မာတိကာဆီ ကျော်သွား

နော်ဝေနိုင်ငံ၊ အော်စလိုခရိုင်တရားရုံးရဲ့ တရားခွင်မှာ တရားသူကြီးနဲ့ရှေ့နေတွေကို တွေ့ရစဉ်

၂၀၂၄ ခုနှစ်၊ မတ် ၂၈ ရက်
နော်ဝေ

ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တဲ့ စီရင်ချက်အပေါ် နော်ဝေနိုင်ငံက ယေဟောဝါသက်သေတွေ အယူခံဝင်

ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တဲ့ စီရင်ချက်အပေါ် နော်ဝေနိုင်ငံက ယေဟောဝါသက်သေတွေ အယူခံဝင်

နော်ဝေနိုင်ငံက ယေဟောဝါသက်သေတွေရဲ့ မှတ်ပုံတင်ခွင့်ကို ဖျက်သိမ်းလိုက်တဲ့အစိုးရရဲ့ဆုံးဖြတ်ချက်ကို ၂၀၂၄ ခုနှစ်၊ မတ် ၄ ရက်မှာ အော်စလိုခရိုင်တရားရုံးက အတည်ပြုခဲ့တယ်။ အဲဒီဆုံးဖြတ်ချက်ကို ယေဟောဝါသက်သေတွေ အယူခံဝင်ပါမယ်။

အော်စလိုခရိုင်တရားရုံး

၂၀၂၂ နှစ်ကုန်ပိုင်းမှာ အော်စလိုနဲ့ ဗိုင်ကန် ပြည်နယ်အုပ်ချုပ်ရေးမှူးက ကျွန်တော်တို့ရဲ့အဖွဲ့အစည်းကို မှတ်ပုံတင်ခွင့် ဖျက်သိမ်းခဲ့တယ်။ ဒါပေမဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၀ မှာချမှတ်တဲ့ အော်စလိုခရိုင်တရားရုံးအမိန့်အရ မှတ်ပုံတင်ဖျက်သိမ်းတဲ့ကိစ္စ ခေတ္တရပ်ဆိုင်းသွားတယ်။ လက်ရှိမှာတော့ ယေဟောဝါသက်သေတွေအနေနဲ့ အသင်းတော်ထဲက နောင်တမယူတဲ့အပြစ်ပြုသူတွေကို ဖယ်ရှားတဲ့အစီအစဉ်ကို ရပ်ဆိုင်းမှပဲ အစိုးရရဲ့တရားဝင်အသိအမှတ်ပြုမှု ရမှာဖြစ်တယ်။

တရားဝင်မှတ်ပုံတင်ခွင့်ရထားတဲ့ ဘာသာရေးအသင်းအဖွဲ့ ၇၀၀ ကျော်ဟာ အစိုးရဆီက ငွေကြေးပိုင်းနဲ့ တခြားကိစ္စတွေမှာ အကူအညီရပေမဲ့ ယေဟောဝါသက်သေတွေကတော့ မှတ်ပုံတင်ခွင့် ဖျက်သိမ်းခံရလို့ အဲဒီကူညီပံ့ပိုးမှုတွေ ရမှာမဟုတ်ဘူး။ ဒါ့အပြင် ယေဟောဝါသက်သေ ဘာသာရေးအမှုဆောင်တွေကို လက်ထပ်ထိမ်းမြားပေးသူတွေအဖြစ် ခန့်အပ်တာ၊ အခွင့်အာဏာပေးတာတွေ မလုပ်နိုင်တော့ဘူး။

အယူခံမှုရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေချိန်အတွင်း “ရှင်ဘုရင်တွေ၊ အထက်အာဏာပိုင်တွေအတွက်” ကျွန်တော်တို့ ဆက်ဆုတောင်းပေးနေပါတယ်။ “ဒါမှ ငြိမ်သက်အေးချမ်းတဲ့ ဘဝမျိုးနဲ့နေနိုင်ပြီး ဘုရားတရားကိုင်းရှိုင်းမှု၊ လေးနက်တည်ကြည်မှုအပြည့် ရှိနိုင်ကြမှာပါ။”—၁ တိမောသေ ၂:၁၊ ၂