မာတိကာဆီ ကျော်သွား

ယေရှုခရစ်ဟာ သွေးသားခန္ဓာ ဒါမှမဟုတ် နာမ်ဝိညာဉ်ခန္ဓာနဲ့ အသက်ပြန်ရှင်လာတာလား

ယေရှုခရစ်ဟာ သွေးသားခန္ဓာ ဒါမှမဟုတ် နာမ်ဝိညာဉ်ခန္ဓာနဲ့ အသက်ပြန်ရှင်လာတာလား

ကျမ်းစာအဖြေ

 ယေရှုဟာ “ခန္ဓာကိုယ်၌ အသေခံတော်မူပြီး နာမ်ဝိညာဉ်အဖြစ် အသက်ရှင် [အသက်ပြန်ရှင်] တော်မူ၏” လို့ ကျမ်းစာမှာဖော်ပြထားတယ်။—၁ ပေတရု ၃:၁၈; တမန်တော် ၁၃:၃၄; ၁ ကောရိန္သု ၁၅:၄၅; ၂ ကောရိန္သု ၅:၁၆

 ယေရှုဟာ သွေးသားကိုယ်ခန္ဓာနဲ့ အသက်ပြန်ရှင်လာမှာ မဟုတ်ဘူးဆိုတာ သူကိုယ်တိုင်ပြောခဲ့တဲ့စကားတွေကိုကြည့်ပြီး သိနိုင်တယ်။ “လောကသားတို့ အသက်ရှင်ရန်” တစ်နည်းအားဖြင့် လူသားတွေကိုကယ်တင်ပေးဖို့ ရွေးနုတ်ဖိုးအဖြစ် ယေရှုဟာ မိမိရဲ့ “အသား” [သွေးသားခန္ဓာကိုယ်] ကိုပေးဆက်မယ်လို့ ပြောခဲ့တယ်။ (ယောဟန် ၆:၅၁; မဿဲ ၂၀:၂၈) တကယ်လို့ ယေရှုသာ သွေးသားခန္ဓာနဲ့ပဲ အသက်ပြန်ရှင်လာမယ်ဆိုရင် လူသားတွေအတွက် သူပေးဆက်မယ့် ကယ်တင်ရာရွေးနုတ်ဖိုးက ပယ်ပျက်သွားပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီလိုမဖြစ်ခဲ့ပါဘူး။ ကိုယ်တော်ဟာ မိမိရဲ့သွေးသားခန္ဓာကိုယ်ကို “တစ်ကြိမ်တည်းအပြီး” ပေးဆက်ခဲ့ပါတယ်။—ဟေဗြဲ ၉:၁၁၊ ၁၂

ယေရှုသာ နာမ်ဝိညာဉ်ခန္ဓာနဲ့အသက်ပြန်ရှင်လာတယ်ဆိုရင် ကိုယ်တော်ကို တပည့်တွေ ဘယ်လိုလုပ်မြင်နိုင်မှာလဲ

  •  ကောင်းကင်တမန်တွေဟာ လူယောင်ဖန်ဆင်းနိုင်ပါတယ်။ ဥပမာ၊ လူယောင်ဖန်ဆင်းခဲ့တဲ့ ကောင်းကင်တမန်တစ်ပါးဆိုရင် လူသားတွေနဲ့အတူ စားသောက်ခဲ့တယ်။ (ကမ္ဘာဦး ၁၈:၁–၈; ၁၉:၁–၃) ဒါပေမဲ့ လူယောင်ဖန်ဆင်းတဲ့ ကောင်းကင်တမန်တွေဟာ နာမ်ဝိညာဉ်ပုဂ္ဂိုလ်တွေအဖြစ်ဆက်ရှိနေပြီး မြေကြီးပေါ်ကနေ ထွက်ခွာနိုင်ကြပါတယ်။—တရားသူကြီး ၁၃:၁၅–၂၁

  •  ကောင်းကင်တမန်တွေလုပ်ခဲ့သလိုပဲ ယေရှုလည်း သူအသက်ပြန်ရှင်လာပြီးနောက်မှာ လူ့အသွင် ခဏဆောင်ယူခဲ့ပါတယ်။ နာမ်ဝိညာဉ်ပုဂ္ဂိုလ်တစ်ပါးအနေနဲ့ ယေရှုဟာ လူသားတွေရှေ့မှာ ရုတ်ချည်းပေါ်လာနိုင်စွမ်း၊ ချက်ချင်းပြန်ပျောက်သွားနိုင်စွမ်း ရှိပါတယ်။ (လုကာ ၂၄:၃၁; ယောဟန် ၂၀:၁၉၊ ၂၆) လူသားတွေရှေ့မှာ ကိုယ်တော် လူ့အသွင်ဆောင်ယူတဲ့ သွေးသားခန္ဓာကိုယ်ပုံစံက အခြေအနေတစ်ခုနဲ့တစ်ခု အတိအကျ မတူညီပါဘူး။ ဒါကြောင့် ယေရှုရဲ့အရင်းနှီးဆုံးမိတ်ဆွေတွေတောင်မှ ကိုယ်တော်လုပ်ခဲ့၊ ပြောခဲ့ရာတွေကို တွေ့မြင်ကြားပြီးမှသာ ယေရှုမှန်း မှတ်မိသွားကြခြင်းဖြစ်ပါတယ်။—လုကာ ၂၄:၃၀၊ ၃၁၊ ၃၅; ယောဟန် ၂၀:၁၄–၁၆; ၂၁:၆၊ ၇

  •  တမန်တော်သောမရှေ့ ယေရှု လူ့အသွင်ဆောင်ချိန်မှာ ဒဏ်ရာဒဏ်ချက်တွေရှိနေတဲ့ သွေးသားခန္ဓာကိုယ်နဲ့ဖြစ်တယ်။ ယေရှု အသက်ပြန်ရှင်လာတာကို တပည့်ဖြစ်သူသောမ သံသယရှိနေလို့ သူ့ယုံကြည်ခြင်းခိုင်မာစေဖို့ အဲဒီလိုခန္ဓာကိုယ်နဲ့ ကိုယ်တော် ထင်ရှားပြရတာဖြစ်တယ်။