မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဖုန်း ချလိုက်ပါ

ဖုန်း ချလိုက်ပါ

ကူးယူပါ–

  1. ၁။ ဟေး ဖုန်းပဲ ကြည့်နေလား

    မက်ဆေ့ချ် ပို့နေလား

    ဖေ့စ်ဘွတ်ထဲက မိတ်ဆွေသူငယ်ချင်းနဲ့

    ဒါသိထား သူများရဲ့ပေ့ချ်ပေါ်မှာ

    like လုပ်ရင်း အချိန်ဖြုန်း

    ဆုံးရှုံးသွားပြီ အဖိုးတန် အချိန်များစွာ။ အို အို​—

    လေလှိုင်းထဲ မိတ်ဖွဲ့ ချိတ်ဆက်ပြောလို့ သရုပ်မှန် မသိရှိနိုင်

    မိတ်စစ်များစွာ တွေ့ဖို့ ဖွေရှာပါလေ။

    (ထပ်ကျော့ပိုဒ်)

    ကြည့်လိုက်ပါ

    မင်းဘေးမှာ

    မိတ်စစ်များ

    မိသားစုများကို ပေးလိုက်ပေါ့ အချိန်လေး

    ဖုန်းလေးကို

    ချလိုက်ပါ

    တွေ့ရမှာ

    ဝန်းကျင်မှာ လှပတဲ့အပြုံးများ ပြည့်လို့နေ။

  2. ၂။ ဟေး ဖုန်းပဲ ကြည့်နေရင်း

    အားလုံး မေ့နေပြီ

    ဖုန်းနဲ့ မျက်နှာ လုံးဝ မခွာတမ်းပဲ

    သေချာတယ် ဘုရားနေ့ နီးချိန်မှာ

    ဖေးမပေးနိုင်တာ

    ဘုရားသိပ်ချစ်တဲ့ မိတ်ဆွေသူငယ်ချင်းပဲ။ အို အို—

    လေလှိုင်းထဲ မိတ်ဖွဲ့ ချိတ်ဆက်ပြောလို့ သရုပ်မှန် မသိရှိနိုင်

    မိတ်စစ်များစွာ တွေ့ဖို့ ဖွေရှာပါလေ။

    (ထပ်ကျော့ပိုဒ်)

    ကြည့်လိုက်ပါ

    မင်းဘေးမှာ

    မိတ်စစ်များ

    မိသားစုများကို ပေးလိုက်ပေါ့ အချိန်လေး

    ဖုန်းလေးကို

    ချလိုက်ပါ

    တွေ့ရမှာ

    ဝန်းကျင်မှာ။

    (အကြို-ထပ်ကျော့ပိုဒ်)

    လှပတဲ့အပြုံးများ ပြည့်လို့နေ။

    (ဆက်ဆိုရန်)

    အွန်လိုင်းပေါ်က မြင်ရသမျှ

    မျက်စိမှိတ်ပြီး ဇွတ်ယုံရင် တကယ် မှားသွားမယ်

    လေလှိုင်းပေါ်က ပြန်ခဲ့လိုက်ပေါ့

    အွန်လိုင်းကို ပိတ်ကာထားပါတော့၊ ချက်ချင်း ဒီအကျင့်ဆိုး ဖြတ်ပစ်လိုက်။

  3. ၃။ ဖုန်း ချထားလိုက်ပါကွာ

    အနားက မိတ်ဆွေနဲ့

    ဘဝရဲ့ အဓိပ္ပာယ် မင်းမြင်အောင် ကြည့်လိုက်

    ကြည့်၊ ရိုင်းပင်းချစ်ခင်တဲ့

    မင်းရဲ့ သူငယ်ချင်းများ

    အနီးဆုံးရှိနေမှာ အရင်သာ မိတ်ဖွဲ့လိုက်ပါ

    သိထားလိုက်ပေါ့ မင်းလက်ထဲက ဖုန်းဟာ ဘာမှ မဟုတ်ပါ

    မိတ်စစ်များစွာ တွေ့ဖို့ ဖွေရှာပါလေ။

    (ထပ်ကျော့ပိုဒ်)

    ကြည့်လိုက်ပါ

    မင်းဘေးမှာ

    မိတ်စစ်များ

    မိသားစုများကို ပေးလိုက်ပေါ့ အချိန်လေး

    ဖုန်းလေးကို

    ချလိုက်ပါ

    တွေ့ရမှာ

    ဝန်းကျင်မှာ လှပတဲ့အပြုံးများ ပြည့်လို့ပဲ

    မင်းဘေးမှာ

    မိတ်စစ်များ

    မိသားစုများကို ပေးလိုက်ပေါ့ အချိန်လေး

    ဖုန်းလေးကို

    ချလိုက်ပါ

    တွေ့ရမှာ

    ဝန်းကျင်မှာ လှပတဲ့အပြုံးများ ပြည့်လို့ပဲ။