်း​ပွား​ကြ​တယ်။  “ဒီ​စကား​အိုး​က  ဘာ​ပြော​ချင်​နေ​တာ​လဲ” လို့ ပြော​တဲ့​သူ​ရှိ​သ​လို​ “လူမျိုး​ခြား​တွေရဲ့  နတ်​ဘု​ရားတွေ​အကြောင်း ပြော​နေ​တာ​ထင်​တယ်” လို့ ပြော​တဲ့​သူ​လည်း ရှိ​တယ်။ ပေါလု​က ယေရှု​အကြောင်း၊ ရှင်​ပြန်​ထ​မြောက်​ခြင်း​အကြောင်း+   သတင်း​ကောင်း​ကို ဟော​ပြော​တဲ့​အတွက် အဲဒီ​လို​ပြော​ကြ​တာ။ ၁၉  ဒါ​နဲ့ ပေါလု​ကို အာ​ရေ​တောင်​ဆီ ခေါ်​သွား​ပြီး “ခင်​ဗျား​ဟော​နေ​တဲ့ တ​ရား​အကြောင်း သိ​ချင်​လို့ ရှင်း​ပြပါ​ဦး။ ၂၀  အဲဒီ​အကြောင်း​တွေ​က ကျုပ်​တို့​အတွက် အသစ်​အဆန်း ဖြစ်​နေ​တယ်။ ဘာ​ကို​ဆိုလို​မှန်း​ သိ​ချင်​တယ်” လို့​ပြော​ကြ​တယ်။ ၂၁  အေသင်​မြို့​သူ​မြို့​သား​တွေ၊ တိုင်း​တစ်ပါး​ဧည့်​သည်​တွေ​ဟာ အား​လပ်​ပြီဆို​တာ​နဲ့ အကြောင်း​အရာ​အသစ်​တွေ​ကို ပြော​ဆို​တာ၊ နား​ထောင်​တာ​တွေ​ပဲ လုပ်​တတ်​ကြ​တယ်။ ၂၂  ပေါလု​က အာ​ရေ​တောင်​မှာ+ ရပ်​ပြီး “အေသင်​မြို့​သား​တို့၊ ခင်​ဗျား​တို့​ဟာ တ​ခြား​သူ​တွေ​ထက် အရာရာ​မှာ နတ်​ဘုရား​တွေ​ကို အင်​မတန် ကြည်​ညို​သူ​တွေ​ဖြစ်​မှန်း  ကျွန်​တော်  သတိ​ထား​မိ​တယ်။+ ၂၃  သွား​ရင်း​လာရင်း​နဲ့ ခင်ဗျား​တို့ ကြည်​ညို​ကိုးကွယ်​တဲ့​အရာတွေ​ကို ဂရု​တ​စိုက် လိုက်​ကြည့်​တဲ့​အခါ ‘ငါ​တို့​မသိ​တဲ့ ဘု​ရား​သခင်​အတွက်’ ဆို​ပြီး က​မ္ပည်း​ထိုး​ထား​တဲ့ ယဇ်​ပလ္လင်​တစ်​ခု​ကို တွေ့​တယ်။ ဒါ​ကြောင့် ခင်​ဗျား​တို့​မသိ​ဘဲ ကိုးကွယ်​နေ​တဲ့ ဘု​ရား​သခင်​အကြောင်း ကျွန်​တော် ပြော​ပြချင်​တယ်။ ၂၄  လော​က​နဲ့ လော​က​မှာ​ရှိ​သမျှ​ကို ဖန်​ဆင်း​တဲ့ ဘု​ရား​သခင်​ဟာ မိုး​မြေပိုင်​စိုး​တဲ့​အရှင်​ဖြစ်​လို့+ လူ​ဆောက်​တဲ့ ဗိမာန်​တွေ​မှာ မစံ​မြန်း​ဘူး။+ ၂၅  လူ​တွေ အလုပ်​အကျွေး​ပြု​စ​ရာ​လည်း မလို​ဘူး။+ ဘုရား​သခင်​ဟာ လူ​အားလုံး​ကို အသက်​နဲ့ ထွက်​သက်​ဝင်​သက်​ကို ပေး​တဲ့​အရှင်၊+ အရာ​ခပ်​သိမ်း​ကို ပေး​သနား​တဲ့​အရှင် ဖြစ်​လို့​ပဲ။ ၂၆  ဘု​ရား​သခင်​က လူ​တစ်​ဦး​တည်း​က​နေ+ လူ​အမျိုး​မျိုး​ကို ဖန်​ဆင်း​ပြီး မြေတစ်​ပြင်​လုံး​မှာ နေ​ထိုင်​စေ​တယ်၊+ အချိန်​ကာလ​နဲ့ နေ​ထိုင်​ရာ​ဒေ​သကို