မာတိကာဆီ ကျော်သွား

ယေရှုဟာ မေရှိယဖြစ်ကြောင်း မေရှိယနဲ့ဆိုင်တဲ့ ပရောဖက်ပြုချက်တွေက သက်သေထူပါသလား

ယေရှုဟာ မေရှိယဖြစ်ကြောင်း မေရှိယနဲ့ဆိုင်တဲ့ ပရောဖက်ပြုချက်တွေက သက်သေထူပါသလား

ကျမ်းစာအဖြေ

 သက်သေထူပါတယ်။ မြေကြီးပေါ်ရှိစဉ် “လောကရဲ့ ကယ်တင်ရှင်” ဖြစ်လာမယ့် “ခေါင်းဆောင် မေရှိယ” နဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်များစွာ ယေရှုမှာ ပြည့်စုံခဲ့တယ်။ (ဒံယေလ ၉:၂၅။ ၁ ယောဟန် ၄:၁၄) ယေရှု သေဆုံးပြီးနောက်မှာတောင် မေရှိယပရောဖက်ပြုချက်တွေ ဆက်ပြည့်စုံခဲ့တယ်။—ဆာလံ ၁၁၀:၁။ တမန်တော် ၂:၃၄-၃၆

 “မေရှိယ” ဆိုတာ ဘာအဓိပ္ပာယ်လဲ

 ဟီဘရူး စကားလုံး မာရှီအာခ် (မေရှိယ) နဲ့ အဓိပ္ပာယ်တူတဲ့ ဂရိစကားလုံး ခရစ္စတောစ် (ခရစ်တော်) ဆိုတာ “ဘိသိက်ပေးခံရသူ” လို့အဓိပ္ပာယ် ရှိတယ်။ ဒါကြောင့် “ယေရှုခရစ်” ဆိုတာ “ဘိသိက်ပေးခံရသူ ယေရှု” ဒါမှမဟုတ် “မေရှိယ ယေရှု” ဖြစ်တယ်။

 ကျမ်းစာခေတ်တုန်းက လူတစ်ယောက်ကို အထူးအခွင့်အာဏာ အပ်နှင်းတဲ့အခါ ဦးခေါင်းကို ဆီလောင်းပြီး ဘိသိက်ပေးလေ့ရှိတယ်။ (ဝတ်ပြုရာ ၈:၁၂။ ၁ ရှမွေလ ၁၆:၁၃) ယေရှုကို ဘုရားက အခွင့်အာဏာကြီးတဲ့ မေရှိယအဖြစ် ဘိသိက်ပေးခဲ့တယ်။ (တမန်တော် ၂:၃၆) ဒါပေမဲ့ ယေရှုကို ဆီနဲ့ ဘိသိက်မပေးဘဲ သန့်ရှင်းသောစွမ်းအားတော်နဲ့ ဘိသိက်ပေးခဲ့တယ်။—မဿဲ ၃:၁၆

 မေရှိယနဲ့ဆိုင်တဲ့ ပရောဖက်ပြုချက်တွေဟာ လူတစ်ယောက်ထက်မကမှာ ပြည့်စုံနိုင်သလား

 မပြည့်စုံနိုင်ပါဘူး။ လက်ဗွေရာတစ်ခုက လူတစ်ယောက်ကိုပဲ ရည်ညွှန်းသလို ကျမ်းစာပရောဖက်ပြုချက်တွေကလည်း မေရှိယ၊ ခရစ်တော် တစ်ယောက်တည်းကိုပဲ ရည်ညွှန်းတယ်။ ဒါပေမဲ့ “ခရစ်တော် အတုအယောင်တွေ၊ ပရောဖက် အတုအယောင်တွေ ပေါ်လာမယ်။ သူတို့က ဖြစ်နိုင်ရင် ရွေးချယ်ခံရသူတွေကိုတောင် လမ်းလွဲသွားအောင် အံ့ဖွယ်အမှုကြီးတွေ၊ ထူးဆန်းတဲ့အရာတွေ လုပ်ပြလိမ့်မယ်” လို့ ကျမ်းစာမှာ သတိပေးထားတယ်။—မဿဲ ၂၄:၂၄

