မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဂျော်ဂျီယာ

ကျွန်မဘဝ အောင်မြင်တယ်လို့ ခံစားခဲ့ရတယ်

မာဒိုနာ ကန်ကီယာ

ကျွန်မဘဝ အောင်မြင်တယ်လို့ ခံစားခဲ့ရတယ်
  • မွေးဖွား​တဲ့​နှစ် ၁၉​၆​၂

  • နှစ်ခြင်းခံ​တဲ့​နှစ် ၁၉​၉၀

  • ကိုယ်ရေးမှတ်တမ်း​အကျဉ်း ဂျော်ဂျီယာ​နိုင်ငံ​က ကွန်မြူနစ်​ပါတီဝင်​ဟောင်း​တစ်ဦး​ဖြစ်​ပြီး လူအတော်များများ​ကို အမှန်တရား သိလာ​အောင် ကူညီပေး​ခဲ့တယ်။ ၂၀​၁၅ ခုနှစ်၊ တဘီလီ​ဆီ​မြို့မှာ ကျင်းပတဲ့ ပထမဆုံး သတင်းကောင်း​ဟောပြောသူများ​သင်တန်း​ကို တက်ရောက်​ခဲ့​သူ ဖြစ်တယ်။

၁၉​၈၉ ခုနှစ်​တုန်းက ကျမ်းစာအမှန်တရား ကြား​တော့ ကျွန်မ​ရဲ့ ဇာတိမြို့ ဆေနာကီ​မှာ ထင်ရှား​တဲ့ ကွန်မြူနစ်​ပါတီဝင် ဖြစ်ခဲ့​သူ တစ်ယောက်​ပါ။ ဒီနေ့ခေတ် ပါလီမန်​လွှတ်တော်​နဲ့ တန်းတူ​ဖြစ်တဲ့ ဂျော်ဂျီယာ ဆိုဗီယက်​တရားရုံးချုပ်​မှာ ပုံမှန်​ရုံး​ထိုင်​တယ်။ လူငယ်​တစ်ယောက်နဲ့​လည်း စေ့စပ်​ထားတာ​မို့ အောင်မြင်နေ​ပြီ​လို့ ယူဆ​ခဲ့တယ်။

ဘုရားကို ချစ်တတ်​အောင် အဖေ​နဲ့ အမေက သင်ပေးတယ်။ ဒါကြောင့် ကွန်မြူနစ်​တစ်ယောက် ဖြစ်ပေမဲ့ ဘုရားကို ယုံ​တယ်။ ကျမ်းစာ စလေ့လာ​တော့ ကျွန်မ​ရဲ့ မေးခွန်း​အားလုံး​အတွက် ကျေနပ်​တဲ့​အဖြေ​တွေ ရတယ်။ ဒါကြောင့် ယေဟောဝါ​ဆီ ကျွန်မ​ရဲ့​အသက်တာ​ကို ဆပ်ကပ်​အပ်နှံ​ဖို့ ဆုံးဖြတ်​လိုက်တယ်။ ဒါပေမဲ့ ကျွန်မ​ရဲ့ မိသားစု၊ မိတ်ဆွေ၊ အလုပ်ဖော်​တွေ၊ ကျွန်မ​ရဲ့​ခင်ပွန်းလောင်း​က သဘောမတူ​ကြဘူး။

ကျွန်မ​ရဲ့ ယုံကြည်ခြင်း​အသစ်​ကြောင့် ဆွေမျိုး​တွေ​က ကျွန်မကို ပစ်ပယ်​ကြ​တယ်။ အဲဒီ​ယုံကြည်ခြင်း​က နိုင်ငံရေး​အလုပ်​နဲ့လည်း မအပ်စပ်​ဘူး။ တခြား​နည်းလမ်း​လည်း မရှိတော့ အိမ်​က​နေ ထွက်​ဖို့၊ စေ့စပ်​ထားတာကို ဖျက်​ဖို့၊ ကွန်မြူနစ်​ပါတီ​နဲ့ ဆိုဗီယက်​တရားရုံးချုပ်​က​နေ အလုပ်​ထွက်​ဖို့ ဆုံးဖြတ်​လိုက်တယ်။ နှစ်ခြင်းခံ​ပြီးနောက် မိတ်ဆွေတွေ​နဲ့ မိသားစု​ရဲ့ ဖိအား​ကို ပို​ခံ​ခဲ့ရတယ်။ ကျွန်မက မြို့မှာ လူသိများ​လို့ ကူ​တိုင်​ဆီ​မြို့​ကို ပြောင်းရွှေ့​ပြီး ချက်ချင်း ရှေ့ဆောင်​စ​လုပ်တယ်။

အခက်အခဲတွေကို ရင်ဆိုင်​ရ​လောက်တဲ့​အထိ ကျွန်မ​ရဲ့ ယုံကြည်ခြင်း​က အဖိုးတန်​လို့​လား​လို့ လူတွေ မေး​တဲ့အခါ ကျွန်မ​ချ​ခဲ့တဲ့ ဆုံးဖြတ်ချက်​အတွက် သိပ်ပျော်​တယ်လို့ ချက်ချင်း ပြန်ဖြေ​တယ်။ ကျွန်မ​ရဲ့ ရွေးချယ်မှု​ကို မိဘတွေ နားမလည်​နိုင်​ပေ​မဲ့ ဘုရားနဲ့ အိမ်နီးချင်း​တွေကို ချစ်​ဖို့ ကျွန်မကို သင်ပေး​ခဲ့လို့ သိပ်ကျေးဇူးတင်တယ်။ အဲဒါက ကျွန်မ​ဘဝအတွက် အများကြီး အထောက်အကူ ဖြစ်ခဲ့တယ်။