မာတိကာဆီ ကျော်သွား

ဘယ်– ၁၉၄၆၊ ဘိုးဂတားမြို့က ညီအစ်ကို ညီအစ်မတွေဆီ ညီအစ်ကို နေသန် နောရ်နဲ့ ဖရက်ဒရစ် ဖရန့်တို့ လာရောက်လည်ပတ်စဉ်။ ညာ– ကိုလံဘီယာက သာသနာပြုများ (ထိပ်၊ ဘယ်မှ ညာ) အော်လက်ဖ် အိုလ်ဆင်၊ ဂျိမ်းစ် ဝက်ပ်စတာ၊ ကွင် ဒါလီ လူဒါဒယ်။ (အောက်၊ ဘယ်မှ ညာ) အန်နီ လူဒါဒယ်၊ ဟယ်လန် လန်ဖို၊ ဂျူဝယ်လ် ဟပ်ပါ

၂၀၂၂၊ ဧပြီ ၁၂
ကိုလံဘီယာ

ကိုလံဘီယာက ယေဟောဝါသက်သေတွေရဲ့ နှစ်တစ်ရာ သမိုင်း

ကိုလံဘီယာက ယေဟောဝါသက်သေတွေရဲ့ နှစ်တစ်ရာ သမိုင်း

၂၀၂၂ ခုနှစ်ဟာ ကိုလံဘီယာက ယေဟောဝါသက်သေတွေရဲ့ နှစ်တစ်ရာပြည့် နှစ်ပတ်လည် ဖြစ်တယ်။ a

ဟယ်လီယိုဒိုရို ဟာနန်ဒက်စ်

၁၉၂၂ မှာ ကျမ်းစာဖတ် ဝါသနာပါတဲ့ ဟယ်လီယိုဒိုရို ဟာနန်ဒက်စ်ဟာ ယေဟောဝါသက်သေ မဟုတ်တဲ့ မိတ်ဆွေ တစ်ယောက်ဆီက ကင်းမျှော်စင် မဂ္ဂဇင်းတွေ ငှားဖတ်ခဲ့တယ်။ အမှန်တရား ရှာတွေ့ပြီဆိုတာ ဟယ်လီယိုဒိုရို ချက်ချင်း သဘောပေါက်သွားပြီး သိလာတာတွေကို တခြားသူတွေကို ပြန်ဝေမျှတယ်။ နှစ်နှစ်လောက် ဟောပြောပြီးနောက် ဟွန် အက်စတူပီညန်နဲ့ တွေ့ပြီး ဟောပြောခြင်း လုပ်ငန်းမှာ အတူပါဝင်ကြတယ်။ နှစ်ယောက်စလုံး ၁၉၃၂ မှာ နှစ်ခြင်းခံကြတယ်။

ဟွန် အက်စတူပီညန်

နောက်ပိုင်း၊ ညီအစ်ကို ဟာနန်ဒက်စ်နဲ့ အက်စတူပီညန်တို့ဆီ ကင်းမျှော်စင်အသင်းက အသံသွင်းထားတဲ့ ဟောပြောချက်တွေ ပြန်ဖွင့်ပြလို့ရတဲ့ စက်တစ်လုံး ပို့ပေးတယ်။ “သုံးပါးပေါင်းတစ်ဆူကို ဖော်ထုတ်ခြင်း၊” “လောက အဆုံးတိုင်ချိန်” စတဲ့ ကျမ်းစာ ဟောပြောချက်တွေကို အင်ဒီးစ်တောင်တန်းတစ်လျှောက်က လူတွေဆီ သူတို့ ဖွင့်ပြကြတယ်။ အဲဒီဒေသမှာ ရှိတဲ့ ကက်သလစ်ချာ့ချ်တွေရဲ့ လွှမ်းမိုးမှုကြောင့် သူတို့နှစ်ယောက် မကြာခဏဆိုသလို ဆန့်ကျင်မှုတွေ ကြုံရတယ်။

၁၉၄၅ မှာ ဂိလဒ်ကျောင်းဆင်း သာသနာပြုတွေ ရောက်လာတယ်။သာသနာပြု တစ်ယောက်ဖြစ်တဲ့ ညီအစ်ကို အော်လက်ဖ် အိုလ်ဆင်က “ဒီမှာ ယေဟောဝါရဲ့ သိုးတွေ အများကြီး ရှိတယ်။ အဲဒီသိုးတွေကို ရှာပြီး ကျွေးမွေးဖို့ ကျွန်တော်တို့ကို ဒီစေလွှတ်ပေးလို့ သိပ်ကျေးဇူးတင်တယ်” လို့ ဘဝအတ္ထုပ္ပတ္တိမှာ ပြန်ပြောပြတယ်။

လုပ်ငန်း ထပ်တိုးချဲ့ဖို့ ၁၉၄၆၊ မေ ၁၊ ကိုလံဘီယာမှာ ဌာနခွဲရုံးတစ်ခု စဖွင့်တယ်။ ပထမဦးဆုံး ဌာနခွဲအမှုထမ်း ညီအစ်ကို အာသာ ဂရင်းက “ယေဟောဝါရဲ့ တန်ခိုးကြီး စွမ်းအားတော်ကြောင့် ကိုလံဘီယာမှာ စစ်မှန်တဲ့ ဝတ်ပြုရေး စတည်ထောင်နိုင်ပြီ” လို့ ရေးခဲ့တယ်။

ဒီနေ့ ကိုလံဘီယာမှာ သတင်းကောင်း ထက်သန်စွာ ဟောပြောနေတဲ့ ယေဟောဝါသက်သေ ၁၉၀,၀၀၀ လောက် ရှိနေပြီ။

ကိုလံဘီယာဟာ မြေဆီမြေနှစ် ကောင်းမွန်ပြီး ကျောက်မျက်ရတနာ ပေါများလို့ လူသိများတယ်။ ဒါပေမဲ့ တကယ့် စစ်မှန်တဲ့ အလှတရားကတော့ “တန်ဖိုးရှိတဲ့ အရာတွေ” ဖြစ်တဲ့ ဘုရား ဆက်ဆွဲဆောင်နေတဲ့ လူတွေပါပဲ။ ‘အိမ်တော်ကို ဘုန်းအသရေနဲ့ ပြည့်စုံစေ’ တဲ့ ဟောပြောခြင်းလုပ်ငန်းကို ယေဟောဝါ ဆက်ကောင်းချီးပေးနေတာ မြင်ရလို့ ကျွန်တော်တို့ ဝမ်းမြောက်ကြပါတယ်။—ဟဂ္ဂဲ ၂:၇

a ၁၉၃၁ မှာ ယေဟောဝါသက်သေဆိုတဲ့ နာမည်ကို ကျမ်းစာကျောင်းသားတွေ ခံယူခဲ့