 အနာဂတ်မှာ မေရှိယ ပေါ်ထွန်းနိုင်သလား

 မပေါ်ထွန်းနိုင်ပါဘူး။ မေရှိယဟာ အစ္စရေးဘုရင် ဒါဝိဒ်ကနေ ဆင်းသက်လာမယ်လို့ ကျမ်းစာမှာ ကြိုဟောထားတယ်။ (ဆာလံ ၈၉:၃၊ ၄) ဒါပေမဲ့ ဂျူးတွေရဲ့ ဆွေစဉ်မျိုးဆက်မှတ်တမ်း အခု မရှိတော့ဘူး။ ဂျေရုဆလင်မြို့ကို ရောမတွေ အနိုင်ရချိန် အေဒီ ၇၀ မှာ ဖျက်ဆီးလိုက်တာ ဖြစ်နိုင်တယ်။ a အဲဒီအချိန်နောက်ပိုင်း ဘယ်သူကမှ ဒါဝိဒ်မင်းဆက်ကနေ ဆင်းသက်လာတယ်လို့ သက်သေ မပြနိုင်ကြတော့ဘူး။ ဒါပေမဲ့ ယေရှုခေတ်တုန်းက ဆွေစဉ်မျိုးဆက်မှတ်တမ်း ရှိနေသေးတဲ့အတွက် ယေရှုဟာ ဒါဝိဒ်ကနေ ဆင်းသက်ကြောင်း ပြောတဲ့အခါ ရန်သူတွေကတောင် ပြန်ပြဿနာ မရှာနိုင်ခဲ့ကြဘူး။—မဿဲ ၂၂:၄၁-၄၆

 ကျမ်းစာမှာ မေရှိယနဲ့ဆိုင်တဲ့ ပရောဖက်ပြုချက် ဘယ်နှစ်ခု ပါသလဲ

 မေရှိယနဲ့ဆိုင်တဲ့ ပရောဖက်ပြုချက် အရေအတွက် အတိအကျကို မပြောနိုင်ဘူး။ ဥပမာ၊ ပရောဖက်ပြုချက်တွေကို ရေတွက်တဲ့နည်းလမ်း ကွဲပြားခြားနားနိုင်တယ်။ ဟေရှာယ ၅၃:၂-၇ မှာ မေရှိယနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက် အသွင်အပြင်များစွာ ဖော်ပြထားတယ်။ တချို့က ဒီကျမ်းတစ်ပိုဒ်လုံးကို ပရောဖက်ပြုချက်တစ်ခုအဖြစ် ရေတွက်ကြပေမဲ့ တချို့ကတော့ အသွင်အပြင်တစ်ခုစီကို ခွဲခြားပြီး ရေတွက်နိုင်တယ်။

