မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကင်းမျှော်စင် အမှတ်  ၁၊ ၂၀၂၃ | စိတ်ကျန်းမာရေးအတွက် အကူအညီ ဘယ်က ရနိုင်မလဲ

ကမ္ဘာတစ်ဝန်း လူသန်းပေါင်းများစွာ စိတ်ကျန်းမာရေး ပြဿနာ ရင်ဆိုင်နေကြရတယ်။ စီးပွားရေး၊ ပညာရေး၊ လူမျိုးရေး၊ ဘာသာရေး နောက်ခံပေါင်းစုံက လူကြီးလူငယ်မရွေး စိတ်ကျဝေဒနာကို တိုက်လှန်ရနိုင်တယ်။ စိတ်ဝေဒနာဆိုတာ ဘာလဲ။ ဘာအကျိုးဆက်တွေ ရှိသလဲ။ ကုသမှု ခံယူဖို့ ဘယ်လောက် အရေးကြီးသလဲ။ ကျမ်းစာက ဘယ်လို လက်တွေ့ကျကျ ကူညီပေးနိုင်သလဲ။ ဒီမဂ္ဂဇင်းမှာ ဆွေးနွေးထားပါတယ်။

 

စိတ်ကျန်းမာရေး—ကမ္ဘာချီ ပြဿနာ

ဘယ်အသက်အရွယ်၊ နောက်ခံ ရှိပါစေ စိတ်ဝေဒနာရဲ့ ဂယက်ရိုက်မှု ခံရနိုင်တယ်။ ကျမ်းစာ အကြံပြုချက်တွေက သင့်စိတ်ကျန်းမာရေးကို ဘယ်လို တိုးတက်ကောင်းမွန်စေနိုင်ကြောင်း လေ့လာကြည့်ပါ။

သင့်ကို ဘုရား ဂရုစိုက်

သင့်အတွေး၊ ခံစားချက်တွေကို ဘယ်သူ့ထက်မဆို ယေဟောဝါဘုရား နားလည်ကြောင်း ဘာကြောင့် စိတ်ချနိုင်သလဲ။

၁ | ဆုတောင်းခြင်း—“စိုးရိမ်ပူပန်စရာ ရှိသမျှကို ဘုရားသခင်ဆီ ပုံအပ်ထားလိုက်ပါ”

ကိုယ့်စိုးရိမ်မှု၊ ပူပင်သောကတွေကို ဘုရားဆီ တကယ်ပဲ ဆုတောင်းပြောပြနိုင်သလား။ ဆုတောင်းခြင်းက စိတ်ဝေဒနာ ရှိသူတွေကို ဘယ်အတိုင်းအတာအထိ ကူညီပေးနိုင်သလဲ။

၂ | ‘ကျမ်းစာက ပေးတဲ့ နှစ်သိမ့်မှု’

နာကျင်စရာ ခံစားချက်တွေ ကွယ်ပျောက်သွားမယ့် အနာဂတ်အကြောင်း စစ်မှန်တဲ့ မျှော်လင့်ချက်ကို ကျမ်းစာမှာ ဖော်ပြထားတယ်။

၃ | ကျမ်းစာ စံနမူနာရှင်များ

ကျွန်တော်တို့လိုပဲ ခံစားချက် ရှိတဲ့ သစ္စာရှိ အမျိုးသား၊ အမျိုးသမီးတွေအကြောင်း ကျမ်းမှတ်တမ်းတွေက ထိတ်လန့်စရာ ခံစားချက်တွေကို တိုက်ထုတ်ဖို့ အားတက်လာစေတယ်။

၄ | ကျမ်းစာက ပေးတဲ့ လက်တွေ့ကျ အကြံဉာဏ်

ကျမ်းချက်တွေကို တွေးတောတာ၊ လက်လှမ်းမီတဲ့ ပန်းတိုင်တွေ ချမှတ်တာက စိတ်ဝေဒနာကို တိုက်ထုတ်နိုင်ဖို့ ဘယ်လို ကူညီပေးကြောင်း လေ့လာကြည့်ပါ။

စိတ်ပိုင်းဆိုင်ရာ ပြဿနာ ရှိသူတွေကို ကူညီပေးနိုင်ပုံ

စိတ်ပိုင်းဆိုင်ရာ ပြဿနာ ရှိနေတဲ့ မိတ်ဆွေအတွက် သင့်အကူအညီဟာ ကောက်ရိုးတစ်မျှင် ဖြစ်နိုင်တယ်။