မာတိကာဆီ ကျော်သွား

၂၀၂၄ ခုနှစ်၊ ဧပြီလမှာ ဆီဘွာနို (ဘယ်) နဲ့ ပန်ဂါဆီနန် (ညာ) ကင်းမျှော်စင်တွေ ထုတ်ဝေလာခဲ့တာ ၇၅ နှစ် ပြည့်ပြီ

၂၀၂၄ ခုနှစ်၊ ဧပြီ ၃ ရက်
ဖိလစ်ပိုင်

ဆီဘွာနိုဘာသာစကား၊ ပန်ဂါဆီနန်ဘာသာစကားနဲ့ ကင်းမျှော်စင် ထုတ်ဝေလာခဲ့တာ ခုနစ်ဆယ့်ငါးနှစ်ပြည့်ပြီ

ဆီဘွာနိုဘာသာစကား၊ ပန်ဂါဆီနန်ဘာသာစကားနဲ့ ကင်းမျှော်စင် ထုတ်ဝေလာခဲ့တာ ခုနစ်ဆယ့်ငါးနှစ်ပြည့်ပြီ

၂၀၂၄ ခုနှစ်၊ ဧပြီလဟာ ဖိလစ်ပိုင်နိုင်ငံ၊ ကျမ်းစာအခြေပြုစာပေထုတ်ဝေခြင်းသမိုင်းရဲ့ အထင်ကရ အခါသမယပါ။ လွန်ခဲ့တဲ့ ခုနစ်ဆယ့်ငါးနှစ်အကြာ ၁၉၄၉ ခုနှစ်၊ ဧပြီလမှာ ဆီဘွာနို၊ ပန်ဂါဆီနန် ဘာသာစကားတွေနဲ့ ကင်းမျှော်စင်ကို စတင်ထုတ်ဝေခဲ့တာပါ။

၁၉၀၀ ပြည့်နှစ် အစောပိုင်းမှာ ဖိလစ်ပိုင်နိုင်ငံကို သတင်းကောင်း ရောက်ရှိလာတယ်။ အမှုဆောင်မှာ အင်္ဂလိပ်စာပေတွေ သုံးခဲ့ကြတယ်။ ဒါပေမဲ့ ဒေသခံဘာသာစကားတွေနဲ့ စာပေတွေ လိုအပ်နေမှန်း ပိုထင်ရှင်းလာတယ်။ ၁၉၄၇ ခုနှစ်ကစပြီး ဖိလစ်ပိုင်နိုင်ငံရဲ့ အသုံးအများဆုံး ဘာသာစကားဖြစ်တဲ့ တဂါလော့စကားနဲ့ ကင်းမျှော်စင်ကို ဘာသာပြန်တယ်။ ၁၉၄၈ နှစ်ကုန်ပိုင်းမှာ ကင်းမျှော်စင်ကို ဆီဘွာနို၊ ပန်ဂါဆီနန် ဘာသာစကားနဲ့ ဘာသာပြန်ဖို့ စီစဉ်တယ်။ လပိုင်းအတွင်းမှာပဲ ဆောင်းပါးတွေ စတင်ပုံနှိပ်နိုင်ခဲ့တယ်။

လက်လှည့်စာကူးစက်နဲ့ မိတ္တူကူးခဲ့တဲ့ ၁၉၄၉ ခုနှစ်ထုတ် ကင်းမျှော်စင်

နောက်နှစ်နှစ်ကြာတဲ့အထိ ဒီမဂ္ဂဇင်းတွေကို ဌာနခွဲရုံးမှာ လက်လှည့်စာကူးစက်တစ်လုံးနဲ့ပဲ မိတ္တူပွားခဲ့ရတယ်။ ဖတ်ရှုသူ အရေအတွက် တိုးများလာတာကြောင့် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်၊ ဘရွတ်ကလင်မှာရှိတဲ့ ယေဟောဝါသက်သေများရဲ့ ကမ္ဘာ့ဌာနချုပ်က ဆီဘွာနို၊ ပန်ဂါဆီနန် ကင်းမျှော်စင်တွေကို ပုံနှိပ်ပေးခဲ့တယ်။ a

