မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကာဂျစ္စတန်

ပြီးခဲ့တဲ့နှစ်ရဲ့ ပေါ်လွင်ချက်များ

ဌာနခွဲ အပ်နှံပွဲများ

ဌာနခွဲ အပ်နှံပွဲများ

ဒေသခံ​နဲ့ တိုင်းတစ်ပါး ဆောက်လုပ်ရေး စေတနာ့ဝန်ထမ်း​တွေဟာ ကာဂျ​စ္စ​တန်​နိုင်ငံရဲ့ ဘစ်​က​က်​မြို့တော် ဌာနခွဲရုံး အဆင့်မြှင့်​တင်​ရေး​နဲ့ တိုးချဲ့ရေး​မှာ တစ်နှစ်​ခွဲ​ပတ်လုံး မမော​နိုင်​မ​ပန်း​နိုင် လုပ်ဆောင်​ခဲ့ကြတယ်။ စီမံကိန်း​ပြီးနောက် တစ်လ​အကြာ ၂၀​၁၅၊ အောက်တိုဘာ ၂၄ ရက်မှာ အပ်နှံပွဲ ကျင်းပ​ခဲ့တယ်။ နိုင်ငံတော်ခန်းမ ၁၈ ခုနဲ့ တခြားနေရာ ၅ ခုမှာ ပရိသတ် ၃,၀၀၀ ကျော်က အစီအစဉ်​ကို ချိတ်ဆက်​နားဆင်​ခွင့်​ရလို့ ဝမ်းသာခဲ့ကြတယ်။ အုပ်ချုပ်ရေး​အဖွဲ့ဝင် ညီအစ်ကို စတီဗင်​လတ်​က “ပြည့်ဝ​စုံလင်​တဲ့​နှလုံး​နဲ့ ယေဟောဝါကို ဝတ်ပြု​ပါ” ဆိုတဲ့ အားရှိစရာ အပ်နှံပွဲ​ဟောပြောချက် ပေးခဲ့တယ်။ နောက်​တစ်နေ့​မှာ နိုင်ငံမှာ​ရှိတဲ့ ကြေညာ​သူ​အများစု​အတွက် ယုံကြည်ခြင်း​ခိုင်ခံ့​စေတဲ့ အစီအစဉ်​တစ်ခု တင်ဆက်​ခဲ့တယ်။

ကာဂျစ္စတန် ဌာနခွဲ

၂၀​၁၆၊ မေ ၁၄ ရက်၊ စနေနေ့​မှာ ပရိသတ် ၆,၄၃၅ ယော​က်​ဟာ ၁၈ ထပ်​ရှိတဲ့ လူ​နေ​အဆောက်အအုံ​ရဲ့ အထပ်​ခြောက်ထပ်​က အာမေးနီးယား ဌာန​ခွဲ အပ်နှံပွဲ​ကို တက်ရောက်​ခဲ့ကြတယ်။ အစည်းအဝေး​ပွဲ​ခန်းမ​တစ်ခု၊ သတင်းကောင်း​ဟောပြောသူများ​အတွက် သင်တန်း​နေရာတွေ​ကိုလည်း အပ်နှံ​ခဲ့တယ်။ အစီအစဉ်​အတွင်း ဟောပြောချက်တွေ​က အာမေးနီးယား​နိုင်ငံမှာ ယေဟော​ဝါ့​ကျေးကျွန်​တွေရဲ့ သေးငယ်တဲ့ အစပြု​မှုတွေ​အကြောင်း ဖော်ပြ​ကြ​တယ်။ ၂၀ ရာစု အစောပိုင်း၊ အမေရိကန်​ပြည်ထောင်စု​ကို ပြောင်းရွှေ့​လာတဲ့ အာမေး​နီးယား​လူမျိုး​တွေကနေ လုပ်ငန်း​အစပြု​ခဲ့​ပြီး အာမေးနီးယား​နိုင်ငံမှာ​တော့ ဆိုဗီယက်​ပြည်ထောင်စု​လက်အောက်မှာ ရှိနေ​ဆဲ​အချိန် ၁၉၇၀ ပြည့်​လွန်နှစ်​တွေ အလယ်ပိုင်း​လောက်​က​နေ အစပြု​ခဲ့တယ်။ မကြာသေး​ခင်မှာ အဖွဲ့အစည်း​က တရားဝင်​မှတ်ပုံတင်ခွင့် ရရှိ​ခဲ့​ပြီး ဌာနခွဲရုံး ဖွဲ့စည်း​ခဲ့တယ်။ အပ်နှံပွဲ တက်ရောက်​လာ​သူများ​စွာ​ဟာ ဒီလောက် စိတ်လှုပ်ရှားစရာ ပြီးမြောက်မှု​တွေကို မြင်ရ​လိမ့်မယ်​လို့ တစ်ခါ​မှ မတွေး​မိ​ကြဘူး။ အုပ်ချုပ်ရေး​အဖွဲ့ဝင် ညီအစ်ကို ဒေးဗစ်​စပလိန်း​နဲ့အတူ တက်ရောက်သူ​အားလုံး​က လှပတဲ့ ဒီ​အဆောက်အအုံ​တွေကို ယေဟောဝါ​ဆီ အပ်နှံ​ဖို့ စိတ်နှလုံးအကြွင်းမဲ့ သဘောတူ​ချိန်​ဟာ အစီအစဉ်​ရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး​အချိန်​ပါပဲ။

အာမေးနီးယား

အပေါ်– အာမေးနီးယား ဌာနခွဲ အပ်နှံပွဲ အစီအစဉ်

အလယ်– အထူးအစီအစဉ်ကို ညီအစ်ကို/မတွေ တက်ရောက်နေစဉ်

အောက်– ညနေခင်းမှာ တင်ဆက်တဲ့ အာမေးနီးယား ရိုးရာအက