မာတိကာဆီ ကျော်သွား

၂၀၂၃ ခုနှစ်၊ မေ ၁၅ ရက်
ရဝမ်ဒါ

ရဝမ်ဒါနိုင်ငံ အနောက်ပိုင်းမှာ မိုးသည်းထန်လို့ ရေကြီးပြီး မြေပြိုမှု ဖြစ်ပွား

ရဝမ်ဒါနိုင်ငံ အနောက်ပိုင်းမှာ မိုးသည်းထန်လို့ ရေကြီးပြီး မြေပြိုမှု ဖြစ်ပွား

၂၀၂၃ ခုနှစ်၊ မေ ၂ နဲ့ ၃ ရက်မှာ မိုးသည်းထန်ခဲ့လို့ရဝမ်ဒါနိုင်ငံ အနောက်ပိုင်းမှာ ရေကြီးပြီး မြေပြိုခဲ့တယ်။ လူ ၁၃၀ ကျော် သေဆုံးခဲ့ပြီး ထောင်နဲ့ချီတဲ့သူတွေ နေအိမ်ကို စွန့်ခွာရွှေ့ပြောင်းခဲ့ရတယ်။ ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့် ကောက်ပဲသီးနှံတွေ၊ နေအိမ်တွေ၊ တံတားတွေနဲ့ လမ်းတွေ ပြိုကျပျက်စီးခဲ့တယ်။

ညီအစ်ကို၊ ညီအစ်မတွေရဲ့ အခြေအနေ

  • ညီအစ်ကို၊ ညီအစ်မတစ်ယောက်မှ သေဆုံးခြင်းမရှိ

  • အိမ် ၅၁ လုံး လုံးဝ ပျက်စီး

  • အိမ် ၄၃ လုံး အကြီးအကျယ် ထိခိုက်ပျက်စီး

  • ဝတ်ပြုရာခန်းမ ၂ လုံး အနည်းငယ် ထိခိုက်ပျက်စီး

ကယ်ဆယ်ရေး လုပ်ဆောင်မှု

  • ကယ်ဆယ်ရေးလုပ်ငန်း စီစဉ်ဖို့၊ လက်တွေ့ကျကျ ထောက်ပံ့ပေးဖို့ ကယ်ဆယ်ရေးကော်မတီ ၃ ခု ဖွဲ့စည်း

  • ဌာနခွဲကော်မတီဝင်တွေ၊ တိုက်နယ်ကြီးကြပ်မှူးတွေနဲ့ ဒေသခံ အကြီးအကဲတွေက ဘေးသင့်ဒေသက ညီအစ်ကို/မတွေကို ကျမ်းစာနဲ့ နှစ်သိမ့်အားပေး

“ဒုက္ခရောက်ချိန်” ကို ဖြတ်ကျော်နေရတဲ့ ရဝမ်ဒါနိုင်ငံက ညီအစ်ကို/မတွေကို ယေဟောဝါဘုရား ဆက်ပြီး ထောက်မပေးဖို့ ဆုတောင်းနေပါတယ်။—ဆာလံ ၄၆:၁