မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

JW LIBRARY

မေးတတ်တဲ့ မေးခွန်းများ​—JW Library (Windows)

မေးတတ်တဲ့ မေးခွန်းများ​—JW Library (Windows)

JW Library ကို အောက်ပါ စက်အမျိုးအစားတွေမှာ အသုံးပြုနိုင်ပါတယ်–

  • Android 7.0 နဲ့ နောက်ပိုင်းထုတ်

  • iOS 15.0 နဲ့ နောက်ပိုင်းထုတ်

  • M1 macOS နဲ့ နောက်ပိုင်းထုတ်

  • Windows 10 ဗားရှင်း 1903 နဲ့ နောက်ပိုင်းထုတ်

JW Library ကို စိတ်ချလုံခြုံမှု ရှိစေဖို့ အခါအားလျော်စွာ တောင်းဆိုချက်တွေ အဆင့်မြင့်ဖို့ လိုတယ်။ ဒါကြောင့် သင့် app ကို နောက်ဆုံးထုတ် ဗားရှင်း မြှင့်တင်ဖို့ အကြံပြုလိုပါတယ်။ သင့်စက်မှာ JW Library တောင်းဆိုတဲ့ ဗားရှင်း မြှင့်တင်လို့ မရရင်လည်း app ကို အချိန်အတိုင်းအတာတစ်ခုအထိ သုံးလို့ ရနိုင်သေးတယ်။ ဒါပေမဲ့ နောက်ဆုံးထုတ် အသွင်အပြင်တွေကို ရနိုင်မှာ မဟုတ်ဘူး။

 

ဘာသာစကားအသစ်တွေကို အခါအားလျော်စွာ တင်ထားပေးပါတယ်။ ရရှိနိုင်တဲ့ ဘာသာစကားစာရင်းကို ကြည့်နိုင်ဖို့ ဘာသာစကား အကွက်ကို နှိပ်ပါ။

မတူညီတဲ့အရောင်တွေက သမ္မာကျမ်းစာကနေ သိရှိနိုင်ရာများ စာအုပ်ငယ်ရဲ့ မေးခွန်း ၁၉ မှာပါတဲ့ ကျမ်းစောင် အုပ်စု ၈ ခုကို ဖော်ပြတယ်။

 

ပစ္စည်းအားလုံးမှာ JW Library ရဲ့ အခြေခံလုပ်ဆောင်ချက်တွေ ရှိပါတယ်။ ဒါပေမဲ့ ပစ္စည်းတစ်ခုစီအတွက် တခြားလုပ်ဆောင်ချက်တွေနဲ့ အသစ်ပြင်ဆင်ပေးမှုတွေကို အချိန်တစ်ခုစီမှာ ထုတ်လုပ်သွားမှာဖြစ်တယ်။

 

လုပ်ထားနိုင်ပါတယ်။ သင့်ရဲ့ မှတ်စုတွေ၊ အရောင်ခြယ်ထားတာတွေ၊ နှစ်သက်ရာတွေ၊ မှတ်သားထားရာတွေကို backup ဖိုင်မှာ သိမ်းထားနိုင်ပါတယ်။ ဒီဖိုင်တွေကို ဒီစက်ထဲမှာ ဒါမှမဟုတ် တခြားစက်မှာ ပြန်ဖွင့်နိုင်ပါတယ်။

 

မကြည့်နိုင်ပါဘူး။ သင့်ရဲ့ မှတ်စုတွေ၊ အရောင်ခြယ်ထားတာတွေ၊ နှစ်သက်ရာတွေ၊ မှတ်သားထားရာတွေကို တခြားစက်တွေကနေ ယှဉ်တွဲမကြည့်နိုင်ပါဘူး။

 

ပြဿနာ။ JW Library နောက်ဆုံးဗားရှင်းကို အပ်ဒိတ်လုပ်တဲ့အခါ မှတ်စုနဲ့ အရောင်ခြယ်ထားတာတွေ ပျောက်သွားနိုင်တယ်ဆိုတဲ့ စာတန်း ပေါ်လာပါမယ်။ မှတ်စုမှတ်ရာ၊ အရောင်ခြယ်တာ၊ အကြိုက်ဆုံး ရွေးထားတာ၊ မှတ်ထားတာတွေ ပျောက်ကုန်တယ်။

