ပညာအလိမ္မာ ၁၇:၁-၂၈

  • အကောင်း​ကို အဆိုး​နဲ့ မတုံ့​ပြန်​နဲ့ (၁၃)

  • အငြင်း​အခုံ​မဖြစ်​ခင် ရှောင်​ထွက်​ပါ (၁၄)

  • မိတ်ဆွေ​စစ်​ဆို​တာ အချိန်​အခါ​မရွေး မေတ္တာ​ပြ (၁၇)

  • “ရွှင်​လန်း​တဲ့​စိတ်​ဟာ ဆေး​စွမ်း​ကောင်း​တစ်လက်” (၂၂)

  • ပိုင်း​ခြား​သိ​မြင်​မှု​ရှိ​သူ စကား​များ​များ​မပြော (၂၇)

၁၇  ငြင်း​ခုံ​ရန်​တွေ့​နေ​တဲ့​အိမ်​မှာ စား​ကောင်း​သောက်​ဖွယ် အလျှံ​ပယ် စား​ရ​တာ​ထက်+ငြိမ်သက်​အေး​ချမ်း​တဲ့​နေ​ရာ​မှာ မုန့်​ခြောက်​တစ်​ဖဲ့ စား​ရ​တာ ပို​ကောင်း​တယ်။+  ၂  ထိုး​ထွင်း​ဉာဏ်​ရှိ​တဲ့​ကျွန်​ဟာ အရှက်​မရှိ ပြု​မူ​တဲ့​သား​ကို ပြန်​အုပ်​စိုး​ရ​လိမ့်​မယ်။ သား​တစ်​ယောက်​အဖြစ် အမွေ​ခံ​ရ​လိမ့်​မယ်။  ၃  ငွေ​ကို​စစ်​တာ​က အရည်​ကျိုသန့်​စင်​ တဲ့​အိုး၊ ရွှေ​ကို​စစ်​တာ​က မီး​ဖို၊+စိတ်​နှလုံး​ကို စစ်​ဆေး​သူ​က​တော့ ယေဟောဝါ​ပဲ။+  ၄  လူ​ဆိုး​က ထိ​ခိုက်​စေ​တဲ့​စကား​တွေ​ကို​ပဲ အာ​ရုံ​စိုက်​တယ်။ လှည့်​စား​တတ်​သူ​က မလို​တ​မာ​စိတ်​နဲ့ ပြော​တဲ့​စကား​တွေ​ကို​ပဲ နား​ထောင်​တယ်။+  ၅  ဆင်း​ရဲ​သား​ကို လှောင်​ပြောင်​သူ​ဟာ ဖန်​ဆင်း​ရှင်​ကို စော်​ကား​တဲ့​သူ​ပဲ။+ သူ​တစ်ပါး​ဒုက္ခရောက်​တာ​ကို ဝမ်းသာ​တဲ့​သူ​က ပြစ်​ဒဏ်​က​နေ လွတ်​မှာ​မဟုတ်​ဘူး။+  ၆  မြေး​တွေ​ဟာ သက်​ကြီး​ရွယ်​အို​တွေရဲ့ သရ​ဖူ​ပဲ။ ဖခင်​ဟာ သား​တွေရဲ့ ဂုဏ်​ကျက်​သရေ​ပဲ။  ၇  မှန်​သော​စကား​ဟာ လူ​မိုက်​နဲ့ မအပ်​စပ်​ဘူး။+ မု​သာ​စကား​က အုပ်​စိုး​ရှင်​နဲ့ ပို​လို့​တောင် မအပ်​စပ်​ဘူး။+  ၈  လက်​ဆောင်​ဟာ ပိုင်​ရှင်​အတွက် ကောင်း​ကျိုး​ရ​စေ​တဲ့ ကျောက်​မျက်​နဲ့​တူ​တယ်။+ လုပ်​ဆောင်​သမျှ​ကို အောင်​မြင်​စေ​တယ်။+  ၉  အမှား​ကို ခွင့်​လွှတ်​သူ​တိုင်း​ဟာ မေတ္တာရ​ဖို့ ကြိုး​စား​တဲ့​သူ​ပဲ။+ ကိစ္စ​တစ်​ခု​ကို ခ​ဏ​ခ​ဏ ပြန်​ဖော်​တဲ့​သူ​က​တော့ ရင်း​နှီး​တဲ့​မိတ်ဆွေ​တွေ​ကို စိမ်း​ကား​စေ​တယ်။+ ၁၀  သိ​နား​လည်​နိုင်​စွမ်း​ရှိ​သူ​ကို တစ်​ကြိမ် ပြစ်​တင်​ဆုံးမ​တာ​ဟာ+လူ​မိုက်​ကို အကြိမ်​တစ်​ရာ ရိုက်​နှက်​တာ​ထက် ပို​ထိ​ရောက်​တယ်။+ ၁၁  မကောင်း​တဲ့​လူ​က က​လန်​က​ဆန်​လုပ်​ဖို့ ရှာ​ကြံ​တတ်​တယ်။ သူ့​ကို​ပြစ်​ဒဏ်​ပေး​ဖို့ ရက်​စက်​တဲ့ စေ​တ​မန်​ကို စေ​လွှတ်​လိမ့်​မယ်။+ ၁၂  မိုက်​လုံး​ကြီး​သူ​နဲ့ ထိပ်​တိုက်​တွေ့​ရ​တာ​ထက်သား​ငယ်​တွေ​ပျောက်​သွား​တဲ့ ဝက်ဝံမ​နဲ့ ပက်​ပင်း​တိုး​တာ ပိုကောင်း​တယ်။+ ၁၃  အကောင်း​ကို အဆိုး​နဲ့ တုံ့​ပြန်​မယ်​ဆို​ရင်အဆိုး​တွေ အိမ်​က​နေ ထွက်​သွား​မှာ မဟုတ်​ဘူး။+ ၁၄  ရန်​ပွဲ​ကို အစ​ပျိုး​လိုက်​တာ​ဟာ ရေ​တံခါး​ကို ဖွင့်​လိုက်​တာ​နဲ့ တူ​တယ်။ ဒါ​ကြောင့် အငြင်း​အခုံ​မဖြစ်​ခင် ရှောင်​ထွက်​သွား​ပါ။+ ၁၅  လူ​ဆိုး​ကို ပြစ်​ဒဏ်​မပေး​တဲ့​သူ၊ ဖြောင့်​မတ်​သူ​ကို ပြစ်​ဒဏ်​ စီ​ရင်​တဲ့​သူ+နှစ်​ယောက်​စ​လုံး​ကို ယေဟောဝါ ရွံ​မုန်း​တယ်။ ၁၆  လူ​မိုက်​က ဉာဏ်​ပညာ​ဆည်း​ပူး​နိုင်​တဲ့ အခွင့်​အလမ်း​ရှိ​ပေမဲ့ ဆည်း​ပူး​ချင်​စိတ် မရှိ​ဘူး​ဆို​ရင် ဘာ​အကျိုး​ထူး​မှာ​လဲ။+ ၁၇  မိတ်ဆွေ​စစ်​ဆို​တာ အချိန်​အခါ​မရွေး မေတ္တာ​ပြတတ်​တယ်။+ သူ​ဟာ ဒုက္ခရောက်​ချိန်​မှာ အား​ကိုး​ရ​တဲ့ ညီ​အစ်​ကို​ပဲ။+ ၁၈  ဆင်​ခြင်​ဉာဏ်​မရှိ​သူ​ဟာ* သူ​တစ်ပါး​အတွက် အာ​မခံ​ဖို့ သဘော​တူ​ပြီးအပေါင်း​အသင်း​ရှေ့​မှာ လက်​ဆွဲ​နှုတ်​ဆက်​တတ်​တယ်။+ ၁၉  ရန်​တွေ့​တာ​ကို သဘော​ကျ​တဲ့​သူ​ဟာ အပြစ်​ကျူး​လွန်​တာ​ကို သဘော​ကျ​တဲ့​သူ​ပဲ။+ တံခါး​ပေါက်​ကို မြင့်​မြင့်​ဆောက်​တဲ့​သူ​ဟာ ပျက်​စီး​ခြင်း​ကို ဖိတ်​ခေါ်​တဲ့​သူ​ပဲ။+ ၂၀  ကောက်​ကျစ်​သူ​ဟာ အောင်​မြင်​မှာ မဟုတ်​ဘူး။+ လှည့်​စား​ပြော​ဆို​တတ်​သူ​ဟာ ပျက်​စီး​ရ​လိမ့်​မယ်။ ၂၁  သား​မိုက်​ရဲ့​ဖခင်​ဟာ စိတ်​ဆင်း​ရဲရ​လိမ့်​မယ်။ ဆင်​ခြင်​ဉာဏ်​မရှိ​တဲ့​က​လေး​ရဲ့ ဖခင်​က​လည်း ပျော်ရ​မှာ မဟုတ်​ဘူး။+ ၂၂  ရွှင်​လန်း​တဲ့​စိတ်​ဟာ ဆေး​စွမ်း​ကောင်း​တစ်​လက်​ပဲ။+ ကြေ​ကွဲ​တဲ့​စိတ်​က​တော့ ခွန်​အား​ဆုတ်​ယုတ်​စေ​တယ်။+ ၂၃  လူ​ဆိုး​က တိုး​တိုး​တိတ်​တိတ် လာဘ်​စား​ပြီးအမှန်​တ​ရား​ကို က​ပြောင်း​က​ပြန်​ဖြစ်​အောင် လုပ်​တတ်​တယ်။+ ၂၄  ပိုင်း​ခြား​သိ​မြင်​တတ်​သူ​ရဲ့ ရှေ့​တည့်​တည့်​မှာ ဉာဏ်​ပညာ​ရှိ​နေ​တယ်။ လူ​မိုက်​က​တော့ ဟို​ဟို​ဒီ​ဒီ လျှောက်​ကြည့်​နေ​တယ်။+ ၂၅  သား​မိုက်​က ဖခင်​ကို စိတ်​ဆင်း​ရဲ​စေ​တယ်။ မွေး​မိ​ခင်​ကို ရင်​နာ​အောင် လုပ်​တယ်။+ ၂၆  ဖြောင့်​မတ်​သူ​ကို ပြစ်​ဒဏ်​ပေး​တာ မကောင်း​ဘူး။ ဂုဏ်​အသရေ​ရှိ​သူ​တွေ​ကို ရိုက်​နှက်​တာ မမှန်​ဘူး။ ၂၇  ဉာဏ်​ပညာ​ရှိ​သူ​ဟာ စကား​ များ​များ မပြော​ဘူး။+ ပိုင်း​ခြား​သိ​မြင်​မှု​ရှိ​သူ​ဟာ အေး​ဆေး​တည်​ငြိမ်​တယ်။+ ၂၈  လူ​မိုက်​တောင်​မှ နှုတ်​ဆိတ်​နေ​ရင် ဉာဏ်​ပညာ​ရှိ​သူ​လို့ အထင်​ခံ​ရ​တတ်​တယ်။ နှုတ်​ပိတ်​နေ​သူ​က​လည်း ပိုင်း​ခြား​သိ​မြင်​မှု​ရှိ​သူ​လို့ အထင်​ခံ​ရ​တတ်​တယ်။

အောက်ခြေမှတ်ချက်များ

မူ​ရင်း၊ “စိတ်​နှလုံး​မရှိ​သူ​ဟာ။”