မာတိကာဆီ ကျော်သွား

ကျမ်းစာ ဗီဒီယိုများ—အရေးကြီးတဲ့ သွန်သင်ချက်များ

ဒီဗီဒီယိုတို သင်ခန်းစာတွေက အရေးကြီးတဲ့ ကျမ်းစာမေးခွန်းတွေကို ဖြေဆိုပေးတယ်။ ဥပမာ၊ ဘုရားက ကမ္ဘာမြေကို ဘာလို့ ဖန်ဆင်းခဲ့တာလဲ၊ လူသေပြီးရင် ဘာဖြစ်သွားသလဲ၊ ဆင်းရဲဒုက္ခကို ဘုရား ဘာလို့ ခွင့်ပြုထားတာလဲ စတဲ့ မေးခွန်းတွေ ဖြစ်တယ်။

စကြဝဠာ ဘယ်လို ဖြစ်လာသလဲ

ကျမ်းစာမှာ ဖော်ပြထားတဲ့ ဖန်ဆင်းခြင်းမှတ်တမ်းကို လူအများ နားလည်မှု လွဲကြတယ်။ ဒဏ္ဍာရီလို့တောင် ယူဆကြတယ်။ ကျမ်းစာပါ ဖော်ပြချက်တွေကို ယုံကြည်စိတ်ချနိုင်ပါသလား။

ဘုရားသခင် တကယ် တည်ရှိသလား

ဘုရားသခင် ရှိကြောင်း ယုံကြည်ရတဲ့ အထောက်အထားတွေကို ဆန်းစစ်ကြည့်ပါ။

ဘုရားသခင်မှာ နာမည်ရှိသလား

ဘုရားသခင်မှာ အနန္တတန်ခိုးရှင်၊ ဖန်ဆင်းရှင်၊ သခင်စတဲ့ ဘွဲ့နာမည်တွေ ရှိပါတယ်။ ဘုရားရဲ့ ကိုယ်ပိုင်နာမည်ကို ကျမ်းစာမှာ အကြိမ်ပေါင်း ၇,၀၀၀ ခန့် ထည့်သွင်းထားပါတယ်။

ဘုရားသခင်နဲ့ မိတ်ဆွေ ဖြစ်နိုင်ပါသလား

ရာစုနှစ်တွေတစ်လျှောက် လူတွေဟာ မိမိတို့ကို ဖန်ဆင်းတဲ့အရှင်အကြောင်း သိချင်ခဲ့ကြတယ်။ ဘုရားသခင်နဲ့ မိတ်ဆွေဖြစ်ဖို့ သမ္မာကျမ်းစာက ကူညီပေးနိုင်တယ်။ အရင်ဆုံး ဘုရားနာမည်ကို သိဖို့လိုတယ်။

သမ္မာကျမ်းစာရဲ့ အာဘော်ရှင်က ဘယ်သူလဲ

ကျမ်းစာကို လူတွေရေးတယ်ဆိုရင် ဘုရားသခင်ရဲ့တရားစကားလို့ ခေါ်နိုင်ပါ့မလား။ ကျမ်းစာမှာ ဘယ်သူ့အတွေးအခေါ်တွေ ပါဝင်သလဲ။

ကျမ်းစာက မှန်ကန်သလား

ကျမ်းစာရဲ့ အာဘော်ရှင်က ဘုရားသခင်ဆိုရင် တခြားဘယ်စာအုပ်နဲ့မှမတူဘဲ ထူးခြားနေရမယ်။

ကမ္ဘာကို ဘုရားသခင် ဘာကြောင့် ဖန်ဆင်းခဲ့တာလဲ

ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးပေါ်မှာ အလှအပတွေ အပြည့်ရှိတယ်။ ကမ္ဘာနဲ့ နေ အကွာအဝေးဟာ အနေတော်၊ ဝန်ရိုးပေါ်မှာ တိမ်းစောင်းနေတာကလည်း အနေတော်ဖြစ်ရုံသာမက ကမ္ဘာ လည်ပတ်နှုန်းကိုလည်း အနေတော်ဖြစ်အောင် ဘုရား လုပ်ထားတယ်။ ဘုရားသခင်က ကမ္ဘာမြေကို ဘာကြောင့် အဲဒီလောက် ကြိုးစားပမ်းစား ဖန်ဆင်းရတာလဲ။

ဘဝရဲ့ရည်ရွယ်ချက်က ဘာလဲ

ဘဝကို အဓိပ္ပာယ်ရှိရှိ ကျေနပ်ပျော်ရွှင်မှုရှိရှိ ဖြတ်သန်းနိုင်အောင် ကူညီပေးတဲ့ သော့ချက်ကို လေ့လာကြည့်ပါ။

သေလွန်သူတွေရဲ့ အခြေအနေ ဘယ်လိုရှိသလဲ

လာဇရုလိုပဲ တစ်နေ့ကျရင် လူများစွာဟာ သေရာကနေ အသက် ပြန်ရှင်လာမယ်ဆိုပြီး သမ္မာကျမ်းစာမှာ ကတိပြုထားတယ်။