ဖြေရှင်းနည်း။ နောက်ဆုံးထုတ် ဗားရှင်းက ပြဿနာကို ဖြေရှင်းပေးနိုင်တယ်။ အပ်ဒိတ်ကို Install လုပ်လိုက်ပါ။ ပေါ်လာတဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်လုပ်ရင် မှတ်စု၊ အရောင်ခြယ်ထားတာတွေ ပြန်ပေါ်လာမယ်။

 

အော်ဒီယိုဖိုင်၊ ဗီဒီယိုဖိုင်တွေကို ကူးယူလို့ မရ ဖြစ်နေရင် ဝင်းဒိုးမှာ ဗီဒီယိုနဲ့ တေးသံ libraries ကို မှန်မှန်ကန်ကန် ချိန်ညှိထားကြောင်း၊ JW Library မှာ ရွေးချယ်ထားကြောင်း သေချာစေဖို့ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ။

  1. ၁။ Windows ရဲ့ File Explorer ကို ဖွင့်ပါ။ View ကို နှိပ်ပါ။ ပြီးတဲ့နောက် Navigation pane မီနူးကို နှိပ်ပြီး Show libraries ကို ရွေးပါ။

  2. ၂။ ဘယ်ဘက်အကွက်မှာ Libraries ကို နေရာချ၊ အကျယ်ချဲ့ပါ။

  3. ၃။ Music ဖိုင်၊ Videos ဖိုင် တွေ့ရမယ်။ ဒီဖိုင်တွေ မရှိရင် Libraries ကို right-click နှိပ်ပါ၊ Restore default libraries ကို နှိပ်ပါ။

  4. ၄။ Videos ဖိုင်ကို Right-click နှိပ်ပါ။ Properties ကို နှိပ်ပါ။ Library locations အောက်က ဖိုင်တွေကို ကြည့်ပါ။ နောက်ပိုင်းမှာ JW Library ဆက်တင်တွေမှာ ဒီနေရာကို အတည်ပြုသတ်မှတ်ပါမယ်။ ပြီးရင် Restore Defaults ကို နှိပ်ပါ။

  5. ၅။ Music ဖိုင်ကို Right-click နှိပ်ပါ။ Properties ကို နှိပ်ပါ။ Library locations အောက်က ဖိုင်တွေကို ကြည့်ပါ။ နောက်ပိုင်းမှာ JW Library ဆက်တင်တွေမှာ ဒီနေရာကို အတည်ပြုသတ်မှတ်ပါမယ်။ ပြီးရင် Restore Defaults ကို နှိပ်ပါ။

JW Library မှာ ဗီဒီယိုနဲ့ တေးသံ libraries ကို ရွေးချယ်ထားကြောင်း သေချာစေဖို့ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ။

  1. ၁။ JW Library ကို ဖွင့်ပါ။ Settings ကို နှိပ်ပါ။

  2. ၂။ Settings မှာ Download audio programs to ကို Music library location မှာ ထားပြီး Download videos to ကို Videos library location မှာ ချိန်ထားပါ။ File Explorer မှာ မှတ်ထားခဲ့တဲ့အတိုင်း ဖြစ်တယ်။

ဗီဒီယိုဖိုင်တွေကို ကူးယူလို့ မရ ဖြစ်နေသေးရင် Music နဲ့ Videos ဖိုင်မှာ ဖိုင်တွေကို သိမ်းခွင့် ရှိမရှိ သိဖို့ ဖိုင်အသစ် ဖွင့်ကြည့်ပါ။ ပိုသိချင်ရင် Microsoft support section မှာ ကြည့်ပါ။ ဒါမှမဟုတ် Windows အကြောင်း နားလည်တဲ့ မိတ်ဆွေတစ်ယောက်ကို မေးကြည့်ပါ။

 

JW Library နဲ့ အကျွမ်းတဝင်ရှိတဲ့ မိတ်ဆွေတစ်ယောက် သင့်ကို ကူညီပေးနိုင်ပါတယ်။ မဟုတ်ရင် ကျွန်တော်တို့ရဲ့ အနီးဆုံး ဌာနခွဲရုံးကို ဆက်သွယ်ပါ