မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စိတ်ဝေဒနာတွေ မရှိတော့မယ် အချိန်—ဘုရားပေးကတိ

စိတ်ဝေဒနာတွေ မရှိတော့မယ် အချိန်—ဘုရားပေးကတိ

စိတ်ဝေဒနာ ရှိသူတွေအတွက် အကူအညီ ဖြစ်စေမယ့် အကြံဉာဏ်နဲ့ နှစ်သိမ့်မှုကို ကျမ်းစာကတစ်ဆင့် ဘုရား ပေးထားတယ်။

ဒါပေမဲ့ ဘုရားက အကြံပေး၊ နှစ်သိမ့်ရုံလောက်ပဲ မဟုတ်ဘူး။ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းမှန်သမျှကို အပြီးအပိုင် ဖယ်ရှားပေးမယ်လို့ ကတိပေးထားတယ်။

အဲဒီကတိကို ဘုရား ပြည့်စုံစေတဲ့အခါ နာကျင်စရာ ခံစားချက်တွေ၊ စိတ်ဒဏ်ရာတွေ၊ အတိတ်ဆိုးတွေကို ကျွန်တော်တို့ “သတိရတော့မှာ မဟုတ်ဘူး။ အဲဒါတွေဟာ စိတ်ထဲ ပေါ်လာတော့မှာ မဟုတ်ဘူး။” —ဟေရှာယ ၆၅:၁၇

နှစ်သိမ့်မှု ဖြစ်စေတဲ့ ဒီကတိကို ဘုရား ဘယ်အချိန်၊ ဘယ်လို ဖြည့်ဆည်းပေးမလဲ။ သင် အဖြေ ရှာတွေ့ဖို့ ယေဟောဝါသက်သေတွေ ဝမ်းမြောက်ဝမ်းသာ ကူညီပေးချင်ကြပါတယ်။