မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်​အသက်တာ​လမ်းစဉ်

ဆန္ဒတွေကို ထိန်းချုပ်ပါ

ဆန္ဒတွေကို ထိန်းချုပ်ပါ

မစုံလင်​တဲ့ လူသားတွေ ​ဖြစ်လို့ ဆန္ဒ​တွေ​ကို ထိန်းချုပ်ဖို့ မပြတ် ကြိုးစား​နေ​ရမယ်။ စိတ်ဆန္ဒ​ရဲ့ အလို​နောက် လိုက်​ရင် ယေဟောဝါရဲ့ မျက်နှာသာ ဆုံးရှုံး​နိုင်တယ်။ ဥပမာ၊ လူတချို့ဟာ ဘုရား​ထက် အစားအသောက်၊ အဝတ်အစား၊ နေအိမ်​တွေ​ကို ပို​အလေးထားတယ်။ တချို့​ကျ​တော့ ဘုရား​ရဲ့​ စံနှုန်း​တွေ​ကို ထည့်​မ​ထွက်​ဘဲ မိမိတို့ရဲ့ သွေးသား​ဆန္ဒ​နောက် လိုက်ကြတယ်။ (ရ ၁:၂၆၊ ၂၇) သက်တူ​ရွယ်တူတွေရဲ့ နှစ်သက်​လက်ခံမှုကို ရ​ချင်​လို့ တခြား​သူတွေရဲ့ လွှမ်းမိုးမှုကို ခံ​လိုက်​ကြ​သူတွေလည်း ရှိတယ်။—ထွ ၂၃:၂

ကျွန်တော်​တို့​ရဲ့ ဆန္ဒ​တွေ​ကို ဘယ်လို ထိန်းချုပ်​နိုင်​သလဲ။ ယေဟောဝါရဲ့ မျက်နှာသာ​ ရဖို့ အစွမ်းကုန် ကြိုးစား​ရမယ်။ (မ ၄:၄) ကိုယ့်​အလိုဆန္ဒကို ထိန်းချုပ်ဖို့ ကူညီ​ပေး​ပါ​လို့ ယေဟောဝါ​ဆီ အသနားခံ​သင့်တယ်။ ဘာကြောင့်လဲ။ ယေဟောဝါ​က ကျွန်တော်​တို့အတွက် အကောင်းဆုံး​က ဘာလဲဆိုတာ​ကို သိလို့၊ ကျွန်တော်​တို့​ရဲ့ သင့်လျော်​တဲ့ အလိုဆန္ဒကို ဘယ်လို ဖြည့်ဆည်း​ပေး​ရမလဲ​ဆိုတာ သိလို့ပါပဲ။—ဆ ၁၄၅:၁၆

ဆေးလိပ်​ကြောင့် အသက် အဆုံးရှုံး မခံပါနဲ့ ဗီဒီယိုကို ကြည့်​ပါ။ ပြီး​တဲ့​နောက် အောက်ပါ​မေးခွန်းတွေကို ဖြေပါ–

  • လူတချို့ ဘာကြောင့် ဆေးလိပ်​သောက်​ကြသလဲ။

  • ဆေးလိပ်​သောက်​ရင် ဘာဖြစ်​နိုင်​သလဲ။

  • ဆေးလိပ်​သောက်​တာ၊ အီး​စီးကရက်​သောက်​တာ ဘာကြောင့် မှား​သလဲ။—၂က ၇:၁

  • ဆေးလိပ်​သောက်​ချင်​တဲ့ ဆန္ဒ​ကို တွန်းလှန်​နိုင်​ပါ​တယ်

    ဆေးလိပ်​သောက်​ဖို့ ပေး​ရင် ဘယ်လို ငြင်း​မလဲ။ ဆေးလိပ် ဘယ်လို ဖြတ်​မလဲ။