 ယေရှုမှာ ပြည့်စုံခဲ့တဲ့ မေရှိယဆိုင်ရာပရောဖက်ပြုချက် တချို့

ပရောဖက်ပြုချက်

တွေ့ရတဲ့နေရာ

ပြည့်စုံချက်

အာဗြဟံ မျိုးနွယ်

ကမ္ဘာဦး ၂၂:၁၇၊ ၁၈

မဿဲ ၁:၁

အာဗြဟံသား အိဇက် မျိုးနွယ်

ကမ္ဘာဦး ၁၇:၁၉

မဿဲ ၁:၂

အစ္စရေး ယုဒမျိုးနွယ်ကနေ ဆင်းသက်

ကမ္ဘာဦး ၄၉:၁၀

မဿဲ ၁:၁၊

ဘုရင်ဒါဝိဒ်ကနေ ဆင်းသက်

ဟေရှာယ ၉:၇

မဿဲ ၁:၁

အပျိုစင်ကနေ မွေးဖွား

ဟေရှာယ ၇:၁၄

မဿဲ ၁:၁၈၊ ၂၂၊ ၂၃

ဘက်သလီဟင်မြို့မှာ မွေးဖွား

မိက္ခာ ၅:၂

မဿဲ ၂:၁၊ ၅၊ ၆

ဧမာနွေလ bလို့ နာမည်ပေး

ဟေရှာယ ၇:၁၄

မဿဲ ၁:၂၁-၂၃

နိမ့်ကျတဲ့ အစ

ဟေရှာယ ၅၃:၂

လုကာ ၂:၇

မွေးဖွားပြီးနောက် ကလေးငယ်တွေ အသတ်ခံရ

ယေရမိ ၃၁:၁၅

မဿဲ ၂:၁၆-၁၈

အီဂျစ်ပြည်ကနေ ခေါ်ဆောင်ခံရ

ဟောရှေ ၁၁:၁

မဿဲ ၂:၁၃-၁၅

နာဇရက်မြို့သား cလို့ ခေါ်ကြ

ဟေရှာယ ၁၁:၁

မဿဲ ၂:၂၃

သူ့ရှေ့မှာ ပဋိညာဉ်တမန် ရှိ

မာလခိ ၃:၁

မဿဲ ၁၁:၇-၁၀

အေဒီ ၂၉ မှာ မေရှိယအဖြစ် ဘိသိက်ခံရ d

ဒံယေလ ၉:၂၅

မဿဲ ၃:၁၃-၁၇

ဘုရားရဲ့သား ဖြစ်ကြောင်း အသိအမှတ်ပြုခံရ

ဆာလံ ၂:၇

တမန်တော် ၁၃:၃၃၊ ၃၄

ဘုရားအိမ်တော်အတွက် စိတ်ထက်သန်

ဆာလံ ၆၉:၉

ယောဟန် ၂:၁၃-၁၇

သတင်းကောင်း ကြေညာ

ဟေရှာယ ၆၁:၁

လုကာ ၄:၁၆-၂၁

ဂါလိလဲနယ်မှာ တောက်ပတဲ့အလင်း ထွန်းလင်း

ဟေရှာယ ၉:၁၊ ၂

မဿဲ ၄:၁၃-၁၆

မောရှေလို အံ့ဖွယ်အမှုတွေ ပြုလုပ်

တရားဟောရာ ၁၈:၁၅

တမန်တော် ၂:၂၂

မောရှေလို ဘုရားမှာထားတဲ့ စကားတွေ ပြော

တရားဟောရာ ၁၈:၁၈၊ ၁၉

ယောဟန် ၁၂:၄၉

ဖျားနာသူတွေကို ကျန်းမာစေ

ဟေရှာယ ၅၃:၄

မဿဲ ၈:၁၆၊ ၁၇

ကိုယ့်ကို အာရုံစိုက်လာအောင် မလုပ်

ဟေရှာယ ၄၂:၂

မဿဲ ၁၂:၁၇၊ ၁၉

အနှိမ်ခံနေရသူတွေကို ထောက်ထားစာနာ

ဟေရှာယ ၄၂:၃

မဿဲ ၁၂:၉-၂၀။ မာကု ၆:၃၄

ဘုရားရဲ့ တရားမျှတမှုကို ဖော်ထုတ်

ဟေရှာယ ၄၂:၁၊

မဿဲ ၁၂:၁၇-၂၀

အကောင်းဆုံး အတိုင်ပင်ခံ

ဟေရှာယ ၉:၆၊ ၇

ယောဟန် ၆:၆၈

ယေဟောဝါရဲ့ နာမတော်ကို ကြေညာ

ဆာလံ ၂၂:၂၂

ယောဟန် ၁၇:၆

ဥပမာတွေ သုံးပြီး ဟော

