မာတိကာဆီ ကျော်သွား

ယေဟောဝါသက်သေတွေ ဘာကြောင့် တစ်အိမ်တက်ဆင်း သွားနေကြတာလဲ။

ယေဟောဝါသက်သေတွေ ဘာကြောင့် တစ်အိမ်တက်ဆင်း သွားနေကြတာလဲ။

 ယေရှုက ‘လူမျိုးတကာမှ လူတို့ကို တပည့်ဖြစ်စေဖို့’ နောက်လိုက်တွေကို မိန့်မှာခဲ့ပါတယ်။ (မဿဲ ၂၈:၁၉၊ ၂၀) ယေရှုဟာ အစောပိုင်းတပည့်တွေကို လူတွေရဲ့ အိမ်ကိုသွားဖို့ ညွှန်ကြားခဲ့တယ်။ (မဿဲ ၁၀:၇၊ ၁၁–၁၃) ယေရှု သေဆုံးပြီးနောက် ပထမရာစုက ခရစ်ယာန်တွေဟာ သတင်းကောင်းကို တစ်အိမ်မှတစ်အိမ် သွားပြီး လူရှေ့သူရှေ့မှာ ဆက်လက်ပျံ့နှံ့စေခဲ့ကြတယ်။ (တမန်တော် ၅:၄၂၊ ၂၀:၂၀) အဲဒီအစောပိုင်းခရစ်ယာန်တွေရဲ့ ပုံစံအတိုင်း ကျွန်ုပ်တို့ လိုက်လျှောက်ကြတယ်။ လူတွေ သတင်းကောင်းသိရှိနိုင်ဖို့ အကောင်းဆုံးနည်းက တစ်အိမ်တက်ဆင်း သွားခြင်းဖြစ်ပါတယ်။