မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ပါ

ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ပါ

ကူးယူပါ–

  1. ၁။ မေ့မရနိုင်ပါ ဒီနာကြည်းချက်တွေ

    ရင်ဘတ်မှာ စိုက်နေ နုတ်ပစ်လို့ မရ

    မေ့ပစ်နိုင်ရင်တော့ ကောင်းဆုံးပေါ့

    သူ့ဘက်က အမှား၊ ဒါ သူစခဲ့တာ

    ပြန်တွေးလေ စိတ်တွေ ဘယ်လိုမှ ထိန်းမရ

    ခွင့်လွှတ်ချင်တဲ့စိတ်လည်း ပျောက်ပျက်သွား

    (အကြိုထပ်ကျော့ပိုဒ်)

    ခုချိန်ဟာ ဆုတောင်းရမယ့်အချိန်ပဲ

    ခံစားခဲ့ရတဲ့ ဒဏ်ချက် ယေဟောဝါ သိ

    ခံနိုင်ရည် ခွန်အားပေးနေလို့

    (ထပ်ကျော့ပိုဒ်)

    ခွင့်လွှတ်နိုင်ဖို့လေ

    ကြည်ဖြူစွာ မေ့နိုင်အောင်လို့လေ

    “ကိုယ့်ရဲ့ အစွမ်းနဲ့တော့ မတတ်နိုင်

    ကိုယ်တော် ကူညီပါတော့”

    ခွင့်လွှတ်ပြီး မေ့နိုင်တဲ့

    ကိုယ်တော်ရှင်အတိုင်း တကယ်တုပချင်

    “ကိုယ့်ရဲ့ အစွမ်းနဲ့တော့ မတတ်နိုင်

    ကိုယ်တော် ကူညီပါတော့”

    ကူညီပါတော့

  2. ၂။ ခွင့်လွှတ်နိုင်ဖို့ တကယ် ကြိုးစားလည်း

    တိတ်ပုံရိပ် ပြန်ပြီး တွေးတွေးမိ

    မေ့ပစ်ကာလေ ပြည်ဖုံးကားချထား

    ဖြစ်ခဲ့တာတွေ ပြန်မစဉ်းစားနဲ့

    ပြန်အစမဖော်နဲ့၊ ပြန်ကာ မြေမလှန်နဲ့

    စိတ်ပေါ့စွာ ပြန်ရှေ့ဆက်မယ်လေ

    (အကြိုထပ်ကျော့ပိုဒ်)

    ခုချိန်ဟာ ဆုတောင်းရမယ့်အချိန်ပဲ

    ခံစားခဲ့ရတဲ့ ဒဏ်ချက် ယေဟောဝါ သိ

    ခံနိုင်ရည် ခွန်အားပေးနေလို့

    (ထပ်ကျော့ပိုဒ်)

    ခွင့်လွှတ်နိုင်ဖို့လေ

    ကြည်ဖြူစွာ မေ့နိုင်အောင်လို့လေ

    “ကိုယ့်ရဲ့ အစွမ်းနဲ့တော့ မတတ်နိုင်

    ကိုယ်တော် ကူညီပါတော့”

    ခွင့်လွှတ်ပြီး မေ့နိုင်တဲ့

    ကိုယ်တော်ရှင်အတိုင်း တကယ်တုပချင်

    “ကိုယ့်ရဲ့ အစွမ်းနဲ့တော့ မတတ်နိုင်

    ကိုယ်တော် ကူညီပါတော့”

    ကူညီပါတော့

    ကူညီပါတော့

    ကူညီပါတော့

    ခွင့်လွှတ်ဖို့လေ။