မာတိကာဆီ ကျော်သွား

တော်တိုလာကျွန်းက နိုင်ငံတော်ခန်းမ မပြုပြင်ခင်နဲ့ ပြုပြင်ပြီးနောက်။ ဗြိတိန်နဲ့ ယူအက်စ် ဗာဂျင်ကျွန်းစုတွေမှာ မာရီယာမုန်တိုင်းကြောင့် နိုင်ငံတော်ခန်းမ ငါးလုံး ပျက်စီးခဲ့ပြီး ဒီခန်းမကို ဦးဆုံးပြုပြင်ကြ။

ဇန်နဝါရီ ၁၉၊ ၂၀၁၈
ကမ္ဘာတစ်ဝန်းက သတင်းများ

ဟာရီကိန်းအပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ယေဟောဝါသက်သေတွေ တိုးမြှင့်လုပ်ဆောင်

ဟာရီကိန်းအပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ယေဟောဝါသက်သေတွေ တိုးမြှင့်လုပ်ဆောင်

နယူးယောက်။ ၂၀၁၇၊ စက်တင်ဘာလအတွင်း ကာရစ်ဘီယံကျွန်းစုတစ်လျှောက် မွှေနှောက်ဖျက်ဆီးခဲ့တဲ့ အာမာနဲ့ မာရီယာမုန်တိုင်း ပြီးတဲ့နောက် ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြပါတယ်။ ညီအစ်ကိုတွေရဲ့ ကူညီလုပ်ဆောင်မှုနဲ့ပတ်သက်ပြီး ဘာဘေးဒိုးစ်၊ ကျူးဘား၊ ဒိုမီနီကန်သမ္မတနိုင်ငံ၊ ပြင်သစ်၊ အမေရိကန်ပြည်ထောင်စု ဌာနခွဲရုံးတွေက အောက်ပါအတိုင်း သတင်းပို့ကြပါတယ်။

ဘာဘေးဒိုးစ် ဌာနခွဲရုံး နယ်မြေများ​—အန်ဂွီလာ၊ အင်တီဂွါ၊ ဘာဘူဒါ၊ ဒိုမီနီကာနဲ့ စိန့်မာတင် (ဒတ်ခ်ျ အပိုင်)

ပြင်သစ်ဌာနခွဲရုံးနဲ့ ပူးပေါင်းလုပ်ဆောင်တဲ့ ကော်မတီတစ်ခု အပါအဝင် သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီ (DRC) သုံးခုက ဒေသခံ ညီအစ်ကို/မတွေကို ဖွဲ့စည်းပြီး မုန်တိုင်းဘေးသင့် ဒေသရှိ ကြေညာသူတွေရဲ့ လတ်တလော လိုအပ်ရာတွေကို ဖြည့်ဆည်းပေးကြတယ်။ ဘာဘေးဒိုးစ် ဌာနခွဲ နယ်မြေတွေမှာ ပြန်လည်ထူထောင်ရေး လုပ်ဆောင်တဲ့အခါ ဒေါ်လာ ၂.၄ သန်းနီးပါး ကုန်ကျပါမယ်။ ဝတ်ပြုစည်းဝေးရာခန်းမ ၈ လုံး၊ ညီအစ်ကို/မတွေရဲ့ အိမ် ၁၂၂ လုံးကို ပြန်ပြုပြင်ပေးရမယ်။ အိမ် ၁၉ လုံးကိုတော့ အသစ်ပြန်ဆောက်ပေးရပါမယ်။

မာရီယာမုန်တိုင်းကြောင့် အကြီးအကျယ် ပျက်စီးသွားတဲ့ ဒိုမီနီကာ၊ ဂရန်းဘေးက နိုင်ငံတော်ခန်းမ။

ကျူးဘား ဌာနခွဲရုံး နယ်မြေ

အာမာမုန်တိုင်းဘေးသင့် ညီအစ်ကို/မတွေကို လိုအပ်သလို ကူညီနေကြောင်း ဌာနခွဲရုံးက သတင်းပို့ပါတယ်။ ဌာနခွဲ ကိုယ်စားလှယ်တွေကလည်း သိုးထိန်းလည်ပတ်မှုတွေ လုပ်နေကြပါတယ်။

ဒိုမီနီကန်သမ္မတနိုင်ငံ ဌာနခွဲရုံး နယ်မြေ

DRC သုံးခုက ကယ်ဆယ်ရေးလုပ်ငန်းတွေ စီစဉ်ဖွဲ့စည်းပြီး မုန်တိုင်းဘေးသင့် ညီအစ်ကို/မ ၅၇ ဦးကို ကူညီပေးနေကြတယ်။ ဒေသခံ ညီအစ်ကို/မတွေက အစာရေစာ၊ အဝတ်အစားနဲ့ တခြားလိုအပ်ရာတွေ လှူဒါန်းကြတယ်။ အောက်တိုဘာလ အကုန်မှာတော့ ထိခိုက်ပျက်စီးတဲ့ နေအိမ်တွေကို သန့်ရှင်းပြုပြင်ပြီးသွားပါပြီ။ ဒေသခံ ညီအစ်ကို/မတွေက အဓိက ကူညီပေးကြတာပါ။