ပိုင်း​ခြား​သတ်​မှတ်​ပေး​ထား​တယ်။+ ၂၇  ဒါ​ဟာ ဘု​ရား​သခင်​ကို လူ​တွေ​ရှာ​နိုင်​ကြ​ဖို့​ပဲ။ ဘု​ရား​သခင်​ကို ကြိုး​စား​ရှာ​မယ်​ဆို​ရင်  တ​ကယ်​ပဲ  တွေ့​နိုင်​မယ်။+ တ​ကယ်​ဆို​ရင် ဘု​ရား​သခင်​ဟာ ကျွန်​တော်​တို့​တစ်​ယောက်​နဲ့​မှ မဝေး​ပါ​ဘူး။ ၂၈  ဘု​ရား​သခင်​ကြောင့်​သာ ကျွန်​တော်​တို့ ဖြစ်​တည်​နေ​တာ၊ အသက်​ရှင်​ပြီး  သွား​လာ​လှုပ်​ရှား​နေ​တာ​ပါ။ ခင်ဗျား​တို့​ရဲ့ က​ဗျာ​ဆ​ရာ​တ​ချို့​တောင် ‘ငါ​တို့​လည်း ဘု​ရားရဲ့​သား​သမီး​တွေ​ပဲ’ လို့ စပ်​ဆို​ကြ​တယ် မဟုတ်​လား။ ၂၉  “ဘု​ရားရဲ့  သား​သမီး​တွေ​ဆို​တော့+ ဘု​ရား​သခင်​ဟာ လူ​တွေ​ ထုလုပ်​ဖန်​တီး​ထား​တဲ့ ရွှေ​ရုပ်​တု၊ ငွေ​ရုပ်​တု၊ ကျောက်​ရုပ်​တု​တွေ​နဲ့ အတူ​တူ​ပဲ​လို့ ကျွန်​တော်​တို့ မယူ​ဆ​သင့်​ဘူး။+ ၃၀  အဲဒီ​လို မသိ​နား​မလည်​ခဲ့​တဲ့ အချိန်​ကာလ​တွေ​ကို ဘု​ရား​သခင်​က အပြစ်​မယူ​ပေမဲ့+ အခု​တော့ နေ​ရာ​တိုင်း​မှာ​ရှိ​တဲ့ လူ​တွေ​ကို နောင်​တ​ရ​ကြ​ပါ​လို့  ပြော​နေ​တယ်။ ၃၁  ဘု​ရား​သခင်​က ကိုယ်​တိုင် ခန့်​အပ်​ထား​သူ​က​တစ်ဆင့် ကမ္ဘာ​ပေါ်​မှာ​ရှိ​တဲ့ လူ​တွေ​ကို ဖြောင့်​မတ်​ခြင်း​နဲ့​အညီ တ​ရား​စီ​ရင်​ဖို့ နေ့​ရက်​တစ်​ရက် သတ်​မှတ်​ထား​တယ်။+ အဲဒီ​နေ့ သေချာ​ပေါက် ရောက်​လာ​လိမ့်​မယ်။ ဘာ​လို့​လဲ​ဆို​တော့ ဘု​ရား​သခင်​က ခန့်​အပ်​ထား​သူ​ကို သေရာ​က​နေ ရှင်​ပြန်​ထ​မြောက်​စေ​ပြီဖြစ်​လို့​ပဲ”+ လို့​ပြော​တယ်။ ၃၂  ရှင်​ပြန်​ထ​မြောက်​ခြင်း​အ​ကြောင်း  ကြား​တဲ့​အခါ တ​ချို့​က လှောင်​ကြ​တယ်။+  တ​ချို့​က​တော့  “ဒီ​အ​ကြောင်း​ကို ထပ်​ပြီး နား​ထောင်​ကြည့်​တာ​ပေါ့” လို့​ပြော​ကြ​တယ်။ ၃၃  ဒါ​နဲ့ သူတို့​ဆီ​က​နေ ပေါလု ထွက်​သွား​တယ်။ ၃၄  တချို့​က​တော့ ပေါလု​နဲ့ ပူး​ပေါင်း​ပြီး ယုံ​ကြည်​သူ​တွေ ဖြစ်​လာ​တယ်။ အာ​ရေ​တောင်​က တ​ရား​သူ​ကြီး ဒ​ယော​နု​သိ၊ ဒ​မာ​ရိလို့​ခေါ်​တဲ့ အမျိုး​သမီး​နဲ့ တ​ခြား​သူ​တွေ​လည်း ယုံ​ကြည်​လာ​ကြ​တယ်။

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “ရော​မဧ​က​ရာဇ်ရဲ့။”
ခက်​ဆစ်​ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။