မာတိကာဆီ ကျော်သွား

စိတ်ကျဝေဒနာကို ရင်ဆိုင်ဖြေရှင်းရာမှာ သမ္မာကျမ်းစာက ကူညီပေးနိုင်သလား

စိတ်ကျဝေဒနာကို ရင်ဆိုင်ဖြေရှင်းရာမှာ သမ္မာကျမ်းစာက ကူညီပေးနိုင်သလား

သမ္မာကျမ်းစာဖြေဆိုရာ

 ကူညီပေးနိုင်ပါတယ်။ အကြောင်းကတော့ အကောင်းဆုံး အကူအညီကို “စိတ်ညှိုးငယ်သူတို့ကို နှစ်သိမ့်ပေးတော်မူသော ဘုရားသခင်” ဆီက ရရှိနိုင်လို့ဖြစ်တယ်။—၂ ကောရိန္သု ၇:၆

စိတ်ကျဝေဒနာရှင်တွေကို ဘုရားသခင် ကူညီပေးနိုင်ရာ

  •   ခံနိုင်ရည်။ ဘုရားသခင်ဟာ သင့်ပြဿနာအားလုံးကို ဖယ်ရှားပေးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ပြဿနာတွေကို ရင်ဆိုင်နိုင်ဖို့ ခံနိုင်ရည်ကို သင် တောင်းခံတဲ့အခါ သင့်ဆုတောင်းချက်ကို ဖြေကြားပေးခြင်းအားဖြင့် သင့်ကို “နှစ်သိမ့်” ပေးပါလိမ့်မယ်။ (ဖိလိပ္ပိ ၄:၁၃) သမ္မာကျမ်းစာမှာ ‘ယေဟောဝါဘုရားသည် ကျိုးပဲ့သောစိတ်ရှိသောသူတို့နှင့် နှလုံးကြေကွဲသောသူတို့ကို နီးတော်မူ၏’ လို့ပြောထားတဲ့အတွက် ဘုရားသခင်ဟာ သင့်ဆုတောင်းသံကို နားထောင်ဖို့ အသင့်ရှိတယ်ဆိုတာ စိတ်ချနိုင်ပါတယ်။ (ဆာလံ ၃၄:၁၈) တကယ်ဆိုရင် သင့်ရဲ့ခံစားချက်တွေကို စကားလုံးနဲ့ မဖော်ပြနိုင်ရင်တောင် သင် အကူအညီတောင်းတာကို ဘုရားသခင် ကြားနိုင်ပါတယ်။—ရောမ ၈:၂၆၊ ၂၇

  •   စံနမူနာများ။ ကျမ်းရေးသူတစ်ဦးက ဘုရားသခင်ဆီ ဒီလိုဆုတောင်းခဲ့တယ် “ကျွန်တော်မျိုးသည် စိတ်နှလုံးကြေကွဲရာမှ ကိုယ်တော်ရှင်အား အော်ဟစ်ပါ၏။ ... အကယ်၍ ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့၏ အပြစ်များကို ရေးမှတ်ထားမည်ဆိုပါက အဘယ်သူသည် အပြစ်ဒဏ်စီရင်ခြင်းနှင့် ကင်းလွတ်နိုင်ပါမည်နည်း။ သို့ရာတွင် ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့၏ အပြစ်များကို ဖြေလွှတ်တော်မူ၏။ ထို့ကြောင့် ကျွန်တော်မျိုးတို့သည် ကိုယ်တော်အား ရိုသေကျိုးနွံကြပါ၏။” (ဆာလံ ၁၃၀:၁၊ ၃၊ ၄ခမ) ဘုရားသခင်က ကျွပ်တို့ရဲ့အပြစ်တွေကို ခွင့်လွှတ်ပေးလိုတယ်ဆိုတာကို ကျမ်းရေးသူ အမှတ်ရခြင်းအားဖြင့် သူ စိတ်ကျဝေဒနာခံစားရတဲ့အချိန်မှာ သက်သာရာရခဲ့တယ်။

  •   မျှော်လင့်ခြင်း။ ဘုရားသခင်က အခုချိန်မှာ နှစ်သိမ့်မှုပေးတဲ့အပြင် စိတ်ကျဝေဒနာကို ဖြစ်ပေါ်စေတဲ့ ပြဿနာအားလုံးကို ဖယ်ရှားပေးမယ်လို့လည်း ကတိပေးထားပါတယ်။ အဲဒီကတိက ဒီကျမ်းစကားအတိုင်း ပြည့်စုံလာပါလိမ့်မယ် “အတိတ်က အဖြစ်အပျက်များ [စိတ်ကျဝေဒနာအပါအဝင်] သည် လုံးဝ မေ့ပျောက်၍ သွားလိမ့်မည်။”—ဟေရှာယ ၆၅:၁၇ခမ။

 သတိပြုရန်– ယေဟောဝါသက်သေတွေဟာ ဘုရားသခင်ရဲ့အကူအညီကို ရယူပေမဲ့ တစ်ချိန်တည်းမှာ စိတ်ကျဝေဒနာစတဲ့ ရောဂါတွေအတွက် ဆေးဝါးကုသမှုတွေကို ခံယူပါတယ်။ (မာကု ၂:၁၇) ဒါပေမဲ့လည်း ဆေးဝါးကုသမှုတစ်မျိုးမျိုးကို ထောက်ခံတာမျိုး မရှိပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး လူတိုင်းဟာ ကိုယ်ပိုင်ဆုံးဖြတ်ချက် ချသင့်တယ်လို့ ကျွန်တော်တို့ယူဆပါတယ်။