မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

JW LIBRARY

စာသားတွေကို အရောင်ခြယ်မှတ်သားနိုင်ပုံ—iOS

စာသားတွေကို အရောင်ခြယ်မှတ်သားနိုင်ပုံ—iOS

JW Library ကနေ စာပေတွေကို ဖတ်ရှု၊ လေ့လာနေရင်း စကားလုံးတွေ၊ စကားစုတွေကို အရောင်နဲ့ အမှတ်အသား လုပ်နိုင်ပါတယ်။

အောက်ပါ လမ်းညွှန်ချက်တွေအတိုင်း လုပ်ဆောင်ပါ–

 အရောင်နဲ့ အမှတ်အသားအသစ် လုပ်ပါ

စာသားတွေကို အရောင်နဲ့ အမှတ်အသားလုပ်နိုင်တဲ့ နည်းနှစ်နည်းရှိပါတယ်။

စကားလုံးပေါ်မှာ ဖိထားပြီး select လုပ်ပါ။ ဘယ်အထိ select လုပ်ချင်သလဲအပေါ်မူတည်ပြီး အတိုးအလျှော့ လုပ်နိုင်ပါတယ်။ menu အကွက် ပေါ်လာတဲ့အခါ အရောင် ခလုတ်ကို နှိပ်ပါ။ အရောင်တစ်ရောင် ရွေးချယ်ပြီး စာသားကို အရောင်ခြယ်ပါ။

စကားလုံး ဒါမှမဟုတ် စကားစုကို အရောင်နဲ့ အမှတ်အသားလုပ်ဖို့ စာသားပေါ် တစ်ချက်တို့ပြီး ကိုယ်အရောင်တင်ချင်တဲ့ စကားလုံးအဆုံးအထိ ဖိဆွဲသွားပါ။ သင်ဖိဆွဲသွားတဲ့ စာသားတွေမှာ အရောင်ပေါ်နေပါလိမ့်မယ်။ ပြီးသွားတဲ့အခါ menu အကွက် ခဏပေါ်နေပါလိမ့်မယ်။ Menu ကိုသုံးပြီး အရောင်ပြောင်းနိုင်တယ်၊ ဖျက်ပစ်နိုင်တယ်။

 အရောင်ပြောင်းပါ

စာသားမှာ အမှတ်အသားလုပ်ထားတဲ့ အရောင်ကို ပြောင်းချင်တယ်ဆိုရင် အရောင်ခြယ်ထားတဲ့ စာသားကို တစ်ချက်နှိပ်ပြီး တခြားအရောင် ပြောင်းနိုင်ပါတယ်။ အရောင်ဖျက်ချင်တယ်ဆိုရင် အရောင်ခြယ်ထားတဲ့ စာသားကို တစ်ချက်နှိပ်ပြီး ဖျက်ပါ ခလုတ်ကို နှိပ်ပါ။

အဲဒီအသွင်အပြင်တွေပါတဲ့ JW Library 1.6 ကို ၂၀၁၅၊ နိုဝင်ဘာလမှာ တင်ထားပြီးဖြစ်ပါတယ်။ iOS 7.0 နဲ့ အဲဒီနောက်ပိုင်း အသစ်ထုတ်တဲ့ ဖုန်း၊ တက်ဘလက်တွေမှာ အသုံးပြုနိုင်ပါတယ်။ အဲဒီအသွင်အပြင်တွေကို မရဘူးဆိုရင် “JW Library ကို စတင်အသုံးပြုခြင်း—iOS” ဆောင်းပါးထဲက “နောက်ဆုံးထုတ် အသွင်အပြင်များ ရယူပါ” ခေါင်းစဉ်ငယ်အောက်မှာပါတဲ့ ညွှန်ကြားချက်တွေအတိုင်း လုပ်ဆောင်ပါ။