ဆာလံ ၇၈:၂

မဿဲ ၁၃:၃၄၊ ၃၅

ခေါင်းဆောင်တစ်ဦး

ဒံယေလ ၉:၂၅

မဿဲ ၂၃:၁၀

လူများစွာ ယုံကြည်မှာ မဟုတ်

ဟေရှာယ ၅၃:၁

ယောဟန် ၁၂:၃၇၊ ၃၈

တိုက်မိလဲစေတဲ့ ကျောက်

ဟေရှာယ ၈:၁၄၊ ၁၅

မဿဲ ၂၁:၄၂-၄၄

လူတွေရဲ့ ငြင်းပယ်မှု ခံရ

ဆာလံ ၁၁၈:၂၂၊ ၂၃

တမန်တော် ၄:၁၀၊ ၁၁

အကြောင်းမဲ့ မုန်းတီးကြ

ဆာလံ ၆၉:၄

ယောဟန် ၁၅:၂၄၊ ၂၅

ဂျေရုဆလင်မြို့ကို မြည်းစီးပြီး အောင်ပွဲခံ ဝင်ရောက်

ဇာခရိ ၉:၉

မဿဲ ၂၁:၄-၉

ကလေးတွေရဲ့ ချီးမွမ်း ခံရ

ဆာလံ ၈:၂

မဿဲ ၂၁:၁၅၊ ၁၆

ယေဟောဝါနာမတော်နဲ့ ကြွလာ

ဆာလံ ၁၁၈:၂၆

ယောဟန် ၁၂:၁၂၊ ၁၃

ယုံကြည်စိတ်ချရသူ မိတ်ဆွေရင်းရဲ့ သစ္စာဖောက်မှု ခံရ

ဆာလံ ၄၁:၉

ယောဟန် ၁၃:၁၈

ငွေ ၃၀ နဲ့ သစ္စာဖောက်ခံရ e

ဇာခရိ ၁၁:၁၂၊ ၁၃

မဿဲ ၂၆:၁၄-၁၆။ ၂၇:၃-၁၀

မိတ်ဆွေတွေက စွန့်ပစ်ကြ

ဇာခရိ ၁၃:၇

မဿဲ ၂၆:၃၁၊ ၅၆

မဟုတ်မမှန် သက်သေထွက်ဆိုကြ

ဆာလံ ၃၅:၁၁

မဿဲ ၂၆:၅၉-၆၁

စွပ်စွဲသူတွေရှေ့ နှုတ်ဆိတ်နေ

ဟေရှာယ ၅၃:၇

မဿဲ ၂၇:၁၂-၁၄

တံတွေး ထွေးခံရ

ဟေရှာယ ၅၀:၆

မဿဲ ၂၆:၆၇။ ၂၇:၂၇၊ ၃၀

ခေါင်းရိုက်ခံရ

မိက္ခာ ၅:၁

မာကု ၁၅:၁၉

ကြာပွတ်နဲ့ ရိုက်ခံရ

ဟေရှာယ ၅၀:၆

ယောဟန် ၁၉:၁

ရိုက်တဲ့သူတွေကို ခုခံမှာ မဟုတ်

ဟေရှာယ ၅၀:၆

ယောဟန် ၁၈:၂၂၊ ၂၃

အစိုးရခေါင်းဆောင်တွေ ပူးပေါင်းကြံစည်ကြ

ဆာလံ ၂:၂

လုကာ ၂၃:၁၀-၁၂

ခြေလက်တွေကို သံရိုက်ခံရ

ဆာလံ ၂၂:၁၆

မဿဲ ၂၇:၃၅။ ယောဟန် ၂၀:၂၅

ဝတ်လုံကို မဲချယူကြ

ဆာလံ ၂၂:၁၈

ယောဟန် ၁၉:၂၃၊ ၂၄

အပြစ်သားတွေနဲ့အတူ ရေတွက်ခံရ

ဟေရှာယ ၅၃:၁၂

မဿဲ ၂၇:၃၈

ကဲ့ရဲ့ပြစ်တင်ခံရ

ဆာလံ ၂၂:၇၊ ၈

မဿဲ ၂၇:၃၉-၄၃

အပြစ်သားတွေအတွက် ဒုက္ခခံ

ဟေရှာယ ၅၃:၅၊ ၆

၁ ပေတရု ၂:၂၃-၂၅

ဘုရားရဲ့ စွန့်ပစ်မှု ခံရပုံထွက်

ဆာလံ ၂၂:၁

မာကု ၁၅:၃၄

ဝိုင်အချဉ်ရည်၊ ဆေးခါးရောစပ်ထားတဲ့ဝိုင် တိုက်

ဆာလံ ၆၉:၂၁

မဿဲ ၂၇:၃၄

သေခါနီး ရေငတ်

ဆာလံ ၂၂:၁၅

ယောဟန် ၁၉:၂၈၊ ၂၉

အသက်စွမ်းအားကို ဘုရားထံ အပ်နှံ

ဆာလံ ၃၁:၅