ညီအစ်ကို ဟွမ် လန်ဒီချို

ဆီဘွာနိုနဲ့ ပန်ဂါဆီနန် ကင်းမျှော်စင် ဘာသာပြန်သူတွေက ရရှိထားတဲ့အခွင့်ထူးကို သိပ်တန်ဖိုးထားကြတယ်။ ၁၉၈၀ နောက်ပိုင်းမှာ ပန်ဂါဆီနန် ဘာသာပြန်အဖွဲ့ကို ကူညီပေးခဲ့တဲ့ ညီအစ်ကို ဟွမ် လန်ဒီချို အခုလို နောက်ကြောင်းပြန်ပြောပြတယ်– “အစပိုင်းတုန်းက ဘာသာပြန်လုပ်ငန်းမှာ ကြန့်ကြာမှုလေးတွေရှိလို့ ပန်ဂါဆီနန်ကင်းမျှော်စင်က အင်္ဂလိပ် ကင်းမျှော်စင်ထက် ခြောက်လနောက်ကျမှ ထွက်တယ်။ ၁၉၈၆ ခုနှစ်ရောက်တော့ ဘာသာပြန်နည်းစနစ်သစ်တွေကြောင့် အင်္ဂလိပ်နဲ့ ပန်ဂါဆီနန် ကင်းမျှော်စင်ကို တစ်ပြိုင်တည်း ထုတ်ဝေနိုင်ခဲ့လို့ သိပ်ပျော်ခဲ့ရတယ်။ ယေဟောဝါရဲ့ သန့်ရှင်းတဲ့ စွမ်းအားတော် လမ်းပြကူညီမှုကို ကျွန်တော်တို့ ခံစားခဲ့ရတယ်။”

ဖိလစ်ပိုင်ဌာနခွဲမှာ ဆီဘွာနိုစကားနဲ့ ကျမ်းစာအခြေပြုစာပေ ဘာသာပြန်ခြင်းလုပ်ငန်းကို ၄၆ နှစ်ကြာ ကူညီပေးခဲ့တဲ့ ညီအစ်မ ဘယ်လန် ကန်ညာသဲ အခုလိုပြောတယ်– “ဘာသာစပြန်တုန်းက လူအင်အားနည်းပြီး အလုပ် သိပ်များတယ်။ တကယ် မလွယ်ဘူး။ အခုကျတော့ လေ့ကျင့်ခံရတဲ့ ဘာသာပြန်အဖွဲ့နဲ့ နောက်ဆုံးပေါ် နည်းပညာတွေ ရှိလာပြီ။ ကြေးနီနေရာမှာ ရွှေကို အစားထိုးမယ်ဆိုတဲ့အတိုင်းပဲ ယေဟောဝါက မိမိကျေးကျွန်တွေကို လိုလေသေးမရှိ ဂရုစိုက်ပေးခဲ့တာ မြင်တွေ့ခဲ့ရတယ်။”

ပန်ဂါဆီနန် ဘာသာပြန်အဖွဲ့ (ဘယ်) နဲ့ ဆီဘွာနို ဘာသာပြန်အဖွဲ့ (ညာ)

ဖိလစ်ပိုင်နိုင်ငံမှာ ဆီဘွာနိုစကားပြောသူ ၂၆ သန်းကျော်ရှိပြီး ပန်ဂါဆီနန်စကားပြောသူ ၂ သန်းနီးပါး ရှိတယ်။ ဆီဘွာနို အသင်းတော် ၁,၁၅၀ မှာ ညီအစ်ကို/မ ၇၆,၀၀၀ ကျော် အမှုဆောင်နေပြီး ပန်ဂါဆီနန်အသင်းတော် ၆၈ ခုမှာ ညီအစ်ကို/မ ၆,၀၀၀ လောက် အမှုဆောင်နေတယ်။ ဖိလစ်ပိုင်ဌာနခွဲက စုစုပေါင်း ဘာသာစကား ၂၄ မျိုးနဲ့ ကျမ်းစာအခြေပြုစာပေတွေကို ဘာသာပြန်ပေးနေပါတယ်။ ကင်းမျှော်စင်ကို ဘာသာစကား ဆယ်မျိုးနဲ့ လစဉ်ထုတ်ဝေနေပါတယ်။ ဆီဘွာနို၊ ပန်ဂါဆီနန်ဘာသာစကားနဲ့ ကျမ်းစာအခြေပြုစာပေတွေကို ဂျပန်ဌာနခွဲမှာ လက်ရှိ ပုံနှိပ်နေပါတယ်။

ဘာသာပြန်ခြင်းလုပ်ငန်းကို ကောင်းချီးပေးပြီး ဆီဘွာနိုနဲ့ ပန်ဂါဆီနန်စကားပြောသူတွေထဲက အမှန်တရား ဆာငတ်နေသူတွေကို ကျမ်းစာအသိပညာ သိရှိစေလို့ ယေဟောဝါဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။—ဟေရှာယ ၅၅:၁

a ဒီနေ့အချိန်မှာ ယေဟောဝါသက်သေများရဲ့ ကမ္ဘာ့ဌာနချုပ်ဟာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ဝေါဝစ်မြို့မှာ တည်ရှိတယ်။