မာတိကာဆီ ကျော်သွား

ဆုတောင်းတဲ့အခါ ဘာတွေ တောင်းနိုင်သလဲ။

ဆုတောင်းတဲ့အခါ ဘာတွေ တောင်းနိုင်သလဲ။

သမ္မာကျမ်းစာအဖြေ

 သမ္မာကျမ်းစာမှာ ဖော်ပြထားတဲ့ ဘုရားသခင်လက်ခံတဲ့ ဘယ်အရာကိုမဆို ဆုတောင်းနိုင်ပါတယ်။ “အလိုတော်နှင့်အညီ ငါတို့တောင်းသမျှကို ကိုယ်တော် နားညောင်းတော်မူကြောင်း ငါတို့ယုံကြည်စိတ်ချကြ၏။” (၁ ယောဟန် ၅:၁၄) သင့်ရဲ့ စိုးရိမ်ပူပန်မှုတွေကို ဆုတောင်းနိုင်သလား။ တောင်းနိုင်ပါတယ်။ “[ဘုရားသခင့်] ရှေ့တော်၌ စိတ်နှလုံးကိုဖွင့်ပြကြလော့” ဆိုပြီး သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။—ဆာလံ ၆၂:၈

ဆုတောင်းနိုင်တဲ့ အရာတချို့

  •   ယုံကြည်ခြင်းတိုးပွားစေဖို့ ဆုတောင်းနိုင်တယ်။—လုကာ ၁၇:၅

  •   မှန်ရာကိုလုပ်နိုင်အောင် ကူညီပေးဖို့ ဘုရားသခင့် သန့်ရှင်းသောစွမ်းအားတော် တောင်းနိုင်တယ်။—လုကာ ၁၁:၁၃

  •   ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့၊ သွေးဆောင်မှုတွေကို တွန်းလှန်ဖို့ ခွန်အား တောင်းနိုင်တယ်။—ဖိလိပ္ပိ ၄:၁၃

  •   စိတ်ငြိမ်သက်မှု၊ စိတ်တည်ငြိမ်မှုရှိဖို့ တောင်းနိုင်တယ်။—ဖိလိပ္ပိ ၄:၆၊ ၇

  •   ဆုံးဖြတ်ချက်ကောင်း ချနိုင်တဲ့ ဉာဏ်ပညာပေးဖို့ တောင်းနိုင်တယ်။—ယာကုပ် ၁:၅

  •   နေ့စဉ်လိုအပ်ရာတွေပေးဖို့ တောင်းနိုင်တယ်။—မဿဲ ၆:၁၁

  •   အပြစ်တွေကို ခွင့်လွှတ်ပေးဖို့ တောင်းနိုင်တယ်။—မဿဲ ၆:၁၂