မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်​အသက်တာ​လမ်းစဉ်

ပြည်တွင်း မငြိမ်သက်မှုအတွက် ပြင်ဆင်ပြီးပြီလား

ပြည်တွင်း မငြိမ်သက်မှုအတွက် ပြင်ဆင်ပြီးပြီလား

ဒီ​စနစ်​ရဲ့ အဆုံး နီး​လာတာ​နဲ့​အမျှ ပြည်တွင်း မငြိမ်မသက်မှု၊ အကြမ်းဖက်မှု​တွေ၊ စစ်ပွဲ​တွေ တိုးများ​လာမယ်။ (ဗ ၆:၄) ရှေ့​မှာ ကြုံတွေ့​ရမယ့် အခက်အခဲ​တွေ​အတွက် ဘယ်လို ပြင်ဆင်​ထား​နိုင်​သလဲ။

  • ဆက်​သစ္စာ​ရှိနေဖို့ ပြင်ဆင်​ထား​ပါ– ယေဟောဝါ​နဲ့ ဘုရားအဖွဲ့အစည်း​ကို ယုံကြည်​စိတ်ချ​စေ​တဲ့ ကျမ်းစာ​မူတွေ၊ ကျမ်း​မှတ်တမ်းတွေ​နဲ့ ရင်းနှီး​ကျွမ်းဝင်​မယ်​ဆိုရင် ဆက်​ပြီး​ ကြားနေ​ဖို့ အကူအညီ​ဖြစ်​မယ်။ (ပ ၁၂:၅jr ၁၂၅-၁၂၆ ပိုဒ်. ၂၃-၂၄) အခု​အချိန်​က အသင်းတော်မှာ ရင်းနှီးမှု​နှောင်ကြိုး ခိုင်မြဲ​အောင် တည်ဆောက်​ရမယ့် အချိန် ဖြစ်တယ်။—၁ပ ၄:၇၊ ၈

  • ကာယပိုင်း​အတွက် ပြင်ဆင်​ထား​ပါ– အိမ်ထဲမှာ ပုန်းခို​နိုင်တဲ့​နေရာနဲ့ သင့်တော်​တဲ့ လိုအပ်​မယ့် ပစ္စည်း​တွေ​ကို ဆောင်ထား​ပါ။ ထွက်ပြေး​မယ့် အစီအစဉ်​ကိုလည်း ကြိုတင် ပြင်ဆင်​ထား​ပါ။ “အရေးပေါ်​အိတ်” ထဲ​ ထည့်​တဲ့ ပစ္စည်း​တွေ​ကို စစ်ဆေး​ပါ။ လိုအပ်​တဲ့ အကာအကွယ် ပစ္စည်း​တွေ​နဲ့ ပိုက်ဆံ ထည့်​ဖို့​လည်း မမေ့ပါနဲ့။ အကြီးအကဲ​တွေ​နဲ့ ဆက်သွယ်​ရမယ့် အချက်အလက်၊ အကြီးအကဲ​တွေ​က ကိုယ့်ကို ဆက်သွယ်​မယ့် အချက်အလက်​တွေ​ကို သိထားပါ။—ရှာ ၃၂:၂န​၁၇.၅ ၃-၇

မငြိမ်မသက် ဖြစ်နေ​ချိန်မှာ ဝတ်ပြုရေး လုပ်ရိုးလုပ်စဉ်​တွေ​ကို ဆက်လုပ်​နေပါ။ (ဖိ ၁:၁၀) မလိုအပ်ဘဲ တစ်​နေရာ​ပြီး တစ်​နေရာ မပြောင်းပါနဲ့။ (မ ၁၀:၁၆) အစားအစာ​နဲ့ အသုံးအဆောင် ပစ္စည်း​တွေ​ကို ဝေမျှပါ။—ရ ၁၂:၁၃

သဘာဝဘေးဒဏ်အတွက် ပြင်ဆင်ပြီးပြီလား ဗီဒီယိုကို ကြည့်ပါ။ ပြီး​တဲ့​နောက် အောက်ပါ​မေးခွန်းတွေကို ဖြေပါ–

  • သဘာဝဘေး ကျရောက်​ချိန်မှာ ယေဟောဝါ ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။

  • ဘာတွေကို လက်တွေ့ကျကျ ပြင်ဆင်​ထား​နိုင်​သလဲ။

  • သဘာဝဘေး ကြုံ​ရသူတွေကို ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။