မာတိကာဆီ ကျော်သွား

ဘယ်မှညာ– ညီအစ်ကို ယူရီ ကိုလိုတင်စကီ၊ မီခေးလ် ပယ်ရီရှက်နီကို့ဗ်နဲ့ အန်နာတိုလီ ဆီရီဆာရာချက်ဗ်

၂၀၂၄ ခုနှစ်၊ မတ် ၂၇ ရက်
ရုရှား

ညီအစ်ကိုတွေ ယုံကြည်ခြင်းခိုင်မာပြီး အကောင်းမြင်စိတ်ရှိ

ညီအစ်ကိုတွေ ယုံကြည်ခြင်းခိုင်မာပြီး အကောင်းမြင်စိတ်ရှိ

အယ်လတိုင်ဒေသ၊ ဘာနာဝူမြို့၊ လီနင်စကီ ခရိုင်တရားရုံးက ညီအစ်ကို ယူရီ ကိုလိုတင်စကီ၊ မီခေးလ် ပယ်ရီရှက်နီကို့ဗ်နဲ့ အန်နာတိုလီ ဆီရီဆာရာချက်ဗ်တို့ကို မကြာခင် စီရင်ချက်ချပါတော့မယ်။

ကိုယ်ရေးအကျဉ်း

ယေဟောဝါကို ယုံကြည်အားကိုးတဲ့ ဒီညီအစ်ကိုတွေဟာ ကျွန်တော်တို့အတွက် ပုံနမူနာကောင်းပါပဲ။ ယေဟောဝါရဲ့ခိုင်မြဲတဲ့မေတ္တာနဲ့ သစ္စာတရားကနေ သူတို့ ဆက်အကျိုးရနေမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်တယ်။—ဆာလံ ၂၅:၁၀

အချိန်ပြဇယား

  1. မေ ၂၅၊ ၂၀၂၁

    မီခေးလ်ကို ပြစ်မှုနဲ့ တရားစွဲ

  2. မေ ၂၇၊ ၂၀၂၁

    မီခေးလ်ရဲ့အိမ်ကို ဝင်ရောက်ရှာဖွေ။ မီခေးလ်နဲ့ အန်တိုနီနာကို စစ်ဆေးမေးမြန်း။ မီခေးလ်ကို ခရီးသွားလာခွင့်ကန့်သတ်

  3. အောက်တိုဘာ ၆၊ ၂၀၂၂

    အန်နာတိုလီနဲ့ ယူရီကို ပြစ်မှုနဲ့တရားစွဲပြီး မီခေးလ်အမှုနဲ့ တစ်မှုတည်းအဖြစ်ပေါင်း

  4. အောက်တိုဘာ ၇၊ ၂၀၂၂

    အန်နာတိုလီနဲ့ ယူရီကို ခရီးသွားလာခွင့်ကန့်သတ်

  5. ဇန်နဝါရီ ၁၉၊ ၂၀၂၃

    ပြစ်မှုစတင်ကြားနာစစ်ဆေး