မာတိကာဆီ ကျော်သွား

ဘုရားသခင်က သုံးပါးတစ်ဆူလား။

ဘုရားသခင်က သုံးပါးတစ်ဆူလား။

သမ္မာကျမ်းစာဖြေဆိုရာ

 ခရစ်ယာန်ဂိုဏ်းဂဏပေါင်းများစွာက ဘုရားသခင်ဟာ သုံးပါးပေါင်းတစ်ဆူဘုရားဖြစ်တယ်လို့ သွန်သင်ကြတယ်။ ဒါပေမဲ့ စွယ်စုံကျမ်းတစ်အုပ် (Encyclopædia Britannica) မှာ ဒီလိုပြောထားတယ် “ဓမ္မသစ်ကျမ်းမှာ သုံးပါးတစ်ဆူဆိုတဲ့ စကားလုံးကိုဖြစ်ဖြစ်၊ အဲဒီအယူဝါဒအကြောင်း တိတိကျကျဖော်ပြထားတာကိုပဲဖြစ်ဖြစ် မတွေ့ရပါဘူး။ . . . အဲဒီအယူဝါဒဟာ ရာစုနှစ်တွေတစ်လျှောက် အငြင်းအခုံပေါင်းများစွာကြားက တဖြည်းဖြည်း ပေါ်ပေါက်လာခဲ့တာဖြစ်တယ်။

 သမ္မာကျမ်းစာက ဘုရားသခင်ကို သုံးပါးပေါင်းတစ်ဆူရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ဘယ်နေရာမှာမှ မဖော်ပြထားဘူး။ ဒီကျမ်းချက်တွေကို သတိပြုကြည့်ပါ

 “ထာဝရဘုရားသည် တစ်ဆူတည်းသော ထာဝရဘုရားဖြစ်တော်မူ၏။”—တရားဟောရာ ၆:၄

 “ထာဝရဘုရား [ယေဟောဝါ] ဟူ၍ နာမတော်ရှိသော ကိုယ်တော်တစ်ပါးတည်းသာလျှင် မြေကြီးတစ်ပြင်လုံးအပေါ်မှာ အမြင့်ဆုံးသောဘုရားဖြစ်တော်မူ[၏။]”—ဆာလံ ၈၃:၁၈

 “ထာဝရအသက်ရရန် မှန်သောဘုရားသခင် တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်နှင့် စေလွှတ်ခြင်းခံရသော ယေရှုခရစ်တို့နှင့်ဆိုင်သည့် အသိပညာကို သူတို့ဆည်းပူးနေရမည်။”—ယောဟန် ၁၇:၃

 “ဘုရားသခင်သည် တစ်ပါးတည်းဖြစ်တော်မူ၏။”—ဂလာတိ ၃:၂၀

 ခရစ်ယာန်ဂိုဏ်းဂဏအများစုက ဘုရားသခင်ကို သုံးပါးတစ်ဆူလို့ ဘာလို့ပြောရတာလဲ။