မာတိကာဆီ ကျော်သွား

ယေဟောဝါသက်သေတွေက ဘာကြောင့် ကိုယ်ပိုင်ဘာသာ ရှိပြီးသားသူတွေဆီ သွားတာလဲ။

ယေဟောဝါသက်သေတွေက ဘာကြောင့် ကိုယ်ပိုင်ဘာသာ ရှိပြီးသားသူတွေဆီ သွားတာလဲ။

 ကိုယ်ပိုင်ဘာသာရှိပြီးသားသူတွေ တော်တော်များများဟာ သမ္မာကျမ်းစာအကြောင်း ဆွေးနွေးရတာကို သဘောကျကြပါတယ်။ ကျွန်ုပ်တို့ဟာ သူတို့ရဲ့ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကို လေးစားကြပါတယ်။ ကျွန်ုပ်တို့ပြောတာကို အတင်းလက်မခံခိုင်းပါဘူး။

 ဘာသာရေးအကြောင်း ဆွေးနွေးတဲ့အခါမှာ “နူးညံ့သောသဘော၊ အလွန်လေးစားသောသဘော” နဲ့ပြောဆိုပါဆိုတဲ့ ကျမ်းစာအကြံပြုချက်ကို လိုက်နာဖို့ ကြိုးစားကြပါတယ်။ (၁ ပေတရု ၃:၁၅) ကျွန်ုပ်တို့ပြောတဲ့ သတင်းတရားကို ငြင်းပယ်မယ့်သူတချို့ ရှိမယ်ဆိုတာကို မျှော်လင့်ထားပါတယ်။ (မဿဲ ၁၀:၁၄) ဒါပေမဲ့ လူတွေကို စကားမပြောကြည့်ဘဲ သူတို့ဘယ်လိုတုံ့ပြန်လာမယ်ဆိုတာကို ကျွန်ုပ်တို့မသိနိုင်ပါဘူး။ လူတွေရဲ့ အခြေအနေတွေက ပြောင်းလဲနေတယ်ဆိုတာကိုလည်း သတိပြုမိတယ်။

 ဥပမာ၊ လူတစ်ယောက်ဟာ တစ်ကြိမ်မှာ အရမ်းအလုပ်များနေလို့ ကျွန်ုပ်တို့နဲ့ စကားမပြောနိုင်ပေမဲ့ နောက်တစ်ကြိမ်မှာတော့ သူဟာ လိုလိုလားလားနဲ့ ကျွန်ုပ်တို့ကို စကားပြန်ပြောပါလိမ့်မယ်။ သူတို့ရင်ဆိုင်ဖြေရှင်းနေရတဲ့ အခြေအနေအသစ်တွေ၊ ပြဿနာအသစ်တွေကြောင့် သမ္မာကျမ်းစာသတင်းကောင်းကို စိတ်ဝင်စားလာတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ဟာ လူတွေဆီကို တစ်ကြိမ်ထက်မကသွားပြီး စကားပြောဆိုဖို့ ကြိုးစားကြတာဖြစ်ပါတယ်။