ထွက်မြောက်ရာ ၂၀:၁-၂၆

  • ပညတ်တော်​ဆယ်ပါး (၁-၁၇)

  • အံ့ဖွယ်​မြင်ကွင်း​ကြောင့် အစ္စရေးတွေ ကြောက်ရွံ့ (၁၈-၂၁)

  • ဝတ်ပြုမှု​အတွက် ညွှန်ကြားချက် (၂၂-၂၆)

၂၀  အဲဒီနောက် ဘုရား​သခင်​က ဒီ​ပညတ်​တွေကို ပေးတယ်–+ ၂  “ငါ​ဟာ မင်း​တို့ကို ကျွန်ခံ​ရာ​အီဂျစ်ပြည်​က​နေ ခေါ်ထုတ်​လာတဲ့​ဘုရား​သခင် ယေဟောဝါ​ပဲ။+ ၃  ငါ​က​လွဲ​လို့ တခြား​ဘုရားတွေကို မကိုး ကွယ်​နဲ့။+ ၄  “အထက်​မိုးကောင်းကင်​ပေါ်​က၊ အောက်​အရပ်​မြေကြီး​ပေါ်​က၊ မြေအောက် ရေ​ထဲက အရာ​တစ်ခုခု​နဲ့ ပုံ​သဏ္ဌာန်တူ​တာကို​ဖြစ်စေ၊ ရုပ်တုကို​ဖြစ်စေ မလုပ်နဲ့။+ ၅  အဲဒါတွေကို ဦး​မချ​နဲ့။ ဝတ်​မပြု​နဲ့။+ မင်း​တို့​ရဲ့​ဘုရား​သခင် ငါ​ယေဟောဝါဟာ ငါ​တစ်ပါး​တည်းကို​ပဲ ကိုးကွယ်ဆည်းကပ်​ဖို့ တောင်းဆို​တဲ့​ဘုရား၊+ ငါ့ကို​မုန်း​တဲ့​သူ​ဆို​ရင် သူ့ရဲ့​သားမြေး​မြစ်​တွေ​အထိ ဒဏ်ခတ်​တဲ့​ဘုရား၊ ၆  ငါ့ကို​ချစ်​ပြီး ငါ့​ပညတ်​တွေကို လိုက်နာသူ​ဆို​ရင်​တော့ လူမျိုးဆက်​တစ်ထောင်​အထိ ခိုင်မြဲ​တဲ့​မေတ္တာပြ​တဲ့​ဘုရား​ပဲ။+ ၇  “မင်း​တို့​ရဲ့​ဘုရား​သခင် ယေဟောဝါရဲ့​နာမည်ကို တလွဲ​မ​သုံး​နဲ့။+ တလွဲသုံး​သူ​ကို ယေဟောဝါ အပြစ်​မပေး​ဘဲ မနေဘူး။+ ၈  “ဥပုသ်​နေ့​ဟာ* မြင့်မြတ်​တဲ့​နေ့​ဆို​တာ သတိရပါ။+ ၉  ခြောက်ရက်​လုံး အလုပ်​မှန်သမျှ လုပ်​နိုင်တယ်။+ ၁၀  ခုနစ်​ရက်​မြောက်​နေ့​က​တော့ မင်းတို့​ရဲ့​ဘုရား ယေဟောဝါ​အတွက် ဥပုသ်​နေ့​ပဲ။ ကိုယ်တိုင်​နဲ့ သားသမီး​တွေ​ရော၊ ကျွန်​တွေ၊ ခြံမွေးတိရစ္ဆာန်​တွေ၊ ကို​ယ့်​ဆီ​လာ​နေတဲ့ တိုင်းတစ်ပါး​သားတွေ​ပါ​မကျန် အလုပ်​မလုပ်ရဘူး။+ ၁၁  ယေဟောဝါ​က ကောင်းကင်၊ မြေကြီး၊ ပင်လယ်​နဲ့​ရှိသမျှကို ခြောက်ရက်​အတွင်း ဖန်ဆင်း​ပြီး ခုနစ်​ရက်​မြောက်​နေ့​မှာ စတင်​အနားယူ​နေတယ်။+ ဒါကြောင့် ဥပုသ်​နေ့​ကို ယေဟောဝါ ကောင်းချီး​ပေး​ပြီး မြင့်မြတ်​တဲ့​နေ့​လို့ သတ်မှတ်​ထားတယ်။ ၁၂  “မိဘ​ကို ရိုသေ​ပါ။+ ဒါမှသာ ယေဟောဝါ​ဘုရား​သခင်​ပေး​တဲ့ ပြည်​မှာ အသက်ရှည်ရှည် နေနိုင်​မယ်။+ ၁၃  “လူ့အသက် မ​သတ်​နဲ့။+ ၁၄  “အိမ်ထောင်ရေး မ​ဖောက်ပြန်​နဲ့။+ ၁၅  “မခိုး​နဲ့။+ ၁၆  “တခြား​သူ​အတွက် မဟုတ်မမှန် သက်သေ​မ​ထွက်ဆို​နဲ့။+ ၁၇  “တခြား​သူရဲ့​အိမ်​ကို မတပ်မက်​နဲ့။ တခြား​သူရဲ့ မိန်းမ၊ ကျွန်၊ နွား၊ မြည်း​စ​သဖြင့် ပိုင်ဆိုင်​တာ​တစ်ခုကို​မှ မတပ်မက်​နဲ့။”+ ၁၈  အဲဒီအခါ လူအားလုံး​က မိုးခြိမ်းသံ၊ တံပိုးမှုတ်သံ​ကို ကြား​ရပြီး လျှပ်စီး​လက်​တာ၊ တောင်​က​နေ မီးခိုး​ထွက်​တာ​တွေကို မြင်ရ​တယ်။ ဒါတွေကို မြင်ရ​ကြားရတဲ့အခါ ကြောက်ရွံ့​တုန်လှုပ်​ပြီး အဝေး​မှာ သွား​ရပ်နေကြတယ်။+ ၁၉  ပြီးတော့ “ကျွန်တော်တို့ကို ခင်ဗျား​ပဲ ပြောပါ။ နားထောင်​ပါ့​မယ်။ ဘုရား​သခင် မပြောပါစေနဲ့။ သေ​မှာ​စိုး​လို့​ပါ” ဆို​ပြီး မောရှေ​ကို ပြော​ကြ​တယ်။+ ၂၀  မောရှေ​က​လည်း “မကြောက်​ပါ​နဲ့။ စစ်မှန်တဲ့​ဘုရား​သခင်​က ခင်ဗျားတို့​ကို စမ်းသပ်ဖို့၊+ သူ့ကို အမြဲ​ကြောက်ရွံ့​ပြီး အပြစ်​မ​လုပ်မိ​စေဖို့+ အခုလို ကြွလာ​တာ​ပါ” လို့​ပြန်ပြောတယ်။ ၂၁  လူတွေ​က​တော့ အဝေး​မှာပဲ ရပ်နေ​ပေ​မဲ့ မောရှေ​က စစ်မှန်တဲ့​ဘုရား​သခင်​ရှိနေတဲ့ တိမ်​တိုက်​နား​ကို တိုး​သွားတယ်။+ ၂၂  အဲဒီအခါ ယေဟောဝါ​က “အစ္စရေးတွေကို ပြော​လိုက်ပါ– ‘ကောင်းကင်​က​နေ ငါ​စကား​ပြောတာကို မင်း​တို့​ကိုယ်တိုင် မြင်ရ​ပြီ။+ ၂၃  ငွေ​ဘုရား၊ ရွှေ​ဘုရားတွေ မလုပ်နဲ့။ ငါ​က​လွဲ​လို့ တခြား​ဘုရားကို မကိုးကွယ်​နဲ့။+ ၂၄  ငါ့အတွက် ပူဇော်ရာ​မြေ​ပလ္လင် တ​ည်​ရမယ်။ အဲဒီ​ပလ္လင်​ပေါ်​မှာ မီးရှို့​ရာ​အလှူ​တွေ၊ မိတ်သဟာယ ပူဇော်သက္ကာ​တွေ၊ သိုး​နွား​တိရစ္ဆာန်တွေကို ပူဇော်​ရမယ်။ ငါ့​နာမည်ကို​ခေါ်ပြီး ဝတ်ပြုကိုးကွယ်​ဖို့ ငါ​ရွေးချယ်​ထားတဲ့ နေရာတိုင်းမှာ+ မင်း​တို့​ဆီ ရောက်လာပြီး ကောင်းချီး​ပေးမယ်။ ၂၅  ငါ့အတွက် ပူဇော်ရာ​ကျောက်​ပလ္လင် တည်မယ်​ဆို​ရင် ထု​ဆစ်​ထားတဲ့​ကျောက်​နဲ့ မတည်​နဲ့။+ စို့​သုံးပြီး ထု​ဆစ်​ထားတဲ့​ကျောက်​နဲ့ တ​ည်တဲ့​ပလ္လင်​ဟာ ညစ်ညူး​တယ်။ ၂၆  ပလ္လင်​ပေါ်​တက်ဖို့ လှေကား​တွေ မလုပ်နဲ့။ လှေကား​နဲ့​တက်​ရင် ရှက်​စ​ရာ​အင်္ဂါ​တွေ ပေါ်​မှာ​စိုး​ရတယ်။’

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကို​ကြည့်။