လုကာ ၂၃:၄၆

အသက် စွန့်ပြီး ပေးဆက်

ဟေရှာယ ၅၃:၁၂

မာကု ၁၅:၃၇

အပြစ်ပယ်ရှားပေးဖို့ ရွေးဖိုး ပေး

ဟေရှာယ ၅၃:၁၂

မဿဲ ၂၀:၂၈

အရိုးချိုး မခံရ

ဆာလံ ၃၄:၂၀

ယောဟန် ၁၉:၃၁-၃၃၊ ၃၆

ထိုးဖောက်ခံရ

ဇာခရိ ၁၂:၁၀

ယောဟန် ၁၉:၃၃-၃၅၊ ၃၇

သူဌေးတွေနဲ့ သင်္ဂြိုဟ်ခံရ

ဟေရှာယ ၅၃:၉

မဿဲ ၂၇:၅၇-၆၀

သေခြင်းကနေ ထမြောက်

ဆာလံ ၁၆:၁၀

တမန်တော် ၂:၂၉-၃၁

သစ္စာဖောက်သူနေရာမှာ အစားထိုး

ဆာလံ ၁၀၉:၈

တမန်တော် ၁:၁၅-၂၀

ဘုရား ညာဘက်မှာ ထိုင်

ဆာလံ ၁၁၀:၁

တမန်တော် ၂:၃၄-၃၆

a မက္ကလင်းတော့နဲ့ စထရောင်း စွယ်စုံကျမ်းမှာ ဒီလို ဖော်ပြထားတယ်– “ဂျူးမျိုးနွယ်များနဲ့ မိသားစုတွေရဲ့ ဆွေစဉ်မျိုးဆက် မှတ်တမ်းတွေဟာ ဂျေရုဆလင်မြို့ ပျက်စီးချိန်မှာ ပျောက်ဆုံးသွားကြောင်း သေချာသလောက်ပါပဲ။ အဲဒီအချိန်မတိုင်မီအထိ ရှိနေသေးတယ်။”

b ဟီဘရူးနာမည် ဧမာနွေလဆိုတာ “ငါတို့နဲ့အတူ ဘုရားသခင် ရှိတယ်” လို့ အဓိပ္ပာယ် ရတယ်။ မြေကြီးပေါ် ရောက်ရှိနေခြင်းနဲ့ လုပ်ဆောင်မှုတွေက ဘုရားကို ဝတ်ပြုကိုးကွယ်သူတွေနဲ့အတူ ဘုရား ရှိကြောင်း သက်သေထူတယ်။—လုကာ ၂:၂၇-၃၂။ ၇:၁၂-၁၆

c “နာဇရက်မြို့သား” ဆိုတဲ့ အသုံးအနှုန်းက “အတက်” လို့အဓိပ္ပာယ်ရှိတဲ့ ဟီဘရူးစကားလုံး နက်ဆာ ကနေ ဆင်းသက်လာပုံ ရတယ်။

d အေဒီ ၂၉ ဟာ မေရှိယ ပေါ်ထွန်းတဲ့နှစ် ဖြစ်ကြောင်း ကျမ်းစာ ခုနှစ်သက္ကရာဇ် တွက်ချက်ပုံ အသေးစိတ်ကို “ဒံယေလရဲ့ ကြိုတင်ဟောကြားချက်မှာ မေရှိယပေါ်ထွန်းခြင်းအကြောင်း ကြိုဟောထားပုံ” ဆောင်းပါးကို ကြည့်ပါ။

e ဇာခရိကျမ်းမှာ ဒီပရောက်ဖက်ပြုချက် ပါပေမဲ့ ကျမ်းရေးသူက “ပရောဖက် ယေရမိကတစ်ဆင့် ပြောခဲ့တဲ့ ဒီစကားတွေ” လို့ ဖော်ပြခဲ့တယ်။ (မဿဲ ၂၇:၉) တစ်ချိန်က “ပရောဖက်ကျမ်းတွေ” လို့ ခေါ်ဆိုတဲ့ ကျမ်းစာအပိုင်းမှာ ယေရမိကျမ်းက ရှေ့ဆုံးမှာ ပါလို့ ဖြစ်နိုင်တယ်။ (လုကာ ၂၄:၄၄) မဿဲက “ယေရမိ” လို့ပြောတဲ့အခါ ဇာခရိကျမ်း ပါဝင်တဲ့ အဲဒီကျမ်းတစ်ပိုင်းလုံးကို ရည်ညွှန်းတာ ဖြစ်မယ်။