မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပြန်ခင်ကြစို့

ပြန်ခင်ကြစို့

ကူးယူပါ–

  1. ၁။ သိပ်ကြာသွားပြီ တို့နှစ်ယောက်ကြားမှာ

    အဖုအထစ်လေးတွေ အရင်အတိုင်းပဲ

    စိတ်နာကြည်းစရာ တွေးနေဆဲပါ

    တေးမှတ်ထားတာ ဒါ အမှားပဲ

    သိပ်မှားတယ်ကွာ

    (ထပ်ကျော့ပိုဒ်)

    ပြေလည်အောင် ငါ ကြိုးစားရမယ်

    ပြေလည်ဖို့ ကြိုးစားဖြေရှင်းမယ်

    အရာရာ ချေဖျက် ခွင့်လွှတ်မယ်

    ပြေလည်ကြစို့၊ ပြန်ခင်ကြစို့

  2. ၂။ ဘယ်လောက်နာကြည်းပါစေဘယ်လောက်ခက်ခဲပါစေ

    ခွင့်လွှတ်ပေးမယ် ကျေပါတော့လို့

    နှိုင်းယှဉ်မရပါ ခရစ်တော် သွေးပါ

    ဘုရားရှင် မေတ္တာ တကယ်အနှိုင်းမဲ့

    အနှိုင်းမဲ့ပါကွာ

    (ထပ်ကျော့ပိုဒ်)

    ပြေလည်အောင် ငါ ကြိုးစားရမယ်

    ပြေလည်ဖို့ ကြိုးစားဖြေရှင်းမယ်

    အရာရာ ချေဖျက် ခွင့်လွှတ်မယ်

    ပြေလည်ကြစို့၊ ပြန်ခင်ကြစို့

    (ဆက်ဆိုရန်)

    ခွင့်လွှတ်ပါတော့ကွာ

    သွားတောင်းပန်မယ်၊ ခုပဲ သွားမယ်

    ခွင့်လွှတ်ကာ ကျေအေးစို့

    အားလုံး ပြေလည် သင့်မြတ်သွားမယ်

  3. ၃။ တို့နှစ်ယောက်လုံးကို ဘုရားရှင် ချစ်တယ်

    တို့ပြန်တည့်တာ မြင်ချင်ဆုံးပဲ

    စိတ်ပေါ့ပါးကာ လန်းရွှင်သွားမယ်

    ခွင့်လွှတ်ပြီး ဒဏ်ရာတွေ မေ့စို့

    မေ့ပစ်ပါစို့

    (ထပ်ကျော့ပိုဒ်)

    ပြေလည်အောင် ငါ ကြိုးစားရမယ်

    ပြေလည်ဖို့ ကြိုးစားဖြေရှင်းမယ်

    အရာရာ ချေဖျက် ခွင့်လွှတ်မယ်

    ပြေလည်ကြစို့၊ ပြန်ခင်ကြစို့

    ပြေလည်ကြစို့၊ ပြန်ခင်ကြစို့

    ခွင့်လွှတ်ပါတော့ကွာ။