မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ ကမ်းလင့်ကြိုနေ

ယေဟောဝါ ကမ်းလင့်ကြိုနေ

ကူးယူပါ–

  1. ၁။ အချိန်တွေလည်း သိပ်မကြာသေးဘူးလေ

    ငါနဲ့ ရင်းနှီးလာခဲ့တာ

    ရင်မှာ စွဲခဲ့လည်း

    ဘယ်ဆီ ပျောက်နေလဲ

    တစ်ယောက်တည်း ကြိတ်ခံစားရင်းလေ

    အရင်က မှတ်ရစရာများကြောင့်

    ပြန်ကာ လှမ်းခဲ့ဖို့ ရင်မှာ တွေးနေမိ။

    (ထပ်ကျော့ပိုဒ်)

    လှမ်းခဲ့ပေါ့ သူငယ်ချင်း

    ဘဝသစ်ကို စတော့

    ငါ့အရိပ်မှာ ခိုနား

    တည်ငြိမ် ပျော်ရွှင်မှုများ

    ငါသာ ပေးစွမ်းတာ။

  2. ၂။ ရင်ခွင်ဟောင်းလေးဆီ လှမ်းခဲ့ပါ

    ပြန်ခဲ့ဖို့ အသင့်ပြင်လိုက်ပါ

    ကြေကာနွမ်းစိတ်ဟာ နေခြည်ဆမ်းလို့ လန်း

    ငါလက်ကမ်းလို့ ကြိုမြဲပေါ့ကွာ

    ဒီအရိပ်အောက် နားခိုလှည့်ပါ

    ပျော်ရွှင်ချမ်းမြေ့စေ

    ရွှေရောင်ဘဝသစ်ထဲ။

    (ထပ်ကျော့ပိုဒ်)

    လှမ်းခဲ့ပေါ့ သူငယ်ချင်း

    ဘဝသစ်ကို စတော့

    ငါ့အရိပ်မှာ ခိုနား

    တည်ငြိမ် ပျော်ရွှင်မှုများ

    ငါသာ ပေးစွမ်းတာ

    ပြန်ခဲ့လိုက်။