နှိပ်စက်ညှဉ်းဆဲတဲ့ ငရဲဆိုတာ တကယ် ရှိသလား

“ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာ ဖြစ်” လို့ လူတွေ အရင်က လုပ်ခဲ့တဲ့ မကောင်းမှုတွေအတွက် ဘယ်တော့မှ နှိပ်စက်ညှဉ်းဆဲမှာ မဟုတ်ဘူးလို့ ကျမ်းစာ ဆိုတယ်။

ယေရှုခရစ်ဟာ ဘုရားသခင်လား

ယေရှုနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်က ပုဂ္ဂိုလ်တစ်ဦးတည်းလား။ ဒါမှမဟုတ် သီးခြား ပုဂ္ဂိုလ်နှစ်ဦးလား။

ယေရှု ဘာဖြစ်လို့ အသေခံရတာလဲ

ကျွန်တော်တို့ရဲ့ အပြစ်အတွက် ယေရှု အသေခံခဲ့တယ်ဆိုတာ ကြားဖူးပါလိမ့်မယ်။ ဒါပေမဲ့ တစ်ယောက်သောသူရဲ့ ပူဇော်သက္ကာက သန်းနဲ့ချီတဲ့ လူတွေအတွက် တကယ် အကျိုးရှိနိုင်သလား။

ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ

ယေရှုဟာ မြေကြီးပေါ် အမှုဆောင်ချိန်အတွင်း ဘုရားသခင့် နိုင်ငံတော်အကြောင်းကို တခြားအကြောင်းတွေထက် ပိုသွန်သင်ပေးခဲ့တယ်။ နှစ်တွေတစ်လျှောက် သူ့နောက်လိုက်တွေလည်း နိုင်ငံတော်လာဖို့ ဆုတောင်းခဲ့ကြတယ်။

၁၉၁၄ ခုနှစ်မှာ ဘုရားသခင့်နိုင်ငံတော် စတင်အုပ်စိုး

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၆၀၀ ကျော်က သြဇာအာဏာကြီးတဲ့ ဘုရင်တစ်ပါးကို ဘုရား ပေးတဲ့ အိပ်မက် အခု ပြည့်စုံနေတယ်။

၁၉၁၄ ကစပြီး ဒီလောက ပြောင်းလဲသွား

၁၉၁၄ ကစပြီး မြင်တွေ့နေရတဲ့ ကမ္ဘာ့အခြေအနေတွေ၊ လူတွေရဲ့ သဘောထားတွေက “နောက်ဆုံးကာလ” နဲ့ပတ်သက်တဲ့ ကျမ်းစာ ကြိုဟောချက်တွေ ပြည့်စုံနေမှန်း သိသာတယ်။

သဘာဝဘေးအန္တရာယ်တွေဟာ ဘုရား လက်ချက်လား

ကျမ်းစာကနေ သိရှိလာတာတွေအကြောင်း သဘာဝဘေးအန္တရာယ် ကြုံတွေ့ခဲ့သူနှစ်ဦး ပြောပြထားတယ်။

ဆင်းရဲဒုက္ခတွေကို ဘုရားသခင် ဘာကြောင့် ဖြစ်ခွင့် ပြုထားသလဲ

စိတ်ကျေနပ်စေမယ့်၊ နှစ်သိမ့်မှု ဖြစ်စေမယ့်အဖြေ ကျမ်းစာမှာ ဖော်ပြထားပါတယ်။

ဝတ်ပြုကိုးကွယ်မှုပုံစံအားလုံးကို ဘုရား လက်ခံသလား

ဘယ်ဘာသာပဲ ကိုးကွယ်ပါစေ အရေးမကြီးဘူးလို့ လူအများ ယူဆကြတယ်။

ဝတ်ပြုရေးမှာ ရုပ်တုတွေ အသုံးပြုခြင်းကို ဘုရားသခင် နှစ်သက်သလား

မမြင်ရတဲ့ ဘုရားနဲ့ ရင်းနှီးဖို့ ရုပ်တုတွေက အကူအညီ ပေးနိုင်သလား။

ဆုတောင်းချက်အားလုံးကို ဘုရားသခင် နားထောင်ပါသလား

တစ်ကိုယ်ကောင်းဆန်တဲ့ ဆုတောင်းချက်တွေ ဖြစ်နေရင်ကော။ ယောက်ျားက ဇနီးကို နှိပ်စက်တယ်၊ နောက်တစ်နေ့ကျတော့ ဘုရားကောင်းချီးရဖို့ ဆုတောင်းရင်ကော။

အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး ဘုရားရဲ့ အမြင်က ဘာလဲ

ဘုရားသခင်က သင်တို့ရဲ့အိမ်ထောင်ကို ပျော်ရွှင်သာယာစေချင်တယ်။ ကျမ်းစာမှာပါတဲ့ အကြံပြုချက်တွေက အိမ်ထောင်သည်များစွာကို ကူညီပေးခဲ့ပါပြီ။

ညစ်ညမ်းရုပ်ပုံစာပေတွေ ကြည့်တာကို အပြစ်လို့ ဘုရားရှုမြင်သလား

ကျမ်းစာထဲမှာ “ညစ်ညမ်းရုပ်ပုံစာပေ” ဆိုတဲ့ စကားလုံး ပါလို့လား။ ညစ်ညမ်းရုပ်ပုံစာပေနဲ့ပတ်သက်ပြီး ဘုရားရှုမြင်ပုံကို ဘယ်လို သိနိုင်သလဲ။