ပြင်သစ်ဌာနခွဲရုံး နယ်မြေများ​—ဂွါဒီလုနဲ့ စိန့်မာတင်

ဌာနခွဲရုံးက စိန့်မာတင်ကျွန်းမှာ DRC တစ်ခု၊ ဂွါဒီလုကျွန်းမှာ ကယ်ဆယ်ရေးစခန်းတစ်ခု ထားရှိပြီး ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေပြီး ဒေါ်လာ ၁.၄ သန်းနီးပါး ကုန်ကျမယ်လို့ ခန့်မှန်းထားတယ်။ ဂွါဒီလုကျွန်းမှာ ဝတ်ပြုစည်းဝေးရာခန်းမ ၁၂ လုံး၊ စိန့်မာတင်ကျွန်းမှာ ညီအစ်ကို/မတွေရဲ့ အိမ် ၂၄ လုံးနဲ့ ဝတ်ပြုစည်းဝေးရာခန်းမ ၂ လုံးကို ပြုပြင်ပေးရမယ်။ ဒီကယ်ဆယ်ရေးလုပ်ငန်းကို ပြင်သစ်၊ ဂွါဒီလု၊ မာတီနစ်က ဆောက်လုပ်ရေး စေတနာ့ဝန်ထမ်း ၂၂ ယောက် ကူညီပေးကြတယ်။

မာရီယာမုန်တိုင်းပြီးနောက် စိန့်မာတင်ကျွန်းက ကြေညာသူတစ်ဦးရဲ့ အပျက်အစီးများ။

အမေရိကန်ပြည်ထောင်စု ဌာနခွဲရုံး နယ်မြေများ​—(ဗြိတိန်) ဗာဂျင်ကျွန်းစု၊ (ယူအက်စ်) ဗာဂျင်ကျွန်းစု၊ ဖလော်ရီဒါ၊ ဂျော်ဂျီယာ၊ ပွာတိုရီကို၊ တာ့ခ်နဲ့ ကေးကို့စ်ကျွန်းစုများ

ဒီဌာနခွဲရုံး နယ်မြေတွေမှာ ကြေညာသူ ၁၃,၀၀၀ ကျော် မုန်တိုင်းဘေးသင့်ခဲ့တယ်။ လောလောဆယ် DRC လေးခုက ညီအစ်ကို/မတွေကို ကူညီပေးနေတဲ့အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ် ပထမပိုင်း ပြီးသွားပါပြီ။ ညီအစ်ကို/မတွေရဲ့ ဆုံးရှုံးမှု ၉၅ ရာခိုင်နှုန်းကို ပြန်ဖြည့်ဆည်းပေးခြင်း၊ အစာရေစာလိုမျိုး အကူအညီတွေပေးခြင်း ပါဝင်တယ်။ ပွာတိုရီကို၊ ဗြိတိန်နဲ့ ယူအက်စ် ဗာဂျင်ကျွန်းစုတွေမှာတော့ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်နေဆဲပဲ။

ပွာတိုရီကိုမှာ ကြေညာသူ ၃,၂၀၀ ကျော် မုန်တိုင်းဘေးသင့်ခဲ့ပြီး စေတနာ့ဝန်ထမ်းတစ်ဦး အိမ်သန့်ရှင်းရေး လုပ်ပေးစဉ်။

ဆောက်လုပ်ရေး စေတနာ့ဝန်ထမ်း စုစုပေါင်း ၆၉၀ တို့က နိုင်ငံတော်ခန်းမနဲ့ လူနေအိမ်တွေကို ပြုပြင်ပေးကြပါမယ်။ ကျွန်းစုတွေအတွက် ၄၅၀ ယောက်၊ ဖလော်ရီဒါနဲ့ ဂျော်ဂျီယာအတွက် ၂၄၀ ယောက်ဖြစ်တယ်။ ကယ်ဆယ်ရေးလုပ်ငန်းအတွက် ဒေါ်လာသန်း ၃၀ ကျော် ကုန်ကျမယ်လို့ ခန့်မှန်းထားတယ်။ ပြုပြင်စရာတွေကတော့-

  • ဗြိတိန်နဲ့ ယူအက်စ် ဗာဂျင်ကျွန်းစုတွေ – နိုင်ငံတော်ခန်းမ ၅ လုံး၊ လူနေအိမ် အလုံး ၁၉၀

  • ဖလော်ရီဒါ – နိုင်ငံတော်ခန်းမ အလုံး ၄၀၊ လူနေအိမ် ၁,၁၇၄ လုံး

  • ပွာတိုရီကို – နိုင်ငံတော်ခန်းမ ၁၀၆ လုံး၊ စည်းဝေးပွဲခန်းမ ၂ လုံး၊ လူနေအိမ် ၁,၂၁၆ လုံး

  • တာ့ခ်နဲ့ ကေးကို့စ် – နိုင်ငံတော်ခန်းမ ၂ လုံး၊ လူနေအိမ် ၅၆ လုံး

ပြန်လည်ထူထောင်ရေး လုပ်ငန်းမှာ ကူညီပေးနေသူတွေကို ယေဟောဝါ ခွန်အားပေးဖို့ ကျွန်တော်တို့ ဆုတောင်းပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းနဲ့ ကျမ်းစာကနေ ရရှိတဲ့ အားပေးမှုကြောင့် ညီအစ်ကို/မတွေ ပြန်နာလန်ထူလာပြီး ကြီးမြတ်တဲ့ဘုရား ယေဟောဝါကို စည်းလုံးစွာ ဆက်ဝတ်ပြုကြမယ်လို့ ကျွန်တော်တို့ ယုံကြည်စိတ်ချနေပါတယ်။​—နေဟမိ ၂:၁၈

Media Contacts:

International: David A. Semonian, Office of Public Information, +1-845-524-3000

Barbados: John Medford, +1-246-438-0655

Dominican Republic: Josué Féliz, +1-809-595-4007

France: Guy Canonici, +33-2-32-25-55-55