မာတိကာဆီ ကျော်သွား

အမေရိကန်နိုင်ငံ၊ နီဗာဒါပြည်နယ်၊ လက်စ်ဗီးဂတ်မြို့က လူအစည်ကားဆုံး နေရာတွေမှာ စာပေလက်တွန်းစင်တွေ ခင်းကျင်းထား

၂၀၂၄ ခုနှစ်၊ မတ် ၅ ရက်
အမေရိကန်

၂၀၂၄ ခုနှစ် အမေရိကန်လက်ပစ်ဘောလုံးပွဲမှာ ကျမ်းစာသတင်းစကား ကြေညာခြင်း

၂၀၂၄ ခုနှစ် အမေရိကန်လက်ပစ်ဘောလုံးပွဲမှာ ကျမ်းစာသတင်းစကား ကြေညာခြင်း

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်မှာ အမေရိကန်နိုင်ငံ၊ နီဗာဒါပြည်နယ်၊ လက်စ်ဗီးဂတ်မြို့မှာ နာမည်ကြီး အမေရိကန်လက်ပစ်ဘောလုံးပွဲ (Super Bowl) ကျင်းပခဲ့တယ်။ ပြိုင်ပွဲမတိုင်ခင်အပတ်မှာ အဲဒီမြို့ကို ဧည့်သည် ၃၀၀,၀၀၀ လောက် လာရောက်လည်ပတ်ကြတယ်။ ယေဟောဝါသက်သေတွေက လူအစည်ကားဆုံး လမ်းမကြီးတစ်လျှောက်က မီးပွိုင့်အခု ၅၀ အနီးမှာ စာပေလက်တွန်းစင်တွေကို ဘာသာစကားကိုးမျိုးနဲ့ ခင်းကျင်းပြသခဲ့တယ်။ အစီအစဉ်မှာ ညီအစ်ကို/မ ၁,၅၀၀ လောက် ပါဝင်ကြတယ်။ ရရှိခဲ့တဲ့ တွေ့ကြုံမှုကောင်းများစွာထဲက တချို့ကို ဖတ်ကြည့်ပါ။

ကမ္ဘာမြေ ဆက်ရှင်သန်နိုင်မလား” ဆိုတဲ့ ပိုစကာနဲ့ လက်တွန်းစင်နားကို အမျိုးသားတစ်ယောက် ဖြတ်လျှောက်သွားတယ်။ သူ ချက်ချင်းပြန်လှည့်လာပြီး လက်တွန်းစင်နားမှာ ရပ်နေတဲ့ ယေဟောဝါသက်သေတွေကို လက်ရှိကမ္ဘာ့အခြေအနေနဲ့ပတ်သက်ပြီး စိတ်ပူမိကြောင်း ပြောပြတော့တယ်။ အနာဂတ်မှာ ငြိမ်းချမ်းလာမယ့်အကြောင်း ကတိပြုထားတဲ့ ယေရမိ ၂၉:၁၁ ကို ဖတ်ပြတဲ့အခါ သူ သဘောကျသွားတယ်။ ညီအစ်ကိုတွေနဲ့ တစ်နာရီလောက် ဆက်စကားပြောပြီး အစည်းအဝေးတွေ တက်ကြည့်ချင်တယ်လို့ ပြောပြသွားတယ်။

စာပေလက်တွန်းစင်နား ချဉ်းကပ်လာတဲ့မိသားစုနဲ့ ညီအစ်မတွေ စကားပြောနေ

အားကစားရုံနားမှာလည်း “ကမ္ဘာမြေ ဆက်ရှင်သန်နိုင်မလား” ဆိုတဲ့ ပိုစတာနဲ့ လက်တွန်းစင် ထားထားတာကို လုံခြုံရေးအစောင့် သတိပြုမိတယ်။ ဒါနဲ့ တာဝန်ချိန်ပြီးရင် လာကြည့်မယ်လို့ ညီအစ်ကိုတွေကို ပြောသွားတယ်။ ခဏကြာတော့ ပြန်လာတယ်။ သိပ်မကြာခင်က ကျမ်းစာစဖတ်ဖြစ်တဲ့အကြောင်း ပြောပြတယ်။ ဒါနဲ့ ညီအစ်ကိုတွေက ကျမ်းစာလေ့လာတဲ့ အစီအစဉ်ရှိကြောင်း ပြောပြတဲ့အခါ သူ သိပ်ဝမ်းသာသွားတယ်။ သူ့ဆီ ညီအစ်ကိုတစ်ယောက် လည်ပတ်နိုင်ဖို့ စီစဉ်ခဲ့ကြတယ်။

ပြိုင်ပွဲမတိုင်ခင် တစ်ရက်အလို၊ တစ်အိမ်မှတစ်အိမ် အမှုဆောင်ထွက်ရင်း အမျိုးသမီးတစ်ယောက်နဲ့ ဆုံတယ်။ သူက တီဗီသတင်းမှာ လက်တွန်းစင်တွေအကြောင်း ကြည့်လိုက်ရတယ်လို့ ပြောပြပြီး “အခုလို ခက်ခဲတဲ့အချိန်မှာ မျှော်လင့်ချက်လိုအပ်နေတာ။ ရှင်တို့တွေ တကယ်ကောင်းတဲ့အလုပ် လုပ်နေတာပဲ” လို့ ပြောတယ်။ ယေဟောဝါသက်သေတွေ အစည်းအဝေးကျင်းပတဲ့ လိပ်စာနဲ့အချိန်ကိုလည်း မေးမြန်းခဲ့တယ်။

လူစည်ကားရာနေရာမှာ ‘ဉာဏ်ပညာ ဟစ်အော်’ တာကို လူတွေ လက်ခံနေတဲ့အတွက် ယေဟောဝါဘုရားကို ကျွန်တော်တို့ ဂုဏ်တင်ချီးမွမ်းပါတယ်။—ပညာအလိမ္မာ ၁:၂၀၊ ၂၁