မာတိကာဆီ ကျော်သွား

ဒီဇင်ဘာ ၁၊ ၂၀၁၇
မက္ကဆီကို

ဂွါတီမာလာနဲ့ မက္ကဆီကိုမှာ ပျက်စီးဆုံးရှုံးမှုများတဲ့ ငလျင်ဘေးပြီးနောက် ယေဟောဝါသက်သေတွေ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းအတွက် အသင့်ရှိနေကြ

ဂွါတီမာလာနဲ့ မက္ကဆီကိုမှာ ပျက်စီးဆုံးရှုံးမှုများတဲ့ ငလျင်ဘေးပြီးနောက် ယေဟောဝါသက်သေတွေ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းအတွက် အသင့်ရှိနေကြ

ဒီဇင်ဘာ ၁ ရက်နေ့မှာစတဲ့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကြီးဟာ ဒေါ်လာ ၁၀ သန်းနီးပါး ကုန်ကျပါမယ်။ လူနေအိမ် ၅၀၀ နဲ့ ဝတ်ပြုစည်းဝေးရာခန်းမ ၁၆ လုံးကို ပြန်ဆောက်ရမယ်။ ဂွါတီမာလာနဲ့ မက္ကဆီကိုမှာ စက်တင်ဘာလအတွင်း လှုပ်ခဲ့တဲ့ ငလျင်နှစ်ခုကြောင့် ပျက်စီးခဲ့တဲ့ အဆောက်အဦတွေကိုလည်း ပြုပြင်ရမယ်။

မက္ကဆီကို စီးတီး။ ဗဟိုအမေရိက ဌာနခွဲကော်မတီက ဂွါတီမာလာနဲ့ မက္ကဆီကိုမှာ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကြီးကို ၂၀၁၇၊ ဒီဇင်ဘာ ၁ ရက်နေ့မှာ စလုပ်ပါမယ်။ စက်တင်ဘာလမှာ ငလျင်ကြီးနှစ်ခုအပြီး ကယ်ဆယ်ရေးလုပ်ငန်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်။ ငလျင်ဘေးသင့်တဲ့ ညီအစ်ကို/မတွေအတွက် သောက်ရေ၊ အစားအစာ၊ ဆေးဝါး၊ အဝတ်အထည်တွေ ထောက်ပံ့ပေးတဲ့ ကယ်ဆယ်ရေးလုပ်ငန်းကို ဌာနခွဲရုံးက ချက်ချင်း စီစဉ်တယ်။ ကယ်ဆယ်ရေးလုပ်ငန်း နောက်တစ်ဆင့်ကတော့ စည်းဝေးပွဲခန်းမတွေ၊ ဝတ်ပြုစည်းဝေးရာ ခန်းမတွေ၊ ညီအစ်ကို/မတွေရဲ့ အိမ်တွေကို ဆောက်လုပ်ပေးဖို့ ဖြစ်တယ်။

စက်တင်ဘာလ ၇ ရက်နေ့မှာ ပြင်းအား ၈.၂ ရှိတဲ့ ငလျင် လှုပ်ခတ်ပြီးနောက် မက္ကဆီကို၊ ချီယာပတ်စ်နဲ့ ဝါဟာကာပြည်နယ်တွေမှာ နေထိုင်တဲ့ ညီအစ်ကို/မ ၆၅၅ ယောက် နေရာရွှေ့ပြောင်းကြရတယ်။ အဲဒီပြည်နယ်နှစ်ခုအတွက် ကယ်ဆယ်ရေးလုပ်ငန်း အစီအစဉ်မှာ လူနေအိမ် ၃၁၅ လုံးနဲ့ ဝတ်ပြုစည်းဝေးရာခန်းမ ၁၅ လုံး ဆောက်လုပ်ရပါမယ်။ ဒါ့အပြင် အိမ် ၁,၀၃၉ လုံး၊ ဝတ်ပြုစည်းဝေးရာခန်းမ ၁၀၈ လုံးနဲ့ စည်းဝေးပွဲခန်းမ ၃ လုံးကိုလည်း ပြုပြင်ရမယ်။

စက်တင်ဘာ ၁၉ ရက်နေ့က မိုရေလို့စ်၊ ပွက်ဘလာ ပြည်နယ်တွေနဲ့ မက္ကဆီကို စီးတီးမှာ ပြင်းအား ၇.၁ ငလျင် လှုပ်ခဲ့လို့ ညီအစ်ကို/မ ၄၆၃ ယောက် နေရာရွှေ့ပြောင်းကြရတယ်။ လူနေအိမ်ပေါင်း ၁၅၈ လုံး ပြန်ဆောက်ရမယ်။ အိမ်အလုံး ၆၀၀၊ ဝတ်ပြုစည်းဝေးရာခန်းမ ၃၉ လုံးနဲ့ စည်းဝေးပွဲခန်းမ တစ်လုံးကိုတော့ ပြုပြင်ရမယ်။

စက်တင်ဘာလ ၇ ရက်နေ့၊ ငလျင်ကြောင့် ဂွါတီမာလာမှာ ညီအစ်ကို/မ ၃၆ ယောက် နေရာရွှေ့ပြောင်းကြရတယ်။ လာမယ့်လတွေမှာ ဆောက်လုပ်ရေး အမှုထမ်းတွေနဲ့ ဒေသခံ စေတနာ့ဝန်ထမ်းတွေဟာ လူနေအိမ် ကိုးလုံးနဲ့ ဝတ်ပြုစည်းဝေးရာခန်းမတစ်လုံးကို ဆောက်လုပ်ပေးကြပါမယ်။ အိမ်အလုံး ၂၀ နဲ့ ဝတ်ပြုစည်းဝေးရာခန်းမ ၄ လုံးကိုလည်း ပြုပြင်ကြပါမယ်။

ကယ်ဆယ်ရေး ကော်မတီ ၃၉ ဖွဲ့ရဲ့ ငါးလ၊ ခြောက်လနီးပါး ကြာမယ့် ကယ်ဆယ်ရေးလုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ ၁၀ သန်း ကုန်ကျမယ်လို့ ဌာနခွဲကော်မတီက ခန့်မှန်းတယ်။ ဆောက်လုပ်ရေး အမှုထမ်း ၃၀ ခန့်ဟာ ငလျင်ဘေးသင့် ဒေသတွေဆီ ပြောင်းရွှေ့ပြီး နောက်ထပ် စေတနာ့ဝန်ထမ်း ၉၇၀ ယောက်က ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေမှာ ကူညီပေးနေကြပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းနဲ့ ငလျင်ဘေးသင့်ဒေသမှာရှိတဲ့ ညီအစ်ကို/မတွေအတွက် “ကယ်ဆယ်ရေးလုပ်ငန်းမှာ ပါဝင်” ကြသူအားလုံးရဲ့ စေတနာစိတ်ကို ယေဟောဝါဘုရား ကောင်းချီးပေးမယ်ဆိုတာ ယုံကြည်စိတ်ချပါတယ်။​—၂ ကောရိန္သု ၈:၄

Media Contacts:

International: David A. Semonian, Office of Public Information, +1-845-524-3000

Guatemala: Juan Carlos Rodas +502-5967-6015

Mexico: Gamaliel Camarillo, +52-